Apple ရဲ႕ AirPower Wireless Charger ကို လာမယ့္ မတ္လမွာ ေရာင္းခ်သြားမည္

Apple ကေန iPhone 8 နဲ႔ iPhone X ဖုန္းေတြကို ျပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက မိတ္ဆက္ခဲ့တုန္းက Apple iPhone ေတြ၊ Apple Watch နဲ႔ AirPods ေတြကို တျပိဳင္နက္ထဲ အားသြင္းႏုိင္မယ့္ AirPower Wireless Charger ကို ၂၀၁၈ ခုႏွစ္ထဲမွာ ထုတ္လုပ္ေရာင္းခ်သြားမယ္လုိ႔ ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Apple ကေန အဆုိပါ AirPower ကို ေရာင္းခ်ဖို႔ နီးကပ္ေနျပီျဖစ္တယ္လုိ႔ VentureBeat ရဲ႕ ေျပာၾကားခ်က္အရသိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေရာင္းခ်မယ့္အခ်ိန္ကို လာမယ့္ မတ္လ လလယ္ပုိင္းလုိ႔ သတ္မွတ္ထားတယ္လုိ႔လဲသိရပါတယ္။

Apple ရဲ႕ ယခုေရာင္းခ်မယ့္ AirPower Wireless Charger ဟာ Apple ကေျပာၾကားခ်က္အရေတာ့ Apple iPhone ၊ Apple Watch Series 3 နဲ႔ AirPods ေတြကို တျပိဳင္နက္ထဲ အားသြင္းႏုိင္မယ္လုိ႔ ဆိုထားေပမယ့္ အမွန္တကယ္ကေတာ့ Qi Wireless Charging ကို Support လုပ္တဲ့ မည္သည့္ Devices ကိုမဆို အားသြင္းႏုိင္ဖုိ႔ မ်ားေနပါတယ္။ ဒါေပမယ့္ တစ္ခုကို သတိထားရမွာေတာ့ Qi Wireless Charging ဟာ Devices အမ်ားအျပားကို တျပိဳင္နက္ထဲအားသြင္းတဲ့အခ်ိန္မွာ Device တစ္ခုခ်င္းစီကို အားဝင္ႏႈန္းက ပံုမွန္ထက္ေႏွးသြားမွာျဖစ္တဲ့အတြက္ Apple အေနနဲ႔ အခုျပႆနာကို ဘယ္လုိေျဖရွင္းမလဲဆုိတာက စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

လက္ရွိသိရတဲ့ သတင္းေတြအရေတာ့ Apple ဟာ ယခု AirPower Wireless Charger ကို iPhone X နဲ႔ iPhone 8 ကို ေၾကျငာတဲ့အခ်ိန္တုန္းက ေျပာၾကားသြားခ်င္းမရွိတဲ့ Features တစ္ခုကိုပါ ထည့္သြင္းလာမယ္လုိ႔ သိရပါျပီး အဆုိပါ Features ဟာ Apple Watch Series 3 နဲ႔ ဆက္စပ္ေနမယ္လုိ႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Apple AirPower Wireless Charger ဟာ လာမယ့္ မတ္လထဲမွာ ေရာင္းခ်ဖုိ႔ ျပင္ဆင္ေနတာကလြဲရင္ အျခားေသာအေသးစိတ္အခ်က္အလက္ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ သိရွိရျခင္းမရွိေသးတဲ့အတြက္ Apple ရဲ႕ တရားဝင္ထုတ္ျပန္မႈကိုပဲ ေစာင့္ဆိုင္းရမယ့္ပံုပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ကနေ iPhone 8 နဲ့ iPhone X ဖုန်းတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တုန်းက Apple iPhone တွေ၊ Apple Watch နဲ့ AirPods တွေကို တပြိုင်နက်ထဲ အားသွင်းနိုင်မယ့် AirPower Wireless Charger ကို ၂၀၁၈ ခုနှစ်ထဲမှာ ထုတ်လုပ်ရောင်းချသွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ အဆိုပါ AirPower ကို ရောင်းချဖို့ နီးကပ်နေပြီဖြစ်တယ်လို့ VentureBeat ရဲ့ ပြောကြားချက်အရသိရပါတယ်။ လက်ရှိအချိန်မှာတော့ ရောင်းချမယ့်အချိန်ကို လာမယ့် မတ်လ လလယ်ပိုင်းလို့ သတ်မှတ်ထားတယ်လို့လဲသိရပါတယ်။

Apple ရဲ့ ယခုရောင်းချမယ့် AirPower Wireless Charger ဟာ Apple ကပြောကြားချက်အရတော့ Apple iPhone ၊ Apple Watch Series 3 နဲ့ AirPods တွေကို တပြိုင်နက်ထဲ အားသွင်းနိုင်မယ်လို့ ဆိုထားပေမယ့် အမှန်တကယ်ကတော့ Qi Wireless Charging ကို Support လုပ်တဲ့ မည်သည့် Devices ကိုမဆို အားသွင်းနိုင်ဖို့ များနေပါတယ်။ ဒါပေမယ့် တစ်ခုကို သတိထားရမှာတော့ Qi Wireless Charging ဟာ Devices အများအပြားကို တပြိုင်နက်ထဲအားသွင်းတဲ့အချိန်မှာ Device တစ်ခုချင်းစီကို အားဝင်နှုန်းက ပုံမှန်ထက်နှေးသွားမှာဖြစ်တဲ့အတွက် Apple အနေနဲ့ အခုပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လက်ရှိသိရတဲ့ သတင်းတွေအရတော့ Apple ဟာ ယခု AirPower Wireless Charger ကို iPhone X နဲ့ iPhone 8 ကို ကြေငြာတဲ့အချိန်တုန်းက ပြောကြားသွားချင်းမရှိတဲ့ Features တစ်ခုကိုပါ ထည့်သွင်းလာမယ်လို့ သိရပါပြီး အဆိုပါ Features ဟာ Apple Watch Series 3 နဲ့ ဆက်စပ်နေမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ Apple AirPower Wireless Charger ဟာ လာမယ့် မတ်လထဲမှာ ရောင်းချဖို့ ပြင်ဆင်နေတာကလွဲရင် အခြားသောအသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းကိုတော့ သိရှိရခြင်းမရှိသေးတဲ့အတွက် Apple ရဲ့ တရားဝင်ထုတ်ပြန်မှုကိုပဲ စောင့်ဆိုင်းရမယ့်ပုံပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com