[Zawgyi] 

iPhone ေတြထဲမွာ ကြဲကြဲျပားျပားျဖစ္ေအာင္ စထုတ္လာခဲ့တာကေတာ့ iPhone 5s နဲ႔ iPhone 5c မွာပါ။ iPhone 5s မွာ ေရႊေရာင္ကို မိတ္ဆက္ခဲ့သလို 5c မွာ အျဖဴေရာင္အျပင္ အစိမ္းေရာင္၊ အျပာေရာင္၊ ပန္းေရာင္နဲ႔ အဝါေရာင္ေတြကို ထုတ္ျပခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ အဲ့ဒီလို အေရာင္ဆန္းေတြ ဆက္မထုတ္ေတာ့တာ အခ်ိန္တစ္ခုအထိ ၾကာသြားခဲ့ပါၿပီ။ 

iPhone 5c

Apple အေနနဲ႔ လက္ရွိ iPhone ေတြမွာ အသံုးျပဳလာတဲ့ အေရာင္ေတြကေတာ့ iPhone 6s မွာ စမိတ္ဆက္ခဲ့တဲ့ Rose Gold နဲ႔ iPhone 7 မွာသံုးခဲ့တဲ့ Jet Black ဆိုတာကလြဲလို႔ အေရာင္အသစ္မရွိေသးပါဘူး။ iPhone 8 မွာေတာ့ သံုးေနက် ေ႐ႊေရာင္ကို နည္းနည္းေျပာင္းထားေပးပါတယ္။ အခု ၂၀၁၈ အတြက္ ထုတ္မယ့္ iPhone အသစ္ေတြမွာေတာ့ အေရာင္အသစ္ေတြကို မိတ္ဆက္လာမယ္လို႔ သတင္းထြက္လာပါၿပီ။ 

iPhone New Color Renders

သတင္းထြက္ထားတဲ့ အေရာင္သစ္ေတြကေတာ့ အျပာေရာင္၊ အနီေရာင္၊ ေရႊေရာင္အသစ္နဲ႔ ေၾကးဝါေရာင္ေတြျဖစ္တယ္လို႔ သိရပါတယ္။ အနီေရာင္ iPhone ကိုေတာ့ လက္ရွိ Apple ရဲ႕ Product RED စာရင္းထဲ ထည့္မလားဆိုတာကေတာ့ မသိရေသးပါဘူး။ အေရာင္အသစ္ေတြကို Render လုပ္ထားတဲ့ ဓာတ္ပံုကလည္း Online မွာ ျပန္႔ေနပါၿပီ။ ပံုထဲကအတိုင္းဆိုရင္ေတာ့ iPhone အသစ္ေတြက လက္ရွိ iPhone X မွာလိုမ်ိဳး Stainless Steel က ေျပာင္ေျပာင္ႀကီးျဖစ္ေနမွာ မဟုတ္ေတာ့ဘဲ အေရာင္ေတြ ပါလာမွာျဖစ္ပါတယ္။ iPhone ေတြကို လက္ရွိအေရာင္ေတြျဖစ္တဲ့ အျဖဴ၊ အနက္နဲ႔ ေ႐ႊေရာင္ေတြကလြဲလို႔ အေရာင္ဆန္းေတြ ကိုင္ခ်င္သူေတြကေတာ့ သေဘာက်လိမ့္မယ္ဆိုတာ ေသျခာပါတယ္။ ၂၀၁၈ အတြက္လည္း iPhone ေတြအားလံုးကို Design တူ အျဖစ္ေျပာင္းမွာျဖစ္တာေၾကာင့္ ဘယ္ iPhone ေတြကို အေရာင္အသစ္နဲ႔ ထုတ္မလဲဆိုတာေတာ့ ခန္႔မွန္းဖို႔ခက္ခဲေနပါေသးတယ္။ သင္ေရာ ပံုထဲက အေရာင္ေတြကို သေဘာက်သူလား။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple က ဒီနှစ်အတွက် iPhone အရောင်သစ်တွေထုတ်ပြမယ်လို့ သတင်းထွက်လာပြီ

iPhone တွေထဲမှာ ကွဲကွဲပြားပြားဖြစ်အောင် စထုတ်လာခဲ့တာကတော့ iPhone 5s နဲ့ iPhone 5c မှာပါ။ iPhone 5s မှာ ရွှေရောင်ကို မိတ်ဆက်ခဲ့သလို 5c မှာ အဖြူရောင်အပြင် အစိမ်းရောင်၊ အပြာရောင်၊ ပန်းရောင်နဲ့ အဝါရောင်တွေကို ထုတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အဲ့ဒီလို အရောင်ဆန်းတွေ ဆက်မထုတ်တော့တာ အချိန်တစ်ခုအထိ ကြာသွားခဲ့ပါပြီ။ 

iPhone 5c

Apple အနေနဲ့ လက်ရှိ iPhone တွေမှာ အသုံးပြုလာတဲ့ အရောင်တွေကတော့ iPhone 6s မှာ စမိတ်ဆက်ခဲ့တဲ့ Rose Gold နဲ့ iPhone 7 မှာသုံးခဲ့တဲ့ Jet Black ဆိုတာကလွဲလို့ အရောင်အသစ်မရှိသေးပါဘူး။ iPhone 8 မှာတော့ သုံးနေကျ ရွှေရောင်ကို နည်းနည်းပြောင်းထားပေးပါတယ်။ အခု ၂၀၁၈ အတွက် ထုတ်မယ့် iPhone အသစ်တွေမှာတော့ အရောင်အသစ်တွေကို မိတ်ဆက်လာမယ်လို့ သတင်းထွက်လာပါပြီ။ 

iPhone New Color Renders

သတင်းထွက်ထားတဲ့ အရောင်သစ်တွေကတော့ အပြာရောင်၊ အနီရောင်၊ ရွှေရောင်အသစ်နဲ့ ကြေးဝါရောင်တွေဖြစ်တယ်လို့ သိရပါတယ်။ အနီရောင် iPhone ကိုတော့ လက်ရှိ Apple ရဲ့ Product RED စာရင်းထဲ ထည့်မလားဆိုတာကတော့ မသိရသေးပါဘူး။ အရောင်အသစ်တွေကို Render လုပ်ထားတဲ့ ဓာတ်ပုံကလည်း Online မှာ ပြန့်နေပါပြီ။ ပုံထဲကအတိုင်းဆိုရင်တော့ iPhone အသစ်တွေက လက်ရှိ iPhone X မှာလိုမျိုး Stainless Steel က ပြောင်ပြောင်ကြီးဖြစ်နေမှာ မဟုတ်တော့ဘဲ အရောင်တွေ ပါလာမှာဖြစ်ပါတယ်။ iPhone တွေကို လက်ရှိအရောင်တွေဖြစ်တဲ့ အဖြူ၊ အနက်နဲ့ ရွှေရောင်တွေကလွဲလို့ အရောင်ဆန်းတွေ ကိုင်ချင်သူတွေကတော့ သဘောကျလိမ့်မယ်ဆိုတာ သေခြာပါတယ်။ ၂၀၁၈ အတွက်လည်း iPhone တွေအားလုံးကို Design တူ အဖြစ်ပြောင်းမှာဖြစ်တာကြောင့် ဘယ် iPhone တွေကို အရောင်အသစ်နဲ့ ထုတ်မလဲဆိုတာတော့ ခန့်မှန်းဖို့ခက်ခဲနေပါသေးတယ်။ သင်ရော ပုံထဲက အရောင်တွေကို သဘောကျသူလား။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။