Apple ဟာ လက္ရွိအခ်ိန္္မွာ iPhone ေတြမွာ တပ္ဆင္ထားတဲ့ Wi-Fi ၊ Bluetooth အပါအဝင္ Mac ကြန္ပ်ဴတာေတြမွာလည္း Intel Processor ေတြကိုပဲ အသံုးျပဳေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလုိမ်ိဳး အသံုးျပဳေနမႈက လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ရပ္ဆိုင္းေတာ့မယ့္ပံုပါပဲ။

Apple iPhone Modem

9to5Mac ကေန ေျပာၾကားခ်က္အရ Apple ဟာ Intel ကေန ထုတ္လုပ္ထားတဲ့ Wi-Fi နဲ႔ Bluetooth Chips ေတြကို လာမယ့္ ၂၀၂၀ အတြက္ iPhone ေတြမွာ အသံုးျပဳမွာမဟုတ္ေတာ့ဘူးလုိ႔ သိရပါတယ္။ ေနာက္ထပ္ Calcalist ရဲ႕ Report အရလည္း Intel ဟာ Sunny Peak လုိ႔ Codename ေပးထားတဲ့ Chips ေတြကို ထုတ္လုပ္ေနမႈကေန ရပ္ဆုိင္းလုိက္ျပီျဖစ္တယ္လုိ႔ သိရပါတယ္။

Intel 5G Modem

Intel ဘက္ကေန အခုသတင္းကိုလည္း ျပန္လည္ေျဖရွင္းခဲ့ျပီး အဆိုပါေျဖရွင္းခ်က္အရ Intel ရဲ႕ လက္ရွိ 5G အေပၚေဆာင္ရြက္ေနမႈေတြက ၂၀၁၈ ကေန ၂၀၂၀ အထိ ေျပာင္းလဲသြားျခင္းမရွိဘူးလုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာကေတာ့ Intel က 5G Modem ေတြကိုေတာ့ Apple အတြက္ ဆက္လက္ထုတ္ေပးေနဦးမွာျဖစ္ေပမယ့္ Wi-Fi နဲ႔ Bluetooth Chips ေတြကိုေတာ့ အသံုးျပဳသြားဖုိ႔ မေသခ်ာေတာ့ပါဘူး။

Intel ဟာ ယခင္ထဲကလည္း Intel Modem ေတြအစား MediaTek ကေန ထုတ္လုပ္ေနတဲ့ Modem ေတြကို အစားထုိးဖုိ႔ ျပင္ဆင္ေနျပီးေတာ့ အဆိုပါသတင္းက အခုလုိမ်ိဳး Intel Chips ေတြကို ရပ္ဆုိင္းလုိက္မယ္ဆိုတဲ့ သတင္းမထြက္ခင္ ၁ ႏွစ္ေလာက္အလုိထဲကျဖစ္ပါတယ္။ Apple ဟာ အလားတူ ၂၀၂၀ ခုႏွစ္မွာလည္း MacBook ေတြအတြက္ Intel Processor ကို အသံုးျပဳေတာ့မွာမဟုတ္ဘဲ ကိုယ္ပိုင္ Processor ေတြကိုပဲ ေျပာင္းလဲအသံုးျပဳေတာ့မွာျဖစ္တဲ့အတြက္ Apple ဟာ Intel နဲ႔ ပူးေပါင္းမႈကို ေလ်ာ႔ခ်ဖုိ႔ စီစဥ္ေနပံုရပါတယ္။

Apple iPhone X

ဘာပဲျဖစ္ျဖစ္ Apple က Intel ရဲ႕ Chips ေတြအေပၚမွီခုိေနမႈကို ရပ္တန္႔လုိက္ျပီဆုိရင္ Qualcomm ဒါမွမဟုတ္ MediaTek ဆီကေန Chips ေတြကို ပိုျပီး မွီခုိရေတာ့မွာပဲျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ဟာ လက်ရှိအချိန်မှာ iPhone တွေမှာ တပ်ဆင်ထားတဲ့ Wi-Fi ၊ Bluetooth အပါအဝင် Mac ကွန်ပျူတာတွေမှာလည်း Intel Processor တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး အသုံးပြုနေမှုက လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရပ်ဆိုင်းတော့မယ့်ပုံပါပဲ။

Apple iPhone Modem

9to5Mac ကနေ ပြောကြားချက်အရ Apple ဟာ Intel ကနေ ထုတ်လုပ်ထားတဲ့ Wi-Fi နဲ့ Bluetooth Chips တွေကို လာမယ့် ၂၀၂၀ အတွက် iPhone တွေမှာ အသုံးပြုမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ နောက်ထပ် Calcalist ရဲ့ Report အရလည်း Intel ဟာ Sunny Peak လို့ Codename ပေးထားတဲ့ Chips တွေကို ထုတ်လုပ်နေမှုကနေ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Intel 5G Modem

Intel ဘက်ကနေ အခုသတင်းကိုလည်း ပြန်လည်ဖြေရှင်းခဲ့ပြီး အဆိုပါဖြေရှင်းချက်အရ Intel ရဲ့ လက်ရှိ 5G အပေါ်ဆောင်ရွက်နေမှုတွေက ၂၀၁၈ ကနေ ၂၀၂၀ အထိ ပြောင်းလဲသွားခြင်းမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Intel က 5G Modem တွေကိုတော့ Apple အတွက် ဆက်လက်ထုတ်ပေးနေဦးမှာဖြစ်ပေမယ့် Wi-Fi နဲ့ Bluetooth Chips တွေကိုတော့ အသုံးပြုသွားဖို့ မသေချာတော့ပါဘူး။

Intel ဟာ ယခင်ထဲကလည်း Intel Modem တွေအစား MediaTek ကနေ ထုတ်လုပ်နေတဲ့ Modem တွေကို အစားထိုးဖို့ ပြင်ဆင်နေပြီးတော့ အဆိုပါသတင်းက အခုလိုမျိုး Intel Chips တွေကို ရပ်ဆိုင်းလိုက်မယ်ဆိုတဲ့ သတင်းမထွက်ခင် ၁ နှစ်လောက်အလိုထဲကဖြစ်ပါတယ်။ Apple ဟာ အလားတူ ၂၀၂၀ ခုနှစ်မှာလည်း MacBook တွေအတွက် Intel Processor ကို အသုံးပြုတော့မှာမဟုတ်ဘဲ ကိုယ်ပိုင် Processor တွေကိုပဲ ပြောင်းလဲအသုံးပြုတော့မှာဖြစ်တဲ့အတွက် Apple ဟာ Intel နဲ့ ပူးပေါင်းမှုကို လျော့ချဖို့ စီစဉ်နေပုံရပါတယ်။

Apple iPhone X

ဘာပဲဖြစ်ဖြစ် Apple က Intel ရဲ့ Chips တွေအပေါ်မှီခိုနေမှုကို ရပ်တန့်လိုက်ပြီဆိုရင် Qualcomm ဒါမှမဟုတ် MediaTek ဆီကနေ Chips တွေကို ပိုပြီး မှီခိုရတော့မှာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com