Apple က ယခုနှစ်အစောပိုင်းမှာ Apple TV Plus Streaming Service အသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ Apple TV Plus Show တွေမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကို Apple က မိတ်ဆက်သွားခဲ့ပေမယ့် တရားဝင်မိတ်ဆက်မယ့်အချိန်နဲ့ ဈေးနှုန်းတွေကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Apple ရဲ့ Exclusive Original Shows တွေနဲ့ ရုပ်ရှင်တွေက လာမယ့် နိုဝင်ဘာလမှာ မိတ်ဆက်လာဖို့များနေပါတယ်။ ဒီသတင်းကို Bloomberg ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ၉.၉၉ ဒေါ်လာကျင်သင့်မယ်လို့ သိရပါတယ်။ Apple New Plus Service လိုမျိုးပဲ ဒီ Apple TV Plus မှာလည်း Free Trial ရရှိနိုင်မယ်လို့ ယူဆရပါတယ်။

Apple ရဲ့ CEO Tim Cook ကတော့ အခု Apple TV Plus က လက်ရှိ Streaming Service တွေနဲ့ လုံးဝမတူတဲ့ပုံစံဖြစ်လာမယ်လို့ ပြောကြားခဲ့ပေမယ့် ဒါက The Morning Show လိုမျိုး Show တွေနဲ့ပဲ စတင်ဖို့ပိုများနေပါတယ်။ အဲ့ဒီအတွက် လက်ရှိ Netflix လို Streaming Service တွေနဲ့ Disney+ လိုမျိုး Service အသစ်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – CNet