[Zawgyi] 

Apple Music နဲ႔ Apple ရဲ႕ Online Radio Service ေတြကေတာ့ အခုအခ်ိန္မွာ ၿပိဳင္ဖက္ေတြျဖစ္တဲ့ Spotify ၊ Amazon Music နဲ႔ Tidal တို႔နဲ႔ ယွဥ္ရင္ေတာ့ ပိုၿပီးေအာင္ျမင္တဲ့ အဆင့္မွာေရာက္ေနပါၿပီ။ အခုေတာ့ Apple က US မွာ အႀကီးဆံုး Radio Compay တစ္ခုျဖစ္တဲ့ iHeartMedia နဲ႔ ပူးေပါင္းဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြထြက္လာပါၿပီ။

iHeartMedia အေနနဲ႔ေတာ့ $20 Billion အေႂကြးတင္ေနပါတယ္။ ကုမၸဏီက အဲ့ဒီလိုအေျခအေနမွာ ျပင္ပက ရင္းႏွီးႁမွဳပ္ႏွံသူေတြကို ရွာေဖြဖို႔လိုအပ္ေနၿပီး Apple ကေတာ့ ရင္းႏွီးႁမွဳပ္ႏွံမယ့္ ကုမၸဏီေတြထဲက တစ္ခုျဖစ္လာမွာပါ။ iHeartMedia က ရွာေဖြေနတာမ်ိဳးကေတာ့ သန္းဆယ္နဲ႔ခ်ီၿပီးတန္ဖိုးရွိတဲ့ သေဘာတူညီမႈတစ္ခုပါ။ အဲ့ဒီလို သေဘာတူညီမႈကေတာ့ ေငြေၾကးဖလွယ္တာမ်ိဳးမဟုတ္ဘဲ Marketing ပိုင္းမွာပဲ ကုမၸဏီႏွစ္ခု တြၿပီးလုပ္တာမ်ိဳးပါ။

Apple Beats 1 Radio

ကုမၸဏီႏွစ္ခု ပူးေပါင္းၾကမယ့္ အထဲမွာေတာ့ Apple ရဲ႕ Beats 1 Radio ကို လူအမ်ားဆီ ပိုၿပီးေရာက္ႏိုင္ေအာင္ လုပ္ေပးႏိုင္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Beats 1 Radio က Apple Music နဲ႔ iTunes App ေတြကေနပဲ နားေထာင္လို႔ရေနတာျဖစ္ပါတယ္။ Beats 1 ရဲ႕ အရွိန္အဝါက Apple ေမွ်ာ္လင့္ထားတဲ့အေျခအေနအထိ ေရာက္မလာေသးတာေၾကာင့္ Apple အေနနဲ႔လည္း အခုလိုရင္းႏွီးႁမွဳပ္ႏွံမႈေတြကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

Shazam App

အရင္ကလည္း Apple က သူတို႔ရဲ႕ Music ဝန္ေဆာင္မႈနဲ႔ပတ္သက္လို႔ Shazam ကိုလည္း ဝယ္ယူခဲ့ပါေသးတယ္။ Beats ကလည္း Apple ရဲ႕ အႀကီးဆံုး ဝယ္ယူမႈေတြထဲက တစ္ခုျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Apple Music ရဲ႕ အစိတ္အပိုင္းႀကီးတစ္ခုအျဖစ္ ရွိေနပါၿပီ။ iHeartRadio ကေတာ့ Station ေပါင္း ၈၅၀ ေက်ာ္ကိုလႊမ္းမိုးႏိုင္တဲ့ ဝန္ေဆာင္မႈႀကီးတစ္ခုျဖစ္လို႔ Apple နဲဲ႔ ပူးေပါင္းလိုက္ရင္ ေျပာင္းလဲမႈအသစ္ေတြ ထပ္ျဖစ္လာႏိုင္ဦးမွာေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Online Radio Service တစ်ခုဖြစ်တဲ့ iHeartRadio နဲ့ ပူးပေါင်းတော့မယ့် Apple

Apple Music နဲ့ Apple ရဲ့ Online Radio Service တွေကတော့ အခုအချိန်မှာ ပြိုင်ဖက်တွေဖြစ်တဲ့ Spotify ၊ Amazon Music နဲ့ Tidal တို့နဲ့ ယှဉ်ရင်တော့ ပိုပြီးအောင်မြင်တဲ့ အဆင့်မှာရောက်နေပါပြီ။ အခုတော့ Apple က US မှာ အကြီးဆုံး Radio Compay တစ်ခုဖြစ်တဲ့ iHeartMedia နဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်လာပါပြီ။

iHeartMedia အနေနဲ့တော့ $20 Billion အကြွေးတင်နေပါတယ်။ ကုမ္ပဏီက အဲ့ဒီလိုအခြေအနေမှာ ပြင်ပက ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေဖို့လိုအပ်နေပြီး Apple ကတော့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာမှာပါ။ iHeartMedia က ရှာဖွေနေတာမျိုးကတော့ သန်းဆယ်နဲ့ချီပြီးတန်ဖိုးရှိတဲ့ သဘောတူညီမှုတစ်ခုပါ။ အဲ့ဒီလို သဘောတူညီမှုကတော့ ငွေကြေးဖလှယ်တာမျိုးမဟုတ်ဘဲ Marketing ပိုင်းမှာပဲ ကုမ္ပဏီနှစ်ခု တွပြီးလုပ်တာမျိုးပါ။

Apple Beats 1 Radio

ကုမ္ပဏီနှစ်ခု ပူးပေါင်းကြမယ့် အထဲမှာတော့ Apple ရဲ့ Beats 1 Radio ကို လူအများဆီ ပိုပြီးရောက်နိုင်အောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Beats 1 Radio က Apple Music နဲ့ iTunes App တွေကနေပဲ နားထောင်လို့ရနေတာဖြစ်ပါတယ်။ Beats 1 ရဲ့ အရှိန်အဝါက Apple မျှော်လင့်ထားတဲ့အခြေအနေအထိ ရောက်မလာသေးတာကြောင့် Apple အနေနဲ့လည်း အခုလိုရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Shazam App

အရင်ကလည်း Apple က သူတို့ရဲ့ Music ဝန်ဆောင်မှုနဲ့ပတ်သက်လို့ Shazam ကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ Beats ကလည်း Apple ရဲ့ အကြီးဆုံး ဝယ်ယူမှုတွေထဲက တစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ Apple Music ရဲ့ အစိတ်အပိုင်းကြီးတစ်ခုအဖြစ် ရှိနေပါပြီ။ iHeartRadio ကတော့ Station ပေါင်း ၈၅၀ ကျော်ကိုလွှမ်းမိုးနိုင်တဲ့ ဝန်ဆောင်မှုကြီးတစ်ခုဖြစ်လို့ Apple နဲ့ ပူးပေါင်းလိုက်ရင် ပြောင်းလဲမှုအသစ်တွေ ထပ်ဖြစ်လာနိုင်ဦးမှာကြောင့် စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com