[Zawgyi] 

Apple ကေတာ့ MacBook Pro ေတြအတြက္ Upgrade ထပ္လုပ္ေပးလိုက္ပါၿပီ။ Apple ရဲ႕ MacBook Pro ထဲက 15 Inch Model ေတြမွာ Discrete GUP နဲ႔ ေ႐ြးဝယ္လို႔ရပါတယ္။ အဲ့ဒီအတြက္ ေ႐ြးခ်ယ္စရာအသစ္ေတြအျဖစ္ Radeon Pro Vega Graphics ေတြကို ထပ္တိုးေပးလိုက္ပါၿပီ။ 

အခုလို မတိုးေပးခင္မွာေတာ့ Apple က ၿပီးခဲ့တဲ့ MacBook Air နဲ႔ Mac mini မိတ္ဆက္ပြဲမွာ Rdeon Pro Vega Graphics ေတြက MacBook Pro ေတြအတြက္ လာေတာ့မယ္ဆိုတာကို ေၾကညာထားခဲ့ၿပီးသားပါ။ အခုေတာ့ ေျပာထားတဲ့အတိုင္းပဲ ႏိုဝင္ဘာလမွာ ရလာပါၿပီ။ 

13 Inch and 15 Inch MacBook Pro

ေရြးလို႔ရတဲ့ Option ေတြထဲမွာေတာ့ Radeon Pro Vega 16 နဲ႔ Vega 20 ဆိုၿပီးေတာ့ ႏွစ္မ်ိဳးထပ္တိုးလာတာပါ။ ဒီ Radeon Pro Vega Graphic ေတြကေတာ့ Laptop ေတြအတြက္ ပထမဦးဆံုးျဖစ္ၿပီး Performance ပိုင္းမွာလည္း အမ်ားႀကီးပိုေကာင္းလာမွာပါ။ 3D Render ေတြ၊ Video Editing ေတြနဲ႔ Design ပိုင္းမွာ လိုအပ္တဲ့ Software ေတြ သံုးတဲ့အခါ အရင္ကထက္ ပိုၿပီး ျမန္ျမန္ဆန္ဆန္လုပ္လာႏိုင္ေတာ့မွာလို႔ Apple ကေၾကညာထားပါတယ္။ 

Final Cut Pro X

Final Cut Pro X

Radeon Pro Vega Graphics ေတြကိုေတာ့ MacBook ေတြမွာ Battery စားသက္သာၿပီး Performance ပိုင္းမွာ အားရစရာေကာင္းေအာင္ လုပ္ေပးထားတယ္လို႔ သိရပါတယ္။ MacBook ေတြရဲ႕ Battery Life ကို သိပ္ၿပီးမထိခိုက္ႏိုင္လို႔ ဒီ GPU ေတြကေတာ့ Apple ရဲ႕ ေ႐ြးခ်ယ္မႈျဖစ္သြားပါတယ္။ GPU ေလာကထဲမွာေတာ့ Nvidia ကပဲ Laptop နဲ႔ Desktop ေစ်းကြက္ကို ခ်ဳပ္ကိုင္ထားတုန္းျဖစ္ၿပီး Apple ကလည္း Nvidia အေပၚ စိတ္ဝင္စားတာမ်ိဳး မရွိေသးပါဘူး။ Radeon Graphic ေတြကို ထုတ္တဲ့ AMD နဲ႔ေတာ့ Apple လက္တြဲလာတာ အခ်ိန္အၾကာႀကီးရွိေနၿပီျဖစ္လို႔ သိပ္မၾကာခင္အခ်ိန္အတြင္းမွာပဲ လက္တြဲျဖဳတ္သြားဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။ 

Fortnite

ဒီ Radeon Pro Vega ပါတဲ့ ေစ်းအနည္းဆံုး 15 Inch MacBook Pro Model ကေတာ့ $3,050 ဝန္းက်င္က်သင့္မွာျဖစ္ပါတယ္။ အဲ့ဒီ Model မွာေတာ့ 8th Generation Intel Core i7 Processor ၊ 16GB DDR4 RAM ၊ Radeon Pro Vega 16 4GB နဲ႔ 512GB SSD ပါဝင္မွာပါ။ နည္းနည္းပိုေကာင္းတဲ့ Radeon Pro Vega 20 ကို ေျပာင္းမယ္ဆိုရင္ေတာ့ $100 ထပ္တိုးသြားမွာပါ။ Radeon Pro Vega ေတြက Game ေဆာ့ဖို႔အထိကိုပဲ Powerful ျဖစ္လို႔ MacBook ဝယ္ေပမယ့္ Game ေဆာ့ခ်င္ေသးတယ္ဆိုသူေတြအတြက္လည္း အဆင္ေျပသြားပါတယ္။ ဒါေပမယ့္ macOS အတြက္ေတာ့ Game ေတြက Windows ေလာက္ မမ်ားလို႔ Game ေဆာ့ခ်င္ရင္ေတာ့ Windows ကိုေ႐ြးတာက ပိုေကာင္းပါေသးတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

AMD Vega GPU တွေပါတဲ့ MacBook Pro ကို Apple စရောင်းပြီ

Apple ကတော့ MacBook Pro တွေအတွက် Upgrade ထပ်လုပ်ပေးလိုက်ပါပြီ။ Apple ရဲ့ MacBook Pro ထဲက 15 Inch Model တွေမှာ Discrete GUP နဲ့ ရွေးဝယ်လို့ရပါတယ်။ အဲ့ဒီအတွက် ရွေးချယ်စရာအသစ်တွေအဖြစ် Radeon Pro Vega Graphics တွေကို ထပ်တိုးပေးလိုက်ပါပြီ။ 

အခုလို မတိုးပေးခင်မှာတော့ Apple က ပြီးခဲ့တဲ့ MacBook Air နဲ့ Mac mini မိတ်ဆက်ပွဲမှာ Rdeon Pro Vega Graphics တွေက MacBook Pro တွေအတွက် လာတော့မယ်ဆိုတာကို ကြေညာထားခဲ့ပြီးသားပါ။ အခုတော့ ပြောထားတဲ့အတိုင်းပဲ နိုဝင်ဘာလမှာ ရလာပါပြီ။ 

13 Inch and 15 Inch MacBook Pro

ရွေးလို့ရတဲ့ Option တွေထဲမှာတော့ Radeon Pro Vega 16 နဲ့ Vega 20 ဆိုပြီးတော့ နှစ်မျိုးထပ်တိုးလာတာပါ။ ဒီ Radeon Pro Vega Graphic တွေကတော့ Laptop တွေအတွက် ပထမဦးဆုံးဖြစ်ပြီး Performance ပိုင်းမှာလည်း အများကြီးပိုကောင်းလာမှာပါ။ 3D Render တွေ၊ Video Editing တွေနဲ့ Design ပိုင်းမှာ လိုအပ်တဲ့ Software တွေ သုံးတဲ့အခါ အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန်လုပ်လာနိုင်တော့မှာလို့ Apple ကကြေညာထားပါတယ်။ 

Final Cut Pro X

Final Cut Pro X

Radeon Pro Vega Graphics တွေကိုတော့ MacBook တွေမှာ Battery စားသက်သာပြီး Performance ပိုင်းမှာ အားရစရာကောင်းအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ MacBook တွေရဲ့ Battery Life ကို သိပ်ပြီးမထိခိုက်နိုင်လို့ ဒီ GPU တွေကတော့ Apple ရဲ့ ရွေးချယ်မှုဖြစ်သွားပါတယ်။ GPU လောကထဲမှာတော့ Nvidia ကပဲ Laptop နဲ့ Desktop ဈေးကွက်ကို ချုပ်ကိုင်ထားတုန်းဖြစ်ပြီး Apple ကလည်း Nvidia အပေါ် စိတ်ဝင်စားတာမျိုး မရှိသေးပါဘူး။ Radeon Graphic တွေကို ထုတ်တဲ့ AMD နဲ့တော့ Apple လက်တွဲလာတာ အချိန်အကြာကြီးရှိနေပြီဖြစ်လို့ သိပ်မကြာခင်အချိန်အတွင်းမှာပဲ လက်တွဲဖြုတ်သွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ 

Fortnite

ဒီ Radeon Pro Vega ပါတဲ့ ဈေးအနည်းဆုံး 15 Inch MacBook Pro Model ကတော့ $3,050 ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီ Model မှာတော့ 8th Generation Intel Core i7 Processor ၊ 16GB DDR4 RAM ၊ Radeon Pro Vega 16 4GB နဲ့ 512GB SSD ပါဝင်မှာပါ။ နည်းနည်းပိုကောင်းတဲ့ Radeon Pro Vega 20 ကို ပြောင်းမယ်ဆိုရင်တော့ $100 ထပ်တိုးသွားမှာပါ။ Radeon Pro Vega တွေက Game ဆော့ဖို့အထိကိုပဲ Powerful ဖြစ်လို့ MacBook ဝယ်ပေမယ့် Game ဆော့ချင်သေးတယ်ဆိုသူတွေအတွက်လည်း အဆင်ပြေသွားပါတယ်။ ဒါပေမယ့် macOS အတွက်တော့ Game တွေက Windows လောက် မများလို့ Game ဆော့ချင်ရင်တော့ Windows ကိုရွေးတာက ပိုကောင်းပါသေးတယ်။ 

Min Than Htike (Akhayar)

www.akhayar.com