[Zawgyi] 





Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

MacBook ကြော်ငြာအတွက် Animated Character တွေသုံးလာတဲ့ Apple

Apple ကတော့ ကြော်ငြာ Video တွေ၊ Device အသစ်မိတ်ဆက်တဲ့ Video တွေမှာတော့ အမြဲတမ်း ကြည့်လို့ကောင်းနေအောင် အသေးစိတ်ဖန်တီးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း Holiday Season အတွက် ကြော်ငြာ Video တစ်ခုကို တင်ပေးလိုက်ပါပြီ။ Video ကိုကြည့်လိုက်ရင်တော့ ကောင်မလေးတစ်ယောက်၊ MacBook Pro တစ်လုံးနဲ့ ခွေးလေးတစ်ကောင်ကို စိတ်ကူးယဉ်ဆန်ဆန်မြို့လေးတစ်မြို့မှာ ဇာတ်လမ်းဖန်တီးပေးထားတွေ့ရမှာပါ။ 

ဒီကြော်ငြာမှာတော့ MacBook Pro တစ်လုံးပဲ Featuring လုပ်ပေးသွားလို့ MacBook ကြော်ငြာလို့တော့ ခေါင်းစဉ်တပ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက MacBook တော့မဟုတ်ဘဲ ဒီကြော်ငြာကို ဘယ်လိုဖန်တီးထားသလဲဆိုတဲ့အချက်ပါ။ 

ဒီ Video ကိုကြည့်လိုက်ပြီးရင်တော့ ဘာမှသိပ်ထူးဆန်းနေတာမျိုးမဟုတ်တာကို ခံစားမိမှာပါ။ ဒါပေမယ့် ဒီထဲမှာပါတဲ့ Setting တွေ၊ နောက်ခံတွေအားလုံးက CGI တွေမဟုတ်ဘဲ တကယ့်အစစ်တွေကိုသုံးထားတာများပါတယ်။ အောက်က Video မှာတော့ ဘယ်လို ဖန်တီးထားသလဲဆိုတာကို ကြည့်နိုင်ပါတယ်။ 

Apple ကတော့ Video တွေ၊ Commercial တွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ပြီးပြီးရော မလုပ်ပါဘူး။ Home Pod Commercial တုန်းကလည်း Setting အကျအနလုပ်ပြီးမှ Video ကို ဖန်တီးပေးခဲ့တာပါ။ အခု ဒီ Share Your Gifts ဆိုတဲ့ Video မှာ သုံးပေးသွားတာကတော့ ၁၆ နှစ်အရွယ် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Billie Eilish ရဲ့ Come And Play ဆိုတဲ့ သီချင်းကို သုံးပေးထားတာပါ။ အခုလို ၃ မိနှစ်စာ Commercial Video တစ်ခုအတွက် ဒီလောက် အသေးစိတ်လုပ်ထားတာကတော့ တော်တော်လေးသဘောကျဖို့ကောင်းပါတယ်။  

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။