Apple ရဲ့ iPhone တွေအပါအဝင် iOS ဟာ Emoji တွေအများအပြားဆုံးနဲ့ အကောင်းဆုံး OS တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အခုအချိန်မှာလည်း Apple ကနေ လာမယ့်နှစ်ကုန်ပိုင်းမှာ iOS ၊ iPadOS ၊ macOS နဲ့ watchOS တွေအတွက် Emoji အသစ်တွေကို ထုတ်ပေးသွားမယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခု Apple က ထည့်သွင်းပေးသွားမယ့် Emoji အသစ်တွေက သာမန်လူပုံစံ Emoji တွေထက် Diversity ကိုပိုအားပေးတာဖြစ်ပြီးတော့ လူနှစ်ယောက်ရဲ့ Skintone တွေ၊ Gender တွေကို ရွေးချယ်နိုင်မှာဖြစ်သလို Hearing Aids ၊ Mechanical Arm ၊ Legs ၊ Wheelchair နဲ့ Guided Dog လို Emoji တွေပါ ပါလာမှာဖြစ်ပါတယ်။

ဒါ့အပြင် တိရစ္ဆာန်အသစ်လေးတွေကိုလည်း Emoji အနေနဲ့ ထည့်သွင်းပေးထားပြီးတော့ အဆိုပါ တိရိစ္ဆာန်တွေထဲမှာ Orangutan ၊ Skunk ၊ sloth နဲ့ flamingo လိုအကောင်တွေပါဝင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာအသစ်တွေ၊ Sari လိုမျိုး Clothing အသစ်တွေလည်း ပါဝင်လာမှာပါ။

အခု Apple က ထည့်သွင်းပေးမယ့် Emoji အသစ်တွေဟာ မကြာသေးခင်က မိတ်ဆက်သွားခဲ့တဲ့ Emoji Version 12.0 ထဲကဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Windows 10 နဲ့ Twitter App တွေက သုံးနေပြီဖြစ်သလို Google ကလည်း လက်ရှိ Android 10 Beta Version မှာ ထည့်သွင်းပေးထားပြီးဖြစ်တဲ့ Emoji တွေလည်းဖြစ်ပါတယ်။

Ref : GSMArena