[Zawgyi]

iPhone X ရွိေနတာဟာ အိပ္ေဆာင္ ဓါတ္ပံု စတူဒီယို တစ္ခုရွိေနသလိုပါပဲတဲ့

အေတြးအေခၚဆန္းဆန္းေလးေတြနဲ႔ တင္ဆက္ေလ့ရွိတဲ့ Apple ရဲ႕ေၾကာ္ျငာေတြကို အားလံုးႀကိဳက္ႏွစ္သက္ၾကမယ္လို႔ထင္ပါတယ္။ အခုလည္း iPhone X နဲ႔ပတ္သက္ၿပီး ကင္မရာ Feature ဦးစားေပးေၾကာ္ျငာထားတဲ့ Video တစ္ပုဒ္ထြက္လာျပန္ပါၿပီ။ ဒီ Video ထဲမွာဆိုရင္ Apple ရဲ႕ ဆယ္ႏွစ္ေျမာက္ အမွတ္တရအေနနဲ႔ထုတ္ခဲ့တဲ့ iPhone X ကို ဘယ္ေနရာကိုသြားသြား ေဆာင္ထားမယ္ဆိုရင္ သင္ဟာ အိပ္ေဆာင္ ဓါတ္ပံုစတူဒီယိုတစ္ခု ရွိေနသလိုုပါပဲဆိုတဲ့ အျမင္ကိုဦးစားေပးေဖာ္ျပထားပါတယ္။

Stage light Mode

Stage light Mode

iPhone X မွာပါဝင္တဲ့ Portrait Lighting Selfie Mode မွာ Natural light၊ Studio Light၊ Contour light၊ Stage light (ေနာက္ခံအမဲ) အစရွိတဲ့ မတူညီတဲ့ ေနာက္ခံ Background ေတြကိုေျပာင္းလဲကာ Classic Selfie ဓါတ္ပံုေတြကိုရိုက္ကူးေပးႏိုင္ပါတယ္။ ဒီလိုပံုမ်ိဳးေတြရဖို႔အတြက္ဆိုရင္ သာမန္ဖုန္းတစ္လံုးအေနနဲ႔ လံုးဝစြမ္းေဆာင္ႏိုင္မွာမဟုတ္သလို Professional Camera ေတြနဲ႔ရိုက္မယ္ဆိုရင္ေတာင္ ဓါတ္ပံု စတူဒီယိုမွာ ဆက္တင္ အျပင္အဆင္ေတြနဲ႔ ေသခ်ာရိုက္ယူမွရတာမ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ iPhone X နဲ႔ iPhone 8 Plus မွာကေတာ့ သီးသန္႔ Feature တစ္ခုအေနနဲ႔ထည့္သြင္းေပးထားတာပါ။ အကယ္၍မ်ား သင္ဟာ iPhone X ဒါမွမဟုတ္ iPhone 8 Plus ကိုအသံုးျပဳေနသူတစ္ဦးဆိုရင္ သူမ်ားနဲ႔မတူတဲ့ Selfie ပံုဆန္းဆန္းလန္းလန္းေလးေတြရိုက္ယူႏိုင္ပါတယ္။ ဘယ္လိုပံုမ်ိဳးလဲ၊ ဘယ္လိုရိုက္ယူရမလဲဆိုတာကေတာ့ ေအာက္မွာေဖာ္ျပထားတဲ့ ေၾကာ္ျငာ Video ေလးထဲမွာၾကည့္ရႈႏိုင္ပါတယ္။

Ref:Phonearena

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

iPhone X ရှိနေတာဟာ အိပ်ဆောင် ဓါတ်ပုံ စတူဒီယို တစ်ခုရှိနေသလိုပါပဲတဲ့

အတွေးအခေါ်ဆန်းဆန်းလေးတွေနဲ့ တင်ဆက်လေ့ရှိတဲ့ Apple ရဲ့ကြော်ငြာတွေကို အားလုံးကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။ အခုလည်း iPhone X နဲ့ပတ်သက်ပြီး ကင်မရာ Feature ဦးစားပေးကြော်ငြာထားတဲ့ Video တစ်ပုဒ်ထွက်လာပြန်ပါပြီ။ ဒီ Video ထဲမှာဆိုရင် Apple ရဲ့ ဆယ်နှစ်မြောက် အမှတ်တရအနေနဲ့ထုတ်ခဲ့တဲ့ iPhone X ကို ဘယ်နေရာကိုသွားသွား ဆောင်ထားမယ်ဆိုရင် သင်ဟာ အိပ်ဆောင် ဓါတ်ပုံစတူဒီယိုတစ်ခု ရှိနေသလိုုပါပဲဆိုတဲ့ အမြင်ကိုဦးစားပေးဖော်ပြထားပါတယ်။

Stage light Mode

Stage light Mode

iPhone X မှာပါဝင်တဲ့ Portrait Lighting Selfie Mode မှာ Natural light၊ Studio Light၊ Contour light၊ Stage light (နောက်ခံအမဲ) အစရှိတဲ့ မတူညီတဲ့ နောက်ခံ Background တွေကိုပြောင်းလဲကာ Classic Selfie ဓါတ်ပုံတွေကိုရိုက်ကူးပေးနိုင်ပါတယ်။ ဒီလိုပုံမျိုးတွေရဖို့အတွက်ဆိုရင် သာမန်ဖုန်းတစ်လုံးအနေနဲ့ လုံးဝစွမ်းဆောင်နိုင်မှာမဟုတ်သလို Professional Camera တွေနဲ့ရိုက်မယ်ဆိုရင်တောင် ဓါတ်ပုံ စတူဒီယိုမှာ ဆက်တင် အပြင်အဆင်တွေနဲ့ သေချာရိုက်ယူမှရတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် iPhone X နဲ့ iPhone 8 Plus မှာကတော့ သီးသန့် Feature တစ်ခုအနေနဲ့ထည့်သွင်းပေးထားတာပါ။ အကယ်၍များ သင်ဟာ iPhone X ဒါမှမဟုတ် iPhone 8 Plus ကိုအသုံးပြုနေသူတစ်ဦးဆိုရင် သူများနဲ့မတူတဲ့ Selfie ပုံဆန်းဆန်းလန်းလန်းလေးတွေရိုက်ယူနိုင်ပါတယ်။ ဘယ်လိုပုံမျိုးလဲ၊ ဘယ်လိုရိုက်ယူရမလဲဆိုတာကတော့ အောက်မှာဖော်ပြထားတဲ့ ကြော်ငြာ Video လေးထဲမှာကြည့်ရှုနိုင်ပါတယ်။

Ref:Phonearena

Phone Hay Ko (Akhayar)

www.akhayar.com