[Zawgyi] 

Apple ရဲ႕ Router ေတြျဖစ္တဲ့ AirPort ၊ AirPort Extreme နဲ႔ Time Capsule ေတြကို ဆက္လက္ထုတ္လုပ္ေတာ့မွာမဟုတ္ပါဘူး။ Apple ကအခုလိုရပ္တန္႔လိုက္ေပမယ့္ Router ေတြနဲ႔ပတ္သက္တဲ့ ျပႆနာေတြ၊ Software Update ေတြအတြက္ ဆက္လက္ေထာက္ပံ့ေပးဦးမွာျဖစ္ပါတယ္။ Apple Store ေတြမွာလည္း သြားေရာက္ျပဳျပင္မႈေတြကို လုပ္ႏိုင္ဦးမွာပါ။ လက္ရွိက်န္ေနတဲ့ Router ေတြကိုေတာ့ ေစ်းကြက္ထဲမွာဆက္လက္ေရာင္းခ်ေနဦးမွာျဖစ္ေပမယ့္ Apple Store ေတြမွာေတာ့ ျပသေရာင္းခ်မွာမဟုတ္ေတာဘူးလို႔လည္း သိရပါတယ္။ 

AirPort Extreme and AirPort Time Capsule

Apple ကေတာ့ အခုလို Router နယ္ပယ္ထဲက ထြက္ခြာတဲ့အေၾကာင္းအရင္းကို ေျပာမသြားပါဘူး။ ေနာက္တစ္ခ်ိန္မွာေတာ့ လိုအပ္ရင္ ဒါမွမဟုတ္ Router နည္းပညာေတြနဲ႔ပတ္သက္လို႔ အသစ္ေတြလိုအပ္လာရင္ Apple အေနနဲ႔ျပန္ဝင္လာမယ္လို႔ ေျပာသြားပါတယ္။ AirPort နာမည္နဲ႔ Router ေတြကို ၁၉၉၉ ခုႏွစ္မွာ Apple ကစတင္မိ္တ္ဆက္ခဲ့ပါတယ္။ ၁၉၉၉  ခုႏွစ္ဝန္းက်င္ေတြတုန္းက Wireless ဝန္ေဆာင္မႈအားလံုးက ဇိမ္ခံပစၥည္းစာရင္းဝင္ပါတယ္။ Wireless နဲ႔ပတ္သက္ရင္ ေငြေၾကးတတ္ႏုိင္သူေတြသာ သံုးႏိုင္တဲ့အခ်ိန္ပါ။ အဲ့ဒီအခ်ိန္မ်ိဳးမွာ Apple က Wireless Router ကိုစေရာင္းေနပါၿပီ။ အဲ့လို႔အေၾကာင္းေတြေၾကာင့္လည္း Apple ကိုအခ်ိဳ႕က ဇိမ္ခံပစၥည္းကုမၸဏီလို႔လည္း ယူဆခဲ့တာမ်ိဳးေတြ ရွိခဲ့ပါတယ္။ 

Apple ရဲ႕ထုတ္ကုန္ေတြကို ဝယ္ယူသံုးစြဲသူေတြအေနနဲ႔ေတာ့ Apple Router ကိုဝယ္သံုးလို႔ရမွာ မဟုတ္ေတာ့ပါဘူး။ Apple Fan ေတြၾကားမွာ Router နဲ႔ပတ္သက္လာရင္ ေျပာစရာတစ္ခုျဖစ္လာပါၿပီ။ Apple Router ေတြကိုပဲသံုးေနတဲ့ Fan ေတြအတြက္ေတာ့ စိ္တ္မေကာင္းစရာပါ။ လက္ရွိအခိ်န္မွာလည္း Router ေစ်းကြက္က ယွဥ္ၿပိဳင္မႈမ်ားေနသလို Router ကုမၸဏီေတြလည္းမ်ားျပားလာပါၿပီ။ Router ေတြနဲ႔ Wireless ပိုင္းအတြက္ပဲ ထုတ္ကုန္ေတြေရာင္းခ်ေနတဲ့ ကုမၸဏီေတြကလည္းမ်ားျပားပါတယ္။ iPhone ၊ iPad ေတြနဲ႔ Mac ေတြကိုအဓိကထား ထုတ္လုပ္ေနရတဲ့ Apple လိုကုမၸဏီတစ္ခုက Router ေရာင္းခ်တဲ့အပိုင္းကို ရပ္လိုက္တာေတာ့ သိပ္မဆန္းပါဘူး။ Router ေတြက Apple ရဲ႕ အဓိက ဝင္ေငြကိုရွာေပးတဲ့ အပိုင္းလည္းမဟုတ္တာေၾကာင့္ အခုလိုရပ္လိုက္တာဟာ ကုမၸဏီရဲ႕ႏွစ္စဥ္ ဝင္ေငြကိုထိခိုက္သြားတာမ်ိဳးမရွိပါဘူ။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

AirPort Router တွေထုတ်လုပ်ရောင်းချတော့မှာမဟုတ်တဲ့ Apple

Apple ရဲ့ Router တွေဖြစ်တဲ့ AirPort ၊ AirPort Extreme နဲ့ Time Capsule တွေကို ဆက်လက်ထုတ်လုပ်တော့မှာမဟုတ်ပါဘူး။ Apple ကအခုလိုရပ်တန့်လိုက်ပေမယ့် Router တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ Software Update တွေအတွက် ဆက်လက်ထောက်ပံ့ပေးဦးမှာဖြစ်ပါတယ်။ Apple Store တွေမှာလည်း သွားရောက်ပြုပြင်မှုတွေကို လုပ်နိုင်ဦးမှာပါ။ လက်ရှိကျန်နေတဲ့ Router တွေကိုတော့ ဈေးကွက်ထဲမှာဆက်လက်ရောင်းချနေဦးမှာဖြစ်ပေမယ့် Apple Store တွေမှာတော့ ပြသရောင်းချမှာမဟုတ်တောဘူးလို့လည်း သိရပါတယ်။ 

AirPort Extreme and AirPort Time Capsule

Apple ကတော့ အခုလို Router နယ်ပယ်ထဲက ထွက်ခွာတဲ့အကြောင်းအရင်းကို ပြောမသွားပါဘူး။ နောက်တစ်ချိန်မှာတော့ လိုအပ်ရင် ဒါမှမဟုတ် Router နည်းပညာတွေနဲ့ပတ်သက်လို့ အသစ်တွေလိုအပ်လာရင် Apple အနေနဲ့ပြန်ဝင်လာမယ်လို့ ပြောသွားပါတယ်။ AirPort နာမည်နဲ့ Router တွေကို ၁၉၉၉ ခုနှစ်မှာ Apple ကစတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၉၉  ခုနှစ်ဝန်းကျင်တွေတုန်းက Wireless ဝန်ဆောင်မှုအားလုံးက ဇိမ်ခံပစ္စည်းစာရင်းဝင်ပါတယ်။ Wireless နဲ့ပတ်သက်ရင် ငွေကြေးတတ်နိုင်သူတွေသာ သုံးနိုင်တဲ့အချိန်ပါ။ အဲ့ဒီအချိန်မျိုးမှာ Apple က Wireless Router ကိုစရောင်းနေပါပြီ။ အဲ့လို့အကြောင်းတွေကြောင့်လည်း Apple ကိုအချို့က ဇိမ်ခံပစ္စည်းကုမ္ပဏီလို့လည်း ယူဆခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ 

Apple ရဲ့ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲသူတွေအနေနဲ့တော့ Apple Router ကိုဝယ်သုံးလို့ရမှာ မဟုတ်တော့ပါဘူး။ Apple Fan တွေကြားမှာ Router နဲ့ပတ်သက်လာရင် ပြောစရာတစ်ခုဖြစ်လာပါပြီ။ Apple Router တွေကိုပဲသုံးနေတဲ့ Fan တွေအတွက်တော့ စိတ်မကောင်းစရာပါ။ လက်ရှိအချိန်မှာလည်း Router ဈေးကွက်က ယှဉ်ပြိုင်မှုများနေသလို Router ကုမ္ပဏီတွေလည်းများပြားလာပါပြီ။ Router တွေနဲ့ Wireless ပိုင်းအတွက်ပဲ ထုတ်ကုန်တွေရောင်းချနေတဲ့ ကုမ္ပဏီတွေကလည်းများပြားပါတယ်။ iPhone ၊ iPad တွေနဲ့ Mac တွေကိုအဓိကထား ထုတ်လုပ်နေရတဲ့ Apple လိုကုမ္ပဏီတစ်ခုက Router ရောင်းချတဲ့အပိုင်းကို ရပ်လိုက်တာတော့ သိပ်မဆန်းပါဘူး။ Router တွေက Apple ရဲ့ အဓိက ဝင်ငွေကိုရှာပေးတဲ့ အပိုင်းလည်းမဟုတ်တာကြောင့် အခုလိုရပ်လိုက်တာဟာ ကုမ္ပဏီရဲ့နှစ်စဉ် ဝင်ငွေကိုထိခိုက်သွားတာမျိုးမရှိပါဘူ။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။