Apple ဟာ ယခင္တုန္းက Lightning Cable နဲ႔ USB-A ကိုပဲ အဓိကထားျပီး ထုတ္လုပ္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ 2016 MacBook Pro ေတြမွာ USB-C Port ေတြပဲေျပာင္းလဲျပီးေနာက္ပိုင္းမွာ တျဖည္းျဖည္း USB-C ဘက္ကို ကူးေျပာင္းလာခဲ့ပါတယ္။

အခုအခ်ိန္မွာလည္း Apple ကေန လာမယ့္ ေအာက္တုိဘာလ ၃၀ ရက္ေန႔မွာ ျပဳလုပ္သြားမယ့္ Apple ရဲ႕ iPad Pro Event မွာ အသစ္မိတ္ဆက္သြားမယ့္ iPad Pro အသစ္မွာ USB-C ကို ေျပာင္းလဲျပီး တပ္ဆင္လာမယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။ အခု သတင္းကို ေသခ်ာသြားေစတာကေတာ့ Apple Watch အတြက္ USB-C Charging Cable ကို အသစ္ထုတ္ေပးလုိက္တာပဲျဖစ္ပါတယ္။

Apple Watch USB-C Charger

အခု Apple Watch အတြက္ USB-C Cable ကို ၂၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ျပီးေတာ့ 0.3m အရွည္ရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္ ပံုမွန္ USB-A Charger မွာ ရရွိႏုိင္သလုိမ်ိဳး USB-A Charger အတြက္ 1m နဲ႔ 2m Version ေတြရႏုိင္မလားဆိုတာကိုေတာ့ ေၾကညာခဲ့ျခင္းမရွိပါဘူး။ အခု USB-C Charger Cable က ပံုမွန္ USB-A Charger ေတြနဲ႔ ယွဥ္ရင္ Charging Time နဲ႔ Power Delivery ေတြက ကြာျခားမွာမဟုတ္ဘူးလုိ႔ သိရပါတယ္။

Apple Watch USB-A Charger

အခုလုိမ်ိဳး USB-C Charger Cable ကို ထုတ္ေပးလုိက္တာက တကယ္လုိ႔သာ iPad Pro အသစ္မွာ USB-C ကို အသံုးျပဳလာခဲ့ရင္ iPad Pro ကေန Apple Watch ကို တုိက္ရုိက္အားသြင္းႏုိင္မွာျဖစ္ျပီးေတာ့ MacBook ပိုင္ရွင္ေတြအတြက္လည္း သီးသန္႔ Dongle မလုိအပ္ဘဲ အားသြင္းႏုိင္ေတာ့မွာပါ။

Apple Watch Charger

ပထမဆံုးအေနနဲ႔ MacBook ေတြ၊ အခုအခ်ိန္မွာ iPad Pro ေတြကပါ USB-C ကို ေျပာင္းလဲလာျပီဆုိရင္ ေနာက္ပိုင္းမွာ iPhone ေတြမွာလည္း USB-C ကိုေျပာင္းလဲလာဖုိ႔က ေသခ်ာသေလာက္ျဖစ္ေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ဟာ ယခင်တုန်းက Lightning Cable နဲ့ USB-A ကိုပဲ အဓိကထားပြီး ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 2016 MacBook Pro တွေမှာ USB-C Port တွေပဲပြောင်းလဲပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း USB-C ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။

အခုအချိန်မှာလည်း Apple ကနေ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Apple ရဲ့ iPad Pro Event မှာ အသစ်မိတ်ဆက်သွားမယ့် iPad Pro အသစ်မှာ USB-C ကို ပြောင်းလဲပြီး တပ်ဆင်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။ အခု သတင်းကို သေချာသွားစေတာကတော့ Apple Watch အတွက် USB-C Charging Cable ကို အသစ်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

Apple Watch USB-C Charger

အခု Apple Watch အတွက် USB-C Cable ကို ၂၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ 0.3m အရှည်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် USB-A Charger မှာ ရရှိနိုင်သလိုမျိုး USB-A Charger အတွက် 1m နဲ့ 2m Version တွေရနိုင်မလားဆိုတာကိုတော့ ကြေညာခဲ့ခြင်းမရှိပါဘူး။ အခု USB-C Charger Cable က ပုံမှန် USB-A Charger တွေနဲ့ ယှဉ်ရင် Charging Time နဲ့ Power Delivery တွေက ကွာခြားမှာမဟုတ်ဘူးလို့ သိရပါတယ်။

Apple Watch USB-A Charger

အခုလိုမျိုး USB-C Charger Cable ကို ထုတ်ပေးလိုက်တာက တကယ်လို့သာ iPad Pro အသစ်မှာ USB-C ကို အသုံးပြုလာခဲ့ရင် iPad Pro ကနေ Apple Watch ကို တိုက်ရိုက်အားသွင်းနိုင်မှာဖြစ်ပြီးတော့ MacBook ပိုင်ရှင်တွေအတွက်လည်း သီးသန့် Dongle မလိုအပ်ဘဲ အားသွင်းနိုင်တော့မှာပါ။

Apple Watch Charger

ပထမဆုံးအနေနဲ့ MacBook တွေ၊ အခုအချိန်မှာ iPad Pro တွေကပါ USB-C ကို ပြောင်းလဲလာပြီဆိုရင် နောက်ပိုင်းမှာ iPhone တွေမှာလည်း USB-C ကိုပြောင်းလဲလာဖို့က သေချာသလောက်ဖြစ်နေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com