[Zawgyi] 
Ref: Cult Of Mac, CBS
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
ခေါင်းစွပ်အကျႌဝတ်ထားတဲ့ လူတွေ Apple Store တစ်ခုကို ဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့ပြီ
ခေါင်းစွတ်အကျႌဝတ်ထားတဲ့ လူလေးယောက်က California ပြည်နယ် Fresno မြို့ Fashion Fair Mall  မှာရှိတဲ့ Apple Store တစ်ခုကိုဝင်ယောက်  လုယက်မှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ Store ထဲမှာ စမ်းသပ်အသုံးပြုဖို့ စားပွဲတွေပေါ်မှာ ခင်းကျင်းပြသထားတဲ့ MacBook တွေနဲ့ iPhone တွေကို တစ်လုံးပြီးတစ်လုံး ဖြုတ်ယူပြီးအထပ်လိုက် လက်ထဲမှာသယ်ပြီး ထွက်ပြေးသွားတာပါ။ 
ဒီအဖြစ်အပျက်မတိုင်ခင်ကလည်း New York Apple Store တစ်ခုမှာလည်း အခုလို ဖြစ်ပွားထားပါသေးတယ်။ တစ်ခုနဲ့တစ်ခုက ဖြစ်သွားတာ အချိန်သိပ်မခြားပေမယ့် အခုအဖြစ်အပျက်ကတော့ New York ကိစ္စကို မှီငြမ်းပြီးဖြစ်တာမဟုတ်နိုင်ဘူးလို့ ယူဆထားကြပါတယ်။ အခုဖြစ်သွားတဲ့ တစ်ခုမှာတော့ CCTV မှတ်တမ်းတွေအရ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပေမယ့် လူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ခန့်မှန်းဖို့ခက်ခဲနေပါတယ်။ 
အခုလို ဝင်လုတဲ့အချိန်မှာ Apple Store က ဝန်ထမ်းတွေက လုယက်သူတွေကို ဝင်မတားခဲ့ပါဘူး။ ဈေးဝယ်သူတစ်ယောက်ကတော့ တားဖို့လုပ်တာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။ အခုလို လုယက်မှုကြောင့် MacBook နဲ့ iPhone တွေအများကြီး ပါသွားပါတယ်။ MacBook Pro လို တန်ဖိုးကြီးတာတွေလည်း ပါသွားတာကြောင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုးလောက်ဖြစ်သွားခဲ့ပါတယ်။ MacBook တွေနဲ့ iPhone 6 ၊ iPhoen 7 ၊ iPhone 8 နဲ့ iPhone X စုစုပေါင်း ၂၆ လုံးပါသွားခဲ့ပါတယ်။ အခုလို အဖြစ်အပျက်တွေက နည်းနေသေးတယ်ဆိုပေမယ့် Apple အနေနဲ့တော့ Apple Store တွေအတွက် လုံခြုံရေးဝန်ထမ်းအသစ်တွေ လိုနေပါပြီ။  
Ref: Cult Of Mac, CBS
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။