[Zawgyi] 


Galaxy Note 9


Galaxy Note 9 S Pen




Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Apple ကို Note 9 နဲ့ Ingenius ကြော်ငြာတွေ အပိုင်းဆက်ပေးလိုက်တဲ့ Samsung

Samsung ကတော့ ဖုန်းအသစ်ထွက်တိုင်း Apple ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ သေချာသွားပါပြီ။ Note 9 ထွက်ပြီးတာနဲ့ အရင်က Ingenius ကြော်ငြာတွေကို Note 9 အသုံးပြုပြီး ဆက်ရိုက်လာပါတယ်။ Apple ရဲ့ iPhone X ကိုတိုက်ခိုက်နေတာ အခုဆိုရင် တော်တော်များလာပါပြီ။ အရင်ကတော့ Galaxy S9 တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုတော့ Note 9 ကိုအသုံးပြုပြီး တိုက်ခိုက်ထားတာပါ။ 

Galaxy Note 9

iPhone X ရဲ့ Download Speed ၊ Notch ၊ 3.5mm Headphone Port နဲ့ Fast Charger စတာတွေကို တောက်လျှောက်တိုက်ခိုက်ခဲ့ပြီးတော့ အခုတစ်ခါမှာလည်း Power နဲ့ Stylus ဖက်ကနေ တိုက်ခိုက်ထားပါတယ်။ Video တွေကို တင်နေတာကတော့ Samsung ရဲ့ US YouTube Channel ဖြစ်ပါတယ်။ ကြော်ငြာတွေကလည်း အမေရိကန် Apple ပရိသတ်ကို တိုက်ရိုက်ခနဲ့နေတာဖြစ်တဲ့အပြင် ဖုန်းရောင်းအားတွေတက်လာစေဖို့ Campagin တစ်ခုအနေနဲ့ Ingenius ကို Samsung က လုပ်နေတာမျိုးပါ။ 

Galaxy Note 9 S Pen

Ingenius: Pen ဆိုပြီး Apple Pencil နဲ့ iPhone X ကို သရော်ထားတာပါ။ Apple Pencil ကတော့ iPad တွေမှာပဲ သုံးလို့ရတာကြောင့် iPhone အတွက် Stylus ဆိုပြီး သီးသန့်မရှိပါဘူး။ Steve Jobs ပြောသွားတဲ့ ဖုန်းကို လက်နဲ့သုံးရင်ရတာပဲဆိုတာကို သရော်ထားပြီး Note 9 မှာ ပါတဲ့ S Pen ကို ဈေးဗန်းခင်းပြသွားတာပါ။ 

Ingenius: Power ကတော့ Galaxy Note 9 က Powerful ဖြစ်ကြောင်းကိုဖော်ပြသွားတာမျိုးမဟုတ်ဘဲ iPhone X ရဲ့ Powerful ဖြစ်တယ်ဆိုတာတွေကိုပြောရင်း သရော်သွားတာပါ။ iPhone X က Face ID ကြောင့် မျက်နှာနဲ့ဖွင့်လို့ရတယ်ဆိုတဲ့အချက်နဲ့ iOS 12 ရဲ့ FaceTime Call အကြောင်းကို အသုံးမဝင်ဘူးလိုလိုပြောပြီး သရော်ထားတာပါ။ 

ဒီကြော်ငြာတွေကိုကြည့်ပြီးသွားတဲ့ Apple ပရိသတ်အနေနဲ့တော့ တော်တော်လေး မခံမရပ်နိုင်ဖြစ်သွားမယ်ဆိုတာ သေချာပါတယ်။ Samsung ကတော့ ဈေးကွက်ချဲ့ထွင်တဲ့နေရာမှာ ဘယ်လို နည်းလမ်းကိုသုံးရမလဲဆိုတာ ကောင်းကောင်းသိနေတာလား၊ Apple ကိုပဲ တိုက်ခိုက်ချင်နေတဲ့အချက်နဲ့တင် အခုလို လုပ်တာလားဆိုတာ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး။ သင်ရော ဒီကြောငြာတွေကို ဘယ်လိုမြင်ပါသလဲ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။