[Zawgyi] 

Apple က iPhone အသစ္ေတြျဖစ္တဲ့ iPhone XS ၊ iPhone XS Max နဲ႔ ေစ်းပိုသက္သာတဲ့ iPhone XR ေတြကို မိတ္ဆက္ၿပီးတာ သိပ္မၾကာေသးပါဘူး။ အဲ့ဒီေနာက္ပိုင္း iPhone X ေတြေရာင္းတာကို ရပ္လိုက္ၿပီး iPhone 7 ၊ iPhone 7 Plus ၊ iPhone 8 ၊ iPhone 8 Plus Model ေတြကိုပဲ ေရာင္းေတာ့တာပါ။ 

Refurbished iPhone 7 Plus

Refurbished iPhone 8 ေတြကို စမေရာင္းခင္ကေတာ့ Refurbished iPhone 7 နဲ႔ iPhone 7 Plus ေတြကို ေရာင္းေပးခဲ့ပါတယ္။ Refurbished iPhone 7 ေတြကိုေတာ့ 32GB Version ကုိ $379 ကေန စေရာင္းေနၿပီး 128GB Version ကိုေတာ့ $469 နဲ႔ ေရာင္းေပးေနတာပါ။ iPhone 7 Plus Model ေတြကိုေတာ့ 32GB Vesion ကို $479 နဲ႔ေရာင္းေပးေနၿပီး 128GB Version ကုိေတာ့ $569 ၊ 256GB ကို $649 နဲ႔ ေရာင္းေပးေနပါတယ္။ 

Refurbished iPhone 8 64GB

iPhone 8 ေတြမွာေတာ့ 64GB က စၿပီးေရာင္းေပးေနတာျဖစ္ၿပီး ေစ်းကေတာ့ $499 ပါ။ မူရင္းေစ်းက 64GB ကို $599 နဲ႔ေရာင္းတာျဖစ္လို႔ Refurbished ကို ဝယ္မယ္ဆိုရင္ $100 သက္သာပါတယ္။ လက္ရွိမွာေတာ့ iPhone 8 64GB အသစ္ေတြက ျပည္တြင္းမွာ ၁၁ သိန္းဝန္းက်င္ ရွိတာေၾကာင့္ ေစ်းကမေသးပါဘူး။ Refurbished iPhone ေတြကိုေတာ့ ေစ်းသက္သက္သာသာနဲ႔ iPhone အသစ္ကို ကိုင္ခ်င္သူေတြက ေစာင့္ဝယ္ေလ့ရွိၾကပါတယ္။ အေၾကာင္းကေတာ့ Apple က Refurbished iPhone ေတြကိုလည္း ၁ ႏွစ္အာမခံ ျပန္ေပးသလို ဘူးထဲမွာပါတဲ့ Accessory ေတြကိုလည္း အသစ္ေတြျပန္ထည့္ေပးထားတာေၾကာင့္ ဝယ္သူအတြက္ ထိခိုက္နစ္နာတာမ်ိဳးမရွိပါဘူး။ Refurbished iPhone ေတြနဲ႔ ပတ္သက္လို႔ေတာ့ ဒီ Link မွာ ရွင္းျပထားပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Apple က Refurbished iPhone 8 ေတြကို စေရာင္းၿပီ

Apple က iPhone အသစ်တွေဖြစ်တဲ့ iPhone XS ၊ iPhone XS Max နဲ့ ဈေးပိုသက်သာတဲ့ iPhone XR တွေကို မိတ်ဆက်ပြီးတာ သိပ်မကြာသေးပါဘူး။ အဲ့ဒီနောက်ပိုင်း iPhone X တွေရောင်းတာကို ရပ်လိုက်ပြီး iPhone 7 ၊ iPhone 7 Plus ၊ iPhone 8 ၊ iPhone 8 Plus Model တွေကိုပဲ ရောင်းတော့တာပါ။ 

Refurbished iPhone 7 Plus

Refurbished iPhone 8 တွေကို စမရောင်းခင်ကတော့ Refurbished iPhone 7 နဲ့ iPhone 7 Plus တွေကို ရောင်းပေးခဲ့ပါတယ်။ Refurbished iPhone 7 တွေကိုတော့ 32GB Version ကို $379 ကနေ စရောင်းနေပြီး 128GB Version ကိုတော့ $469 နဲ့ ရောင်းပေးနေတာပါ။ iPhone 7 Plus Model တွေကိုတော့ 32GB Vesion ကို $479 နဲ့ရောင်းပေးနေပြီး 128GB Version ကိုတော့ $569 ၊ 256GB ကို $649 နဲ့ ရောင်းပေးနေပါတယ်။ 

Refurbished iPhone 8 64GB

iPhone 8 တွေမှာတော့ 64GB က စပြီးရောင်းပေးနေတာဖြစ်ပြီး ဈေးကတော့ $499 ပါ။ မူရင်းဈေးက 64GB ကို $599 နဲ့ရောင်းတာဖြစ်လို့ Refurbished ကို ဝယ်မယ်ဆိုရင် $100 သက်သာပါတယ်။ လက်ရှိမှာတော့ iPhone 8 64GB အသစ်တွေက ပြည်တွင်းမှာ ၁၁ သိန်းဝန်းကျင် ရှိတာကြောင့် ဈေးကမသေးပါဘူး။ Refurbished iPhone တွေကိုတော့ ဈေးသက်သက်သာသာနဲ့ iPhone အသစ်ကို ကိုင်ချင်သူတွေက စောင့်ဝယ်လေ့ရှိကြပါတယ်။ အကြောင်းကတော့ Apple က Refurbished iPhone တွေကိုလည်း ၁ နှစ်အာမခံ ပြန်ပေးသလို ဘူးထဲမှာပါတဲ့ Accessory တွေကိုလည်း အသစ်တွေပြန်ထည့်ပေးထားတာကြောင့် ဝယ်သူအတွက် ထိခိုက်နစ်နာတာမျိုးမရှိပါဘူး။ Refurbished iPhone တွေနဲ့ ပတ်သက်လို့တော့ ဒီ Link မှာ ရှင်းပြထားပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com