အခုချိန်မှာ Apple အနေနဲ့ Siri Development ပိုင်းမှာ အလွန်ပဲ အကျပ်ရိုက်နေပြီလို့ ဆိုရမလား၊ Siri ကို ပူးတွဲတည်ထောင်ခဲ့သူ ၃ ဦးစလုံး ကုမ္ပဏီက နှုတ်ထွက်သွားခဲ့ကြပါပြီ။ Siri Team မှာ လက်ရှိဦးဆောင်နေတဲ့ Tom Gruber က မနေ့တစ်နေ့တုန်းက Apple ကို ကျောခိုင်းသွားခဲ့တာဆိုတော့ Siri မှာ ဦးဆောင်မယ့်သူ မရှိတော့ပါဘူး။ အခုလို ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မကြာသေးခင်က Apple ခေါ်ယူခဲ့တဲ့ Google ရဲ့ အမှုဆောင်အရာရှိ John Giannandrea နဲ့ တိုက်ရိုက်ပတ်သက်နေမယ်လို့လည်း ကျွမ်းကျင်သူတွေသုံးသပ်နေကြပါတယ်။

Tom Gruber

Siri Team ကို ၂၀၀၄ ခုနှစ်မှာ Gruber ရယ် Dag Kittlaus ရယ် Adam Cheyer ဆိုပြီး ၃ ဦးသား စတင်ဖွဲ့စည်းခဲ့ပြီး Siri Apps ကို ဖန်တီးခဲ့ကြတာပါ။ ဒါကို Apple က ၂၀၁၀ ခုနှစ်မှာ သန်း ၂၀၀ နဲ့ ဝယ်ယူလိုက်ပြီး အဲ့ဒီနှစ်ထဲမှာပဲ iPhone 4s နဲ့အတူ Siris ကို မိတ်ဆက်ပေးခဲ့တာပါ။ Apple က Siri နဲ့ ထပ်ပြီးအောင်မြင်လာခဲ့တယ်ဆိုရမလား Voice Command နဲ့ အမိန့်ပေးလို့ရတဲ့ Digital Assistant ဟာ တဖြည်းဖြည်း နာမည်ကျော် လူသိများလာခဲ့ပါတယ်။ အခုချိန်မှာ Amazon ရဲ့ Alexa နဲ့ Google Assistant တို့လို Siri ထက်ပိုကောင်းတဲ့ Personal Assistant တွေပေါ်လာတဲ့အခါမှာတော့ Siri ရဲ့ Honey Moon ခရီးစဉ်ရပ်နားသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

iPhone 6 Featuring Siri Command

ဒီလိုမျိုး အရေးနိမ့်ပါးခဲ့ရတာဟာ Siri Team အားနည်းချက်တွေနဲ့ သက်ဆိုင်နေပါတယ်။ ဘာလို့လဲဆိုတော့ Kittlaus နဲ့ Cheyer တို့ဟာ Viv Labs ကို တည်ထောင်ဖို့ Apple ကနေ ထွက်ခွာသွားတဲ့ ၂၀၁၆ ကစလို့ Siri အခြေအနေ တဖြည်းဖြည်း ယိုင်နဲ့လာလို့ပါ။ အခုချိန်မှာတော့ Viv Labs ကို Samsung ဝယ်ယူထားလိုက်ပြီဖြစ်သလို Apple မျှော်လင့်လို့ရမယ့် Bixby လို Digital Assistant ဟာ Samsung အပိုင်ဖြစ်လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ Gruber ဟာ Apple Siri ကို ဆက်လက်ဦးဆောင်ခဲ့သေးတယ်ဆိုပေမယ့်လည်း အခုချိန်မှာတော့ ကုမ္ပဏီအသစ်နဲ့ လက်တွဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ အခုလိုမျိုး Co-founder တွေ စိတ်ဝမ်းကွဲ လက်တွဲဖြုတ်ခဲ့ကြတာအတွင်းရေးပြဿနာတွေ ပါဝင်နေမယ်လို့ ပြောဆိုနေကြပါတယ်။

Samsung’s Digital Assistant “Bixby”

ဒီလို Apple ရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ ထွက်ခွာသွားတာ အထူးအဆန်းလို မဟုတ်တော့ပေမယ့်လည်း Apple ရဲ့ Siri Program က အရှုံးဖက်ကို ဦးတည်နေပါပြီ။ The formation နဲ့ The Wall Street Journal တို့ အဆိုရဆိုရင်တော့ Siri အခုလို အစိတ်စိတ် အမွှာမွှာကွဲသွားခဲ့တာ ၂၀၁၂ ခုနှစ်တုန်းက Bill Stasior လို့ နာမည်ရတဲ့ Amazon ရဲ့ ပညာရှင်ဟောင်းထွက်သွားခဲ့တဲ့ အချိန်က စတင်ခဲ့တာလို့ သိရပါတယ်။ အဲ့ဒါအပြင် Siri ဟာ Search Functionality ကို အခြေခံထားတာဖြစ်လို့ User တွေအနေနဲ့ Basic Speech လို Language နည်းနည်းပါးပါးလောက်ပဲ သုံးလို့ရတာက Alexa နဲ့ Google Assistant တို့လောက် အစဉ်မပြေသေးတာပါ။

Apple Siri

အခုချိန်မှာ Apple အနေနဲ့ Siri ကဏ္ဍဖွံ့ဖြိုးလာဖို့ ဘယ်လိုလှုပ်ရှားမလဲဆိုတဲ့ အစီအစဉ်ဟာ အသစ်ခန့်အပ်ထားတဲ့ AI နည်းပညာရှင်ကြီး John Giannandrea အပေါ်ဖိအား သက်ရောက်မှုရှိနေမှာပါ။ ဒါပေမယ့်လည်း John ဟာ Google မှာတုန်းက AI အတွက်လိုအပ်တဲ့ Machine Learning ပိုင်းကို ဦးဆောင်ခဲ့တာဖြစ်လို့ Siri လိုအပ်နေတဲ့ အားနည်းချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ Sir ဟာ ဘယ်လိုကောင်းမွန်လာမလဲဆိုတာကိုတော့ စောင့်ကြည့်နေရဦးမှာပါ။

2B (Akhayar)
www.akhayar.com
Ref: The Verge