[Zawgyi] 

iPhone ေတြကို အသံုးျပဳသူေတြ Jailbreak လုပ္တဲ့အေပၚ Apple က သေဘာမက်ပါဘူး။ Jailbreak လုပ္တာေၾကာင့္ျဖစ္လာမယ့္ ဆိုးက်ိဳးေတြနဲ႔ အဆင္မေျပမႈေတြကို Apple က သူတို႔ Website မွာ ေဖာ္ျပခဲ့ပါတယ္။ iOS ကို မူအရင္းအတိုင္းမဟုတ္ဘဲ ျပင္ဆင္မႈေတြလုပ္ထားရင္ ျဖစ္လာမယ့္ ျပႆနာေတြကို အေသးစိတ္ေရးေပးထားတာ ေတြ႕ရပါတယ္။ 

Springboard Animations

iPhone အသံုးျပဳသူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ ဖုန္းေတြကို iOS ရဲ႕ မူလပါလာတဲ့ Feature ေတြထက္ ပိုၿပီးအသံုးျပဳခ်င္တာ၊ Theme ေတြေျပာင္းခ်င္တာေတြအျပင္ App Store မွမရွိတဲ့ App ေတြ၊ Game ေတြကိုထည့္သြင္းအသံုးျပဳဖို႔အတြက္ Jailbreak လုပ္ၾကတာပါ။ အရင္ကေတာ့ ျပည္တြင္းမွာလည္း iPhone ကို ျမန္မာစာထည့္ဖို႔အတြက္ Jailbreak လုပ္တဲ့သူေတြရွိပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ Jailbreak လုပ္သူလည္း နည္းလာပါၿပီ။ iOS 7 ကစလို႔ ျမန္မာစာထည့္တာ Jailbreak မလိုေတာ့လို႔ပါ။ 

Cydia Installer on Jailbroken iPhone

iOS ကို Jailbreak လုပ္လိုက္ရင္ ျဖစ္လာမယ့္ ျပႆနာေတြကို Apple က ေဖာ္ျပထားပါတယ္။ အဓိက ျပႆနာေတြကေတာ့ သင့္ iPhone မွာ လံုၿခံဳေရးအပိုင္း အားနည္းလာတာ၊ အသံုးျပဳရတာ ထစ္တာ၊ ေလးတာ၊ Battery အားကုန္ျမန္တာ၊ App ေတြ ျပန္ျပန္ထြက္တာ၊ ဖုန္းေျပာရင္ အသံမၿငိမ္တာေတြအျပင္ iOS Update ေတြပါ လုပ္လို႔မရေတာ့တာေတြျဖစ္လို႔ Apple က Jailbreak မလုပ္သင့္ဘူးလို႔ေျပာထားပါတယ္။ Jailbreak လုပ္တာ ဟာ iOS ကို Hack တာျဖစ္တာေၾကာင့္ iOS မွာပါတဲ့ အသံုးျပဳသူ သေဘာတူညီခ်က္ဆိုတာကို ပ်က္ပ်ယ္ေစပါတယ္။ Apple အေနနဲ႔လည္း တရားမဝင္ Software ပါေနတဲ့ iPhone ၊ iPad ၊ iPod Touch ေတြကို ျပဳျပင္ေပးဖို႔ ျငင္းဆိုႏိုင္ပါတယ္လို႔ Website မွာေရးထားပါတယ္။ သင္ေရာ Jailbreak လုပ္တာကို သေဘာက်သူလား ဒါမွမဟုတ္ iOS မွာ ပါတဲ့ Feature ေတြနဲ႔ ေက်နပ္သူလား။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPhone တွေ Jailbreak လုပ်တဲ့အပေါ် Apple ဘာပြောသလဲ

iPhone တွေကို အသုံးပြုသူတွေ Jailbreak လုပ်တဲ့အပေါ် Apple က သဘောမကျပါဘူး။ Jailbreak လုပ်တာကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ အဆင်မပြေမှုတွေကို Apple က သူတို့ Website မှာ ဖော်ပြခဲ့ပါတယ်။ iOS ကို မူအရင်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်မှုတွေလုပ်ထားရင် ဖြစ်လာမယ့် ပြဿနာတွေကို အသေးစိတ်ရေးပေးထားတာ တွေ့ရပါတယ်။ 

Springboard Animations

iPhone အသုံးပြုသူတော်တော်များများက သူတို့ရဲ့ ဖုန်းတွေကို iOS ရဲ့ မူလပါလာတဲ့ Feature တွေထက် ပိုပြီးအသုံးပြုချင်တာ၊ Theme တွေပြောင်းချင်တာတွေအပြင် App Store မှမရှိတဲ့ App တွေ၊ Game တွေကိုထည့်သွင်းအသုံးပြုဖို့အတွက် Jailbreak လုပ်ကြတာပါ။ အရင်ကတော့ ပြည်တွင်းမှာလည်း iPhone ကို မြန်မာစာထည့်ဖို့အတွက် Jailbreak လုပ်တဲ့သူတွေရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ Jailbreak လုပ်သူလည်း နည်းလာပါပြီ။ iOS 7 ကစလို့ မြန်မာစာထည့်တာ Jailbreak မလိုတော့လို့ပါ။ 

Cydia Installer on Jailbroken iPhone

iOS ကို Jailbreak လုပ်လိုက်ရင် ဖြစ်လာမယ့် ပြဿနာတွေကို Apple က ဖော်ပြထားပါတယ်။ အဓိက ပြဿနာတွေကတော့ သင့် iPhone မှာ လုံခြုံရေးအပိုင်း အားနည်းလာတာ၊ အသုံးပြုရတာ ထစ်တာ၊ လေးတာ၊ Battery အားကုန်မြန်တာ၊ App တွေ ပြန်ပြန်ထွက်တာ၊ ဖုန်းပြောရင် အသံမငြိမ်တာတွေအပြင် iOS Update တွေပါ လုပ်လို့မရတော့တာတွေဖြစ်လို့ Apple က Jailbreak မလုပ်သင့်ဘူးလို့ပြောထားပါတယ်။ Jailbreak လုပ်တာ ဟာ iOS ကို Hack တာဖြစ်တာကြောင့် iOS မှာပါတဲ့ အသုံးပြုသူ သဘောတူညီချက်ဆိုတာကို ပျက်ပျယ်စေပါတယ်။ Apple အနေနဲ့လည်း တရားမဝင် Software ပါနေတဲ့ iPhone ၊ iPad ၊ iPod Touch တွေကို ပြုပြင်ပေးဖို့ ငြင်းဆိုနိုင်ပါတယ်လို့ Website မှာရေးထားပါတယ်။ သင်ရော Jailbreak လုပ်တာကို သဘောကျသူလား ဒါမှမဟုတ် iOS မှာ ပါတဲ့ Feature တွေနဲ့ ကျေနပ်သူလား။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။