[Zawgyi] 


iPhone X Face ID



Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

သင့်မျက်နှာက Account Password ဖြစ်နိုင်တယ်ဆိုတာ သက်သေပြလိုက်တဲ့ Apple

Apple ကတော့ လက်ရှိ iPhone X နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကို အဆက်မပြတ်တင်နေဆဲပါ။ မကြာသေးခင်ကလည်း  World Cup အတွက်  YouTube မှာ iPhone ရဲ့ Camera Feature တွေကိုပြသွားတဲ့ Video တွေကို တင်ခဲ့ပါသေးတယ်။ Apple က iPhone X ရဲ့ Feature တွေကို အခုလို ဆက်တိုက် Promote လုပ်နေတာရဲ့ နောက်ကွယ်မှာ ဘာတွေများရှိနေမလဲ။ 

iPhone X Face ID

အခုနောက်ဆုံး Apple က တင်လိုက်တဲ့ YouTube Video မှာ iPhone X ရဲ့ Face ID Feature တစ်ခုကို ဦးစားပေးဖော်ပြသွားပါတယ်။ iPhone တွေမှာ iCloud Keychain Feature ပါပါတယ်။ iCloud Keychain ကတော့ သင့်ရဲ့ Account တွေနဲ့ Password တွေကို မှတ်သားထားပေးမှာတဲ့ Feature ဖြစ်ပါတယ်။ iCloud Keychain က Touch ID ဒါမှမဟုတ် iPhone X မှာ စပါလာတဲ့ Face ID နဲ့တွဲပြီး အသုံးပြုနိုင်တာကြောင့် လုံခြုံစိတ်ချရပါတယ်။ အခု Video ထဲမှာတော့ iPhone X ကို အသုံးပြုပြီး Bank Account Password ကိုထည့်တဲ့အပိုင်းကို စိတ်ကူးကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။ 

Video မှာပါတဲ့အတိုင်း လူတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် Password တစ်ခုကို မှတ်မိဖို့ အလွန်ခက်ခဲနေတာမျိုးကို သေချာရိုက်ပြသွားတာ တွေ့ရမှာပါ။ သင်ကိုယ်တိုင်လည်း အခုလိုဖြစ်ဖူးမှာပါ။ အဲ့ဒီလို Password မေ့တတ်သူတွေအတွက် နည်းပညာတွေနဲ့ အခု Video ထဲကလို အစားထိုးလာပါပြီ။ သင့်စိတ်ထဲမှာ Password ကို မှတ်ထားစရာမလိုတော့ဘဲ သင့်မျက်နှာက သင့်ရဲ့ Password ဖြစ်နိုင်ပြီဆိုတာကို Apple က သက်သေပြလိုက်ပါပြီ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။