Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကြိုးမဲ့ AirPods နားကြပ်တွေကို မိတ်ဆက်ပေးခဲ့ပြီး တကယ်လို့ နားကြပ်တွေ ကျပျောက်သွားခဲ့ရင်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အသံတွေ ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီက နာကြပ်တွေအနေနဲ့ Wire ကြိုးတစ်ချောင်းမှမပါအောင် ပြုလုပ်ထားပြီး နားထဲကနေ ထွက်ကျဖို့အတွက် စိုးရိမ်ပူပန်စရာမလိုကြောင်း CEO ဖြစ်သူ Tim Cook ကိုယ်တိုင် ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့် တကယ်ကျပျောက်မှုတွေနဲ့ ကြုံတွေနေရကြောင်းလဲ မကြာသေးခင်က သတင်းတွေနဲ့အတူ ဗီဒီယိုတွေလည်း တက်လာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ မကြာခင်ထုတ်လုပ်တော့မယ့် iOS 10.3 Update ဗားရှင်းမှာ သင့်အနေနဲ့ Find My iPhone app ကနေ ပျောက်သွားတဲ့ AirPod ရဲ့ တည်နေရာကို ခြေရာခံနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောာင့် App ဟာ သင့်ကို Laptop, iPad နဲ့ iPhone တွေသာမက မကြာခင်မှာ နားကြပ်တွေကိုတောင် အိတ်ထောင်ထဲကနေ ထွက်ကျသွားမယ်ဆိုရင် ရှာဖွေနိုင်တော့မှာပါ။

The Wall Street Journal ရဲ့ သတင်းတစ်ရပ်အရ AirPods ရဲ့ ကြိုးမဲ့နည်းပညာဟာ သူတို့ကို ခြေရာခံနိုင်အောင် ပြုလုပ်ထားတာဖြစ်ပြီး နားကြပ်တွေအနေနဲ့ GPS connection မလိုအပ်ကြောင်းလဲ သိရပါတယ်။ Find My iPhone app ထဲက မြေပုံဟာ AirPods တွေရှိခဲ့တဲ့ နောက်ဆုံးနေရာကို သင့်ကို ပြသနိုင်မှာဖြစ်ပြီး iOS ပစ္စည်းတွေမှာ iCloud အကောင့်ချိတ်ထားရုံနဲ့ ရနိုင်မှာပါ။ တကယ်လို့ ကျပျောက်သွားပြီဆိုရင် Gadget တွေရဲ့ နောကဆုံးမှာရှိနေခဲ့ပြီး ဆက်သွယ်နိုင်ခဲ့တဲ့ ယေဘုယျတည်နေရာကို ပြသပေးမှာပါ။

ဒီလို AirPods တွေကို ခြေရာခံနိုင်မယ့် iOS 10.3 ဗားရှင်းကို ဒီနေ့မှာ Developer တွေအတွက် Beta ဗားရှင်းအနေနဲ့ စတင်ထုတ်လုပ်မှာဖြစ်ပြီး တရားဝင်မထုတ်လုပ်ခင်အထိတော့ ဒီလုပ်ဆောင်ချက်ကို ရရှိဦးမှာမဟုတ်ပါဘူး။ တကယ်လို့ကျပျောက်သွားရင် နားကြပ်တစ်ဖက်အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းက ၆၉ဒေါ်လာ (ကျပ် တစ်သိန်းနီးပါး) မို့ သတိထားကိုင်တွယ်ဖို့သာ အကြံပေးချင်ပါတယ်။

ကျွန်တော် AirPods ကို Unbox လုပ်ထားတဲ့ ၄မိနစ်စာ ဗီဒီယိုလေးကိုလည်း မကြာသေးခင်က တင်ပေးလိုက်ပြီဖြစ်ပြီး Akhayar Tech Facebook စာမျက်နှာမှာ ကြည့်ရှုနိုင်ပါပြီ။

Joker (Akhayar)

Ref: Engadget