Apple ကေန ျပီးခဲ့တဲ့ႏွစ္ iPhone 8 ဖုန္းေတြနဲ႔ iPhone X ဖုန္းေတြမိတ္ဆက္တုန္းက iPhone ေတြနဲ႔ Apple Watch ၊ AirPods ေတြကိုပါ အားသြင္းႏုိင္တဲ့ Wireless Charging Pad ျဖစ္တဲ့ AirPower ကို မိတ္ဆက္ခဲ့တာပဲျဖစ္ပါတယ္။

Apple AirPower Announcement

ဒါေပမယ့္အခုအခ်ိန္မွာေတာ့ AirPower ဟာ ေၾကညာခဲ့တာ ၁ ႏွစ္နီးပါး ရွိေတာ့မွာျဖစ္ေပမယ့္ ေရာင္းခ်မယ့္ေန႔ကို ေျပာၾကားထားျခင္းမရွိေသးပါဘူး။ ဒီၾကားထဲမွာလည္း Apple က iPad Education Event နဲ႔ WWDC Event ေတြကို ျပဳလုပ္ခဲ့ေပမယ့္လည္း အခု AirPower အေၾကာင္းကိုေတာ့ လံုးဝေျပာၾကားခဲ့ျခင္းမရွိျပန္ပါဘူး။

အခုလုိမ်ိဳး Apple အေနနဲ႔ AirPower ကို ထုတ္လုပ္မႈ ေႏွာင့္ေႏွးေနတဲ့အေၾကာင္းကို သတင္းေတြထြက္ေပၚလာျပီးေတာ့ အဆိုပါသတင္းေတြအရေတာ့ Apple ဟာ AirPower ကို ထုတ္လုပ္တဲ့အခ်ိန္မွာ နည္းပညာအခက္အခဲေတြကို ၾကံဳခဲ့ရတာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။ Apple ဟာ AirPower ကို iPhone ၊ Apple Watch နဲ႔ Special Case တစ္ခုကို အသံုးျပဳျပီးေတာ့ AirPods ေတြကိုပါ အားသြင္းလုိ႔ရေအာင္ ျပဳလုပ္မွာျဖစ္တဲ့အတြက္ Overheat မျဖစ္ေအာင္ ျပဳလုပ္ေနရတာေၾကာင့္ အခုလုိမ်ိဳးေႏွာင့္ေႏွးေနတာျဖစ္တယ္လုိ႔ သိရပါတယ္။ Bloomberg ကလည္း Apple Engineer ေတြက AirPower ရဲ႕ ဘယ္ေနရာမဆုိမွာ Devices ေတြခ်ထားျပီး အားသြင္းႏုိင္ဖုိ႔အတြက္ Custom Chips ေတြကို အသံုးျပဳေနျပီး Firmware နဲ႔ သက္ဆိုင္တဲ့ Bugs ေတြကို ရွင္းေနရတာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါေသးတယ္။

Apple AirPower

ဘာပဲျဖစ္ျဖစ္ Apple ဟာ အခု AirPower ကို ထုတ္လုပ္တဲ့ေနရာမွာ အၾကီးအက်ယ္ကို ေႏွာင့္ေႏွးေနတာျဖစ္ျပီးေတာ့ ေနာက္ဆံုးသိရတဲ့သတင္းေတြကေတာ့ ဒီႏွစ္ စက္တင္ဘာလ iPhone အသစ္ေတြေၾကညာတဲ့အခ်ိန္မွ AirPower ကို ေရာင္းခ်ႏုိင္မယ္လုိ႔ သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ကနေ ပြီးခဲ့တဲ့နှစ် iPhone 8 ဖုန်းတွေနဲ့ iPhone X ဖုန်းတွေမိတ်ဆက်တုန်းက iPhone တွေနဲ့ Apple Watch ၊ AirPods တွေကိုပါ အားသွင်းနိုင်တဲ့ Wireless Charging Pad ဖြစ်တဲ့ AirPower ကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

Apple AirPower Announcement

ဒါပေမယ့်အခုအချိန်မှာတော့ AirPower ဟာ ကြေညာခဲ့တာ ၁ နှစ်နီးပါး ရှိတော့မှာဖြစ်ပေမယ့် ရောင်းချမယ့်နေ့ကို ပြောကြားထားခြင်းမရှိသေးပါဘူး။ ဒီကြားထဲမှာလည်း Apple က iPad Education Event နဲ့ WWDC Event တွေကို ပြုလုပ်ခဲ့ပေမယ့်လည်း အခု AirPower အကြောင်းကိုတော့ လုံးဝပြောကြားခဲ့ခြင်းမရှိပြန်ပါဘူး။

အခုလိုမျိုး Apple အနေနဲ့ AirPower ကို ထုတ်လုပ်မှု နှောင့်နှေးနေတဲ့အကြောင်းကို သတင်းတွေထွက်ပေါ်လာပြီးတော့ အဆိုပါသတင်းတွေအရတော့ Apple ဟာ AirPower ကို ထုတ်လုပ်တဲ့အချိန်မှာ နည်းပညာအခက်အခဲတွေကို ကြုံခဲ့ရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ AirPower ကို iPhone ၊ Apple Watch နဲ့ Special Case တစ်ခုကို အသုံးပြုပြီးတော့ AirPods တွေကိုပါ အားသွင်းလို့ရအောင် ပြုလုပ်မှာဖြစ်တဲ့အတွက် Overheat မဖြစ်အောင် ပြုလုပ်နေရတာကြောင့် အခုလိုမျိုးနှောင့်နှေးနေတာဖြစ်တယ်လို့ သိရပါတယ်။ Bloomberg ကလည်း Apple Engineer တွေက AirPower ရဲ့ ဘယ်နေရာမဆိုမှာ Devices တွေချထားပြီး အားသွင်းနိုင်ဖို့အတွက် Custom Chips တွေကို အသုံးပြုနေပြီး Firmware နဲ့ သက်ဆိုင်တဲ့ Bugs တွေကို ရှင်းနေရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Apple AirPower

ဘာပဲဖြစ်ဖြစ် Apple ဟာ အခု AirPower ကို ထုတ်လုပ်တဲ့နေရာမှာ အကြီးအကျယ်ကို နှောင့်နှေးနေတာဖြစ်ပြီးတော့ နောက်ဆုံးသိရတဲ့သတင်းတွေကတော့ ဒီနှစ် စက်တင်ဘာလ iPhone အသစ်တွေကြေညာတဲ့အချိန်မှ AirPower ကို ရောင်းချနိုင်မယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar)