[Zawgyi]

Samsung ထက္ေတာင္ ပိုၿပီး ေရာင္းအားေကာင္းေနတဲ့ iPhone X

အခုခ်ိန္ စမတ္ဖုန္းေစ်းကြက္ကို အႀကီးအက်ယ္ ကိုင္လႈပ္ေနတဲ့ ကစားသမား ႏွစ္ဦးကို ၫႊန္ျပပါဆိုရင္ Samsung နဲ႔ Apple လို႔ပဲ ေျပာရမွာပါ။ တစ္ေခတ္တခါတုန္းက Apple ပဲ သရဖူေဆာင္းေနခဲ့တာဆိုမယ့္လည္း အခုခါမွာေတာ့ Samsung ေက်ာ္တက္သြားခဲ့လို႔ သူတလွည့္ ငါတလွည့္ ျဖစ္ေနပါၿပီ။ ဒီတစ္ခါ ထြက္ေပၚလာတဲ့ တတိယ ၃ လပတ္ (ဇူလိုင္၊ၾသဂုတ္နဲ႔ စက္တင္ဘာ Q3) ရလာဒ္အရဆိုရင္ Apple အသာစီးရေနတဲ့ အေနအထားမွာရွိေနပါၿပီ။

Apple iPhone X

ဘာလို႔လဲဆို iPhone X အသုံးျပဳသူဦးေရ ၄၃ သန္းရွိေနသလို Samsung ေနာက္ဆုံးထြက္ Galaxy S9 သုံးေနသူ ၅ သန္းနဲ႔ နဲ႔ S9 Plus သုံးေနသူ ၇.၄ သန္းပဲ ရွိေနလို႔ပါ။ ဒါေၾကာင့္မလို႔ iPhone X ဟာ Popular အျဖစ္ဆုံး iPhone တလုံးအျဖစ္ရပ္တည္ေနတယ္ဆိုရင္ မမွားပါဘူး။ မေန႔တစ္ေန႔တုန္းက Apple ေၾကညာခ်က္တိုင္းေျပာရမယ္ဆိုရင္လည္း ဇူလိုင္လတစ္လထဲမွာ iPhone အလုံးေရ ၄၃ သန္း ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။ ဒီထဲမွာ iPhone X ေရာင္းရတဲ့ ပမာဏထည့္မတြက္ထားေသးဘဲ ၾသဂုတ္လနဲ႔ စက္တင္ဘာလေတြထဲမွာ ေရာင္းအားဆက္ေကာင္းေနမယ္ဆိုရင္ မၾကာခင္မွာ တစ္ေထာင္ဘီလီယံ (ထရီလီယံ) တန္ေၾကးရွိတဲ့ Apple ကုမၸဏီျဖစ္လာေတာ့မွာပါ။

Galaxy S9 & S9 Plus

အဲ့သလို Apple ရဲ႕ ႏွစ္လိုဖြယ္ ေအာင္ျမင္မႈေတြက Samsung ကို အရႈိက္မိမိထိုးႏွက္လိုက္တဲ့ သေဘာျဖစ္ေနၿပီး အရင္ႏွစ္တုန္းက ထြက္ခဲ့တဲ့ Galaxy S8 ေမာ္ဒယ္ႏွစ္မ်ိဳးက Galaxy S9 ေတြထက္ေတာင္ ပို Popular ျဖစ္ေနၿပီး ၅၆.၃ သန္းအထိ ေရာင္းအားေကာင္းေနတယ္လို႔ သိရပါတယ္။ ဘယ္လိုပဲ စမတ္ဖုန္း ေရာင္းအားက်ေနပါေစ Apple ကို အမီလိုက္ႏိုင္ဖို႔ အင္အား အလုံေလာက္ရွိတယ္လို႔ Samsung ေႂကြးေၾကာ္ထားပုံပါပဲ။ ဘာလဲဆိုေတာ့ လာမယ့္ ၉ ရက္ေန႔က်ရင္ ကင္မရာပိုင္း အဆင့္ျမႇင့္ထားၿပီး ႀကီးမားတဲ့ Battery ပါဝင္မယ္လို႔ သတင္းထြက္ေနတဲ့ Galaxy Note 9 မိတ္ဆက္သြားမယ္ဆိုလို႔ပါ။ ေနာက္ၿပီး တူနဲ႔ထုေတာင္ မကြဲဘူးဆိုတဲ့ OLED Panel မ်ိဳးက Galaxy F လို ေခါက္ခ်ိဳးစမတ္ဖုန္းတြက္ Ready  ျဖစ္ေနသလားလို႔ေတာင္ အထင္မွားသြားေစႏိုင္သလို BOE လို တ႐ုတ္ကုမၸဏီရဲ႕ OLED Display ကိုပဲ အားကိုးသြားရဖြယ္ရွိေနတဲ့ Apple နဲ႔ Huawei ကုမၸဏီတို႔က Samsung နဲ႔ ဘယ္လိုယွဥ္ၿပိဳင္သြားမလဲဆိုတာကေတာ့ အရမ္းၾကည့္လို႔ေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ေနၿပီလို႔ ေျပာလို႔ရၿပီထင္ပါတယ္။

2B (akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Galaxy S9 ၊ S9 Plus တွေထက်တောင် ပိုပြီး ရောင်းအားကောင်းနေတဲ့ iPhone X

အခုချိန် စမတ်ဖုန်းစျေးကွက်ကို အကြီးအကျယ် ကိုင်လှုပ်နေတဲ့ ကစားသမား နှစ်ဦးကို ညွှန်ပြပါဆိုရင် Samsung နဲ့ Apple လို့ပဲ ပြောရမှာပါ။ တစ်ခေတ်တခါတုန်းက Apple ပဲ သရဖူဆောင်းနေခဲ့တာဆိုမယ့်လည်း အခုခါမှာတော့ Samsung ကျော်တက်သွားခဲ့လို့ သူတလှည့် ငါတလှည့် ဖြစ်နေပါပြီ။ ဒီတစ်ခါ ထွက်ပေါ်လာတဲ့ တတိယ ၃ လပတ် (ဇူလိုင်၊သြဂုတ်နဲ့ စက်တင်ဘာ Q3) ရလာဒ်အရဆိုရင် Apple အသာစီးရနေတဲ့ အနေအထားမှာရှိနေပါပြီ။

Apple iPhone X

ဘာလို့လဲဆို iPhone X အသုံးပြုသူဦးရေ ၄၃ သန်းရှိနေသလို Samsung နောက်ဆုံးထွက် Galaxy S9 သုံးနေသူ ၅ သန်းနဲ့ နဲ့ S9 Plus သုံးနေသူ ၇.၄ သန်းပဲ ရှိနေလို့ပါ။ ဒါကြောင့်မလို့ iPhone X ဟာ Popular အဖြစ်ဆုံး iPhone တလုံးအဖြစ်ရပ်တည်နေတယ်ဆိုရင် မမှားပါဘူး။ မနေ့တစ်နေ့တုန်းက Apple ကြေညာချက်တိုင်းပြောရမယ်ဆိုရင်လည်း ဇူလိုင်လတစ်လထဲမှာ iPhone အလုံးရေ ၄၃ သန်း ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒီထဲမှာ iPhone X ရောင်းရတဲ့ ပမာဏထည့်မတွက်ထားသေးဘဲ သြဂုတ်လနဲ့ စက်တင်ဘာလတွေထဲမှာ ရောင်းအားဆက်ကောင်းနေမယ်ဆိုရင် မကြာခင်မှာ တစ်ထောင်ဘီလီယံ (ထရီလီယံ) တန်ကြေးရှိတဲ့ Apple ကုမ္ပဏီဖြစ်လာတော့မှာပါ။

Galaxy S9 & S9 Plus

အဲ့သလို Apple ရဲ့ နှစ်လိုဖွယ် အောင်မြင်မှုတွေက Samsung ကို အရှိုက်မိမိထိုးနှက်လိုက်တဲ့ သဘောဖြစ်နေပြီး အရင်နှစ်တုန်းက ထွက်ခဲ့တဲ့ Galaxy S8 မော်ဒယ်နှစ်မျိုးက Galaxy S9 တွေထက်တောင် ပို Popular ဖြစ်နေပြီး ၅၆.၃ သန်းအထိ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ ဘယ်လိုပဲ စမတ်ဖုန်း ရောင်းအားကျနေပါစေ Apple ကို အမီလိုက်နိုင်ဖို့ အင်အား အလုံလောက်ရှိတယ်လို့ Samsung ကြွေးကြော်ထားပုံပါပဲ။ ဘာလဲဆိုတော့ လာမယ့် ၉ ရက်နေ့ကျရင် ကင်မရာပိုင်း အဆင့်မြှင့်ထားပြီး ကြီးမားတဲ့ Battery ပါဝင်မယ်လို့ သတင်းထွက်နေတဲ့ Galaxy Note 9 မိတ်ဆက်သွားမယ်ဆိုလို့ပါ။ နောက်ပြီး တူနဲ့ထုတောင် မကွဲဘူးဆိုတဲ့ OLED Panel မျိုးက Galaxy F လို ခေါက်ချိုးစမတ်ဖုန်းတွက် Ready  ဖြစ်နေသလားလို့တောင် အထင်မှားသွားစေနိုင်သလို BOE လို တရုတ်ကုမ္ပဏီရဲ့ OLED Display ကိုပဲ အားကိုးသွားရဖွယ်ရှိနေတဲ့ Apple နဲ့ Huawei ကုမ္ပဏီတို့က Samsung နဲ့ ဘယ်လိုယှဥ်ပြိုင်သွားမလဲဆိုတာကတော့ အရမ်းကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်နေပြီလို့ ပြောလို့ရပြီထင်ပါတယ်။

2B (akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။