Apple ကေန ျပီးခဲ့တဲ့စက္တင္ဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ iPhone XS နဲ႔ XS Max ေတြဟာ အခုအခ်ိန္အထိ ျပႆနာတစ္ခုနဲ႔ၾကံဳေတြ႕ေနရျပီး အသံုးျပဳသူေတြၾကားမွာ “Beautygate” ဆုိျပီး ျဖစ္ေနတာပဲျဖစ္ပါတယ္။ အဲ့ဒါက ဘာလဲဆုိရင္ iPhone XS နဲ႔ iPhone XS Max ဖုန္းေတြကေနရုိက္လုိက္တဲ့ Selfie ဓါတ္ပံုေတြမွာ မ်က္ႏွာက ပံုမွန္ထက္ပုိျပီး ေခ်ာေမြ႕ေနျပီး သဘာဝမက်ျဖစ္ေနတာပါ။

iPhone X Vs iPhone XS

အခုျပႆနာဟာ Google ကေန Pixel 3 စမတ္ဖုန္းေတြကို မိတ္ဆက္လုိက္တဲ့အခ်ိန္မွာ ပိုျပီးထင္ရွားလာခဲ့ပါတယ္။ Pixel 3 စမတ္ဖုန္းေတြရဲ႕ Details ျမင့္မားျပီး Sharp ျဖစ္ေနတဲ့ Selfie ပံုေတြနဲ႔ယွဥ္ရင္ iPhone XS ဟာ Beauty Mode ကို အဆံုးထိဖြင့္ထားသလုိမ်ိဳးျဖစ္ေနတာက ပိုျပီး သိသာလာခဲ့ပါတယ္။

အဲ့ဒီအတြက္ အခုအခ်ိန္မွာေတာ့ Apple ကေန အဆုိပါ ျပႆနာကို သိရွိျပီးေတာ့ ျပင္ဆင္ေပးေတာ့မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ Apple ကေတာ့ အခု ျပႆနာက iOS 12 ရဲ႕ Bug တစ္ခုပဲျဖစ္ျပီး မၾကာခင္မွာ iOS 12.1 ကို ထုတ္ေပးျပီး ျပင္ဆင္ေပးမယ္လုိ႔ သိရပါတယ္။

iPhone XS

Apple ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခုလုိျဖစ္ရတာက iPhone XS မွာ အသစ္ပါဝင္လာတဲ့ Smart HDR Feature ေၾကာင့္ျဖစ္ျပီးေတာ့ အဆုိပါ Smart HDR Feature က ဓါတ္ပံုတစ္ပံုခ်င္းစီကို Frame ၄ ခု ရုိက္ကူးျပီးေတာ့ အဆုိပါ Exposure မတူညီတဲ့ Frame ၄ ခုကို ေပါင္းစပ္တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ Software ကေန Long Shutter Speed Frame ကို ယူမိတဲ့အခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ Details ေတြကို အေသအခ်ာမဖမ္းယူႏုိင္တာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီျပႆနာက ပိုျပီးၾကီးမားလာခဲ့တာကလည္း Front Facing Selfie Camera မွာ Optical Image Stabilization ပါဝင္ျခင္းမရွိတာေၾကာင့္လုိ႔ Apple က ေျပာၾကားခဲ့ပါတယ္။

Apple ကေတာ့ iOS 12.1 မွာ Frame ေတြပိုျပီး ရုိက္ကူးျပီးေတာ့ အခုျပႆနာကို မရွိေတာ့ေအာင္ ျပဳျပင္ေပးသြားမယ့္ပံုပါပဲ။ ဒါေပမယ့္လည္း ေလာေလာဆယ္မွာ iOS 12.1 ဟာ Beta Testing အဆင့္မွာပဲရွိေနျပီးေတာ့ ဘယ္အခ်ိန္မွာ System Update ထုတ္ေပးမလဲဆိုတာကိုေတာ့ ေျပာၾကားထားျခင္းမရွိခဲ့ပါဘူး။

iPhone XS

Apple ဟာ အခုလုိမ်ိဳး ဓါတ္ပံုတစ္ပံုကို Frame ေတြအမ်ားအျပားရုိက္ကူးျပီးေတာ့ High Dynamic Range ပံုတစ္ခုအေနနဲ႔ ရုိက္ကူးတဲ့ Smart HDR ကို အခုမွ iPhone XS နဲ႔ iPhone XR ဖုန္းေတြမွာ မိတ္ဆက္ခဲ့တာျဖစ္ေပမယ့္ Google က ျပီးခဲ့တဲ့ Nexus Series ေတြထဲက HDR+ ဆုိျပီး လုပ္ေနခဲ့တာပါ။ အဲ့ဒီအတြက္ Apple ရဲ႕ စစျခင္းၾကိဳးစားမႈက အခက္ၾကံဳသြားတဲ့ပံုပါပဲ။

Ref : Ars Technica

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကနေ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ XS Max တွေဟာ အခုအချိန်အထိ ပြဿနာတစ်ခုနဲ့ကြုံတွေ့နေရပြီး အသုံးပြုသူတွေကြားမှာ “Beautygate” ဆိုပြီး ဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် iPhone XS နဲ့ iPhone XS Max ဖုန်းတွေကနေရိုက်လိုက်တဲ့ Selfie ဓါတ်ပုံတွေမှာ မျက်နှာက ပုံမှန်ထက်ပိုပြီး ချောမွေ့နေပြီး သဘာဝမကျဖြစ်နေတာပါ။

iPhone X Vs iPhone XS

အခုပြဿနာဟာ Google ကနေ Pixel 3 စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်တဲ့အချိန်မှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။ Pixel 3 စမတ်ဖုန်းတွေရဲ့ Details မြင့်မားပြီး Sharp ဖြစ်နေတဲ့ Selfie ပုံတွေနဲ့ယှဉ်ရင် iPhone XS ဟာ Beauty Mode ကို အဆုံးထိဖွင့်ထားသလိုမျိုးဖြစ်နေတာက ပိုပြီး သိသာလာခဲ့ပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာတော့ Apple ကနေ အဆိုပါ ပြဿနာကို သိရှိပြီးတော့ ပြင်ဆင်ပေးတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ Apple ကတော့ အခု ပြဿနာက iOS 12 ရဲ့ Bug တစ်ခုပဲဖြစ်ပြီး မကြာခင်မှာ iOS 12.1 ကို ထုတ်ပေးပြီး ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။

iPhone XS

Apple ရဲ့ ပြောကြားချက်အရတော့ အခုလိုဖြစ်ရတာက iPhone XS မှာ အသစ်ပါဝင်လာတဲ့ Smart HDR Feature ကြောင့်ဖြစ်ပြီးတော့ အဆိုပါ Smart HDR Feature က ဓါတ်ပုံတစ်ပုံချင်းစီကို Frame ၄ ခု ရိုက်ကူးပြီးတော့ အဆိုပါ Exposure မတူညီတဲ့ Frame ၄ ခုကို ပေါင်းစပ်တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Software ကနေ Long Shutter Speed Frame ကို ယူမိတဲ့အချိန်မှာ မျက်နှာမှာရှိတဲ့ Details တွေကို အသေအချာမဖမ်းယူနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြဿနာက ပိုပြီးကြီးမားလာခဲ့တာကလည်း Front Facing Selfie Camera မှာ Optical Image Stabilization ပါဝင်ခြင်းမရှိတာကြောင့်လို့ Apple က ပြောကြားခဲ့ပါတယ်။

Apple ကတော့ iOS 12.1 မှာ Frame တွေပိုပြီး ရိုက်ကူးပြီးတော့ အခုပြဿနာကို မရှိတော့အောင် ပြုပြင်ပေးသွားမယ့်ပုံပါပဲ။ ဒါပေမယ့်လည်း လောလောဆယ်မှာ iOS 12.1 ဟာ Beta Testing အဆင့်မှာပဲရှိနေပြီးတော့ ဘယ်အချိန်မှာ System Update ထုတ်ပေးမလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိခဲ့ပါဘူး။

iPhone XS

Apple ဟာ အခုလိုမျိုး ဓါတ်ပုံတစ်ပုံကို Frame တွေအများအပြားရိုက်ကူးပြီးတော့ High Dynamic Range ပုံတစ်ခုအနေနဲ့ ရိုက်ကူးတဲ့ Smart HDR ကို အခုမှ iPhone XS နဲ့ iPhone XR ဖုန်းတွေမှာ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် Google က ပြီးခဲ့တဲ့ Nexus Series တွေထဲက HDR+ ဆိုပြီး လုပ်နေခဲ့တာပါ။ အဲ့ဒီအတွက် Apple ရဲ့ စစခြင်းကြိုးစားမှုက အခက်ကြုံသွားတဲ့ပုံပါပဲ။

Ref : Ars Technica

Zawyè (Akhayar) 

www.akhayar.com