Apple က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Full Screen Display ပါဝင်လာတဲ့ iPhone X ကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iPhone X ကနေစတင်ပြီးတော့ Face ID နဲ့ Selfie Camera တွေကိုထည့်သွင်းဖို့အတွက် Display Notch ကို ထည့်သွင်းလာခဲ့တာ အခု iPhone XS နဲ့ iPhone XS Max တွေအထိပဲဖြစ်ပါတယ်။

ဒီနှစ်မှာလည်း Apple ကနေ iPhone အသစ်တွေက Notch ကို ထပ်မံထည့်သွင်းလာဦးမှာပါ။ ဒါပေမယ့် ဒီနှစ်က နောက်ဆုံးအနေနဲ့ Apple iPhone တွေမှာ Notch ပါလာမယ့်နှစ်ဖြစ်လာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Apple သတင်းတွေကို အမြဲတမ်းလိုလိုမှန်ကန်အောင် ပြောတတ်တဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကနေ တရုတ် Website တစ်ခုဖြစ်တဲ့ MyDrivers ကို လာမယ့် ၂၀၂၀ ခုနှစ်မှာ Notch လုံးဝမပါတဲ့ iPhone Model အနည်းဆုံး ၁ မျိုးလောက်ကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။

ဒါ့အပြင် China Times ကနေလည်း လာမယ့် ၂၀၂၀ ခုနှစ်မှာ Notch နဲ့ Face ID မပါတဲ့ iPhone တစ်မျိုးကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ iPhone က Under-Screen Selfie Camera ပါဝင်လာမှာဖြစ်ပြီးတော့ Face ID အစား Under-Display Fingerprint Sensor ကိုပါ ထည့်သွင်းလာဖို့များနေပါတယ်။

ဒီ ၂၀၂၀ ခုနှစ်မှာ အနည်းဆုံး Notch မပါတဲ့ iPhone ကို မိတ်ဆက်လာမှာဖြစ်သလို လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း iPhone တွေအကုန်လုံးက Notch ပါတော့မှာမဟုတ်ဘူးလို့ သတင်းတွေထွက်နေပါတယ်။

Ref : Mac Rumors