
Apple Intel


iPhone Teardown



Intel


Ref : Apple

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple ဟာ လက်ရှိထုတ်လုပ်နေတဲ့ iPhone တွေက Intel နဲ့ Qualcomm ကနေ ထုတ်လုပ်ထားတဲ့ Modem တွေကို အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ထွက်ရှိလာမယ့် iPhone အသစ်တွေမှာတော့ Apple က Qualcomm နဲ့ ပြတ်ဆဲလိုက်တဲ့ပုံပါပဲ။

Apple Intel

ဘာကြောင့်လဲဆိုရင် Qualcomm ရဲ့ Chief Financial Officer ဖြစ်တဲ့ Georage Davis ကနေ Apple ဟာ ယခုနှစ်မှာ ထွက်ရှိလာမယ့် iPhone အသစ်တွေအတွက် Qualcomm အစား ယှဉ်ပြိုင်ဘက်ရဲ့ Modem တွေကိုပဲ အသုံးပြုသွားဖို့ ဆုံးဖြတ်သွားတယ်လို့ အတည်ပြုပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ Davis ကတော့ Intel နာမည်ကို အသုံးပြုခြင်းမရှိခဲ့ပေမယ့် လက်ရှိ Apple ကနေ Modem တွေကို အသုံးပြုနေတာက Intel နဲ့ Qualcomm ပဲရှိနေတဲ့အတွက် Qualcomm အစား Intel Modem တွေကိုပဲ အသုံးပြုမယ်ဆိုတာက ကျိန်းသေသွားတာပဲဖြစ်ပါတယ်။

iPhone Teardown

အခုလအစောပိုင်းတုန်းကလည်း Apple သတင်းတွေကို Leak ပြုလုပ်နေကြ KGI Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Ku ကလည်း Apple ဟာ မကြာခင်မှာ Qualcomm ကို လက်ရှိ Cellular Modem တွေထောက်ပံ့သူအဖြစ်ကနေ လက်လွှတ်ဖို့ ကြံစည်နေတယ်လို့ ပြောကြားထားတဲ့အတွက် အခု သတင်းက ပိုပြီးတောင် သေချာသွားစေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 4G နည်းပညာကို စတင်အသုံးပြုနေထဲက Apple iPhone တွေမှာ Qualcomm Modem ကို အသုံးပြုထားတဲ့ iPhone တွေက Intel Modem အသုံးပြုထားတဲ့ iPhone တွေထက် ပိုပြီး Network Speed မြန်ဆန်တဲ့အတွက် ဘာကြောင့် ပိုပြီးမြန်ဆန်တဲ့ Qualcomm Modem တွေအစား Intel Modem တွေကို အသုံးပြုဖို့ စိတ်ကူးသလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

ဒီအတွက် ဖြစ်နိုင်တဲ့ အချက်တစ်ခုကတော့ Apple နဲ့ Qualcomm ဟာ လက်ရှိအချိန်မှာ Apple က Qualcomm ရဲ့ နည်းပညာတွေကို အသုံးပြုနေတာနဲ့ Qualcomm ကနေ Apple အပေါ်ကို ကောက်ယူနေတဲ့ ဈေးနှုန်းအပေါ်ကို မှုတည်ပြီးတော့ အပြန်အလှန်တရားစွဲဆိုထားပြီး လက်ရှိအချိန်မှာ တရားရင်ဆိုင်နေရတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။ Apple ဟာ Qualcomm အပေါ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အစောပိုင်းတုန်းကနေ LTE Modem တွေအပေါ်ကို ရှိသင့်တဲ့ဈေးတဲ့ ပိုပြီး ကောက်ခံနေတဲ့အတွက် အရင်ဆုံးတရားစွဲဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Qualcomm ကနေ Apple ကို Qualcomm ရဲ့ မူပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်နေကြောင်းနဲ့ Intel ကိုပါ Information တွေလဲလှယ်နေတယ်ဆိုပြီး သစ္စာမရှိမှုအပေါ် ပြန်လည်တရားစွဲဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Qualcomm ကနေ Apple iPhone တွေကို US မှာ ရောင်းချခွင့်မရအောင်အထိ ဆောင်ရွက်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Intel

Apple ဟာ အခုလိုမျိုး iPhone တွေအတွက် Modem ကို Qualcomm ကို စွန့်ပစ်ပြီး Intel ကိုပဲ မှီခိုမှာဖြစ်ပေမယ့် MacBook တွေအတွက်ကတော့ Apple ကိုယ်တိုင် Intel Processor တွေ ၊ Chips တွေ အသုံးပြုနေမှုကို ရပ်ဆိုင်းပြီး လာမယ့် ၂၀၂၀ မှာ ထွက်ရှိလာမယ့် MacBook တွေမှာ ကိုယ်ပိုင် Processor တွေကို အသုံးပြုတော့မယ်လို့ ပြောကြားထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Apple က လာမယ့်နှစ်မှာလည်း 5G စနစ်ကို ထောက်ပံ့တဲ့ iPhone တွေကို ထုတ်လုပ်မယ့် သတင်းမရှိသေးတာကြောင့် Apple တစ်ယောက် ဘာတွေလုပ်နေသလဲဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပါပြီ။

Ref : Apple

Zawyè (Akhayar) 

www.akhayar.com