စိတ္ထဲမွာ ထင္က်န္ေစခဲ့တဲ့ ဇတ္လမ္းတုိတစ္ပုဒ္ (သို႕) iPhone X ေၾကာ္ျငာ

စမတ္ဖုန္းပဲျဖစ္ျဖစ္ အျခား Product တစ္ခုခုရဲ႕ ေၾကာ္ျငာလုိ႔ ေျပာလုိက္တာနဲ႔ မ်က္စိထဲေျပးျမင္မိတာ အဆိုပါ Product တစ္ခုကို အခ်ိန္တိုအတြင္းမွာ ေၾကာ္ျငာမွာကိုပဲ ျမင္မိၾကမွာပါ။ ဒါေပမယ့္ Apple ကေတာ့ Think Different ဆုိတဲ့အတိုင္းပဲ Apple ဒါမွမဟုတ္ iPhone X အေၾကာင္းတစ္ခုမွ မေဖာ္ျပသြားပဲ လွပတဲ့ “Three Minutes” ဆိုတဲ့ ၾကာခ်ိန္ ၇ မိနစ္ရွိတဲ့ ရုပ္ရွင္ဇတ္လမ္းတိုတစ္ပုဒ္နဲ႔ ၾကည့္ရႈသူေတြကို စိတ္ထဲေရာက္သြားေအာင္ လႈပ္ကိုင္ခဲ့ပါတယ္။

ဒီရုပ္ရွင္ဇတ္လမ္းတိုက ျဖစ္ရပ္မွန္ဇတ္လမ္းကို ရုိက္ကူးခဲ့တာျဖစ္ျပီးေတာ့ ရထား Conductor တစ္ေယာက္က ႏွစ္ကူးအခ်ိန္မွာလည္း အလုပ္လုပ္ကိုင္ေနရတဲ့အတြက္ အားလပ္ရက္ကို သူမရဲ႕ သားအတြက္အခ်ိန္မေပးႏုိင္တာ၊ ေနာက္ဆံုးမွာ ၃ မိနစ္ပဲ ရပ္တဲ့ ရထားဘူတာတစ္ခုကို သူမရဲ႕သားကို ေစာင့္ေနေစျပီး ရတဲ့အခ်ိန္မိနစ္ပိုင္းေလးမွာ သားအမိႏွစ္ေယာက္ေတြ႕ရတဲ့အေၾကာင္းကို ရုိးရုိးရွင္းရွင္းနဲ႔ ရုိက္ကူးထားတာျဖစ္ပါတယ္။

iPhone X ေၾကာ္ျငာျဖစ္ေပမယ့္ ဒီဇတ္လမ္းတိုကုိ iPhone X နဲ႔ ရုိက္ကူးခဲ့တယ္ဆုိတာကလြဲျပီး က်န္တဲ့ေနရာေတြမွာ Apple Product ဒါမွမဟုတ္ iPhone X ကို မထည့္သြင္းခဲ့ပဲနဲ႔ ဇတ္လမ္းကိုပဲ အားစိုက္ထုတ္ထားတဲ့အေပၚကိုေတာ့ ခ်ီးက်ဴးဖုိ႔ေကာင္းပါတယ္။

ဘာပဲျဖစ္ျဖစ္ အခ်ိန္ခဏေလးေပးျပီး အခုလုိမ်ိဳး ခြဲထြက္လာတဲ့ စိတ္ထဲကို ေရာက္ရွိေစတဲ့ iPhone X – Three Minutes ေၾကာ္ျငာကို ၾကည့္လုိက္ရေအာင္လား…။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

စမတ်ဖုန်းပဲဖြစ်ဖြစ် အခြား Product တစ်ခုခုရဲ့ ကြော်ငြာလို့ ပြောလိုက်တာနဲ့ မျက်စိထဲပြေးမြင်မိတာ အဆိုပါ Product တစ်ခုကို အချိန်တိုအတွင်းမှာ ကြော်ငြာမှာကိုပဲ မြင်မိကြမှာပါ။ ဒါပေမယ့် Apple ကတော့ Think Different ဆိုတဲ့အတိုင်းပဲ Apple ဒါမှမဟုတ် iPhone X အကြောင်းတစ်ခုမှ မဖော်ပြသွားပဲ လှပတဲ့ “Three Minutes” ဆိုတဲ့ ကြာချိန် ၇ မိနစ်ရှိတဲ့ ရုပ်ရှင်ဇတ်လမ်းတိုတစ်ပုဒ်နဲ့ ကြည့်ရှုသူတွေကို စိတ်ထဲရောက်သွားအောင် လှုပ်ကိုင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇတ်လမ်းတိုက ဖြစ်ရပ်မှန်ဇတ်လမ်းကို ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ရထား Conductor တစ်ယောက်က နှစ်ကူးအချိန်မှာလည်း အလုပ်လုပ်ကိုင်နေရတဲ့အတွက် အားလပ်ရက်ကို သူမရဲ့ သားအတွက်အချိန်မပေးနိုင်တာ၊ နောက်ဆုံးမှာ ၃ မိနစ်ပဲ ရပ်တဲ့ ရထားဘူတာတစ်ခုကို သူမရဲ့သားကို စောင့်နေစေပြီး ရတဲ့အချိန်မိနစ်ပိုင်းလေးမှာ သားအမိနှစ်ယောက်တွေ့ရတဲ့အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

iPhone X ကြော်ငြာဖြစ်ပေမယ့် ဒီဇတ်လမ်းတိုကို iPhone X နဲ့ ရိုက်ကူးခဲ့တယ်ဆိုတာကလွဲပြီး ကျန်တဲ့နေရာတွေမှာ Apple Product ဒါမှမဟုတ် iPhone X ကို မထည့်သွင်းခဲ့ပဲနဲ့ ဇတ်လမ်းကိုပဲ အားစိုက်ထုတ်ထားတဲ့အပေါ်ကိုတော့ ချီးကျူးဖို့ကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် အချိန်ခဏလေးပေးပြီး အခုလိုမျိုး ခွဲထွက်လာတဲ့ စိတ်ထဲကို ရောက်ရှိစေတဲ့ iPhone X – Three Minutes ကြော်ငြာကို ကြည့်လိုက်ရအောင်လား…။

Zawyè (Akhayar) 

www.akhayar.com