Apple ရဲ႕ Product ေတြက ယခင္တုန္းက တျခားေသာ စမတ္ဖုန္းထုတ္လုပ္သူေတြဆီက အစိတ္အပိုင္းေတြကို ရယူျပီးေတာ့ ျပန္ျပီး အေကာင္းဆံုးေသာ Product တစ္ခုရရွိေအာင္ျပဳလုပ္ထားတယ္လုိ႔ ဆိုႏုိင္ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ကိုယ္တိုင္ထုတ္လုပ္ဖုိ႔ ၾကိဳးစားေနျပီျဖစ္ပါတယ္။

iPhone XS

လက္ရွိအခ်ိန္မွာ Apple ရဲ႕ ေနာက္ဆံုုး iPad Pro ေတြမွာ အသံုးျပဳထားတဲ့ A12X Bionic Chip ဟာ ေလာေလာဆယ္ဆယ္မွာ Intel ကေန ထုတ္လုပ္ထားတဲ့ Laptop Processor ေတြထက္ေတာင္ ပိုျပီး ျမန္ဆန္ေနသလုိ Apple ရဲ႕ ကိုယ္ပိုင္ Processor ေတြက Intel ထက္အမ်ားၾကီးအေရွ႕ကို ၾကိဳေျပးေနတယ္ဆုိတာကိုလည္း ျပသခဲ့သလုိျဖစ္ေနတာပါ။ အဲ့ဒီလုိပဲ Apple ကေန MacBook Air 2018 မွာထည့္ထားတဲ့ Custom T2 Chip ကလည္း Touch ID အတြက္ပဲ တာဝန္ယူတာမ်ိဳးမဟုတ္ေတာ့ဘဲ Video Encoding ၊ Audio နဲ႔ Third Party App ေတြကို Mic ကိုအသံုးျပဳလုိ႔မရေအာင္ပါ ပိတ္ထားႏုိင္တဲ့အထိ စြမ္းေဆာင္ရည္ျမင့္မားေနတာျဖစ္ပါတယ္။

Apple က အခုအခ်ိန္မွာေတာ့ iPhone ေတြအတြက္လည္း အလားတူ အစိတ္အပိုင္းတစ္ခုကို ကိုယ္တုိင္ထုတ္လုပ္ဖုိ႔ စိတ္ကူးေနပံုပါပဲ။ ဒီတစ္ၾကိမ္မွာ ထုတ္လုပ္ဖုိ႔ စိတ္ကူးေနတာကေတာ့ Modem ပဲျဖစ္ျပီး Apple က လက္ရွိ Intel အေပၚကို Modem ေတြအတြက္ မွီခုိေနရတာကို ေလ်ာ႔ခ်ခ်င္ေနတဲ့ပံုပါပဲ။

iPhone XS & XS Max

ဒါေပမယ့္ အခုသတင္းက Apple Website မွာ Next Generation 5G နဲ႔ Millimeter Wave Tech ေတြအတြက္ LTE နဲ႔ Bluetooth မွာ အေတြ႕အၾကံဳရွိတဲ့သူေတြကို အလုပ္ေခၚစာေၾကာင့္ ကိုယ္ပိုင္ Modem ေတြထုတ္လုပ္ဖုိ႔ စိတ္ကူးေနတာလုိ႔ ယူဆရတာျဖစ္ျပီးေတာ့ ေလာေလာဆယ္မွာတာ့ ျဖစ္လာဦးမွာမဟုတ္ပါဘူး။ လာမယ့္ ၂၀၂၀ မွာ ထုတ္လုပ္မယ့္ iPhone ေတြမွာေတာ့ Intel ရဲ႕ 5G Modem ကိုပဲအသံုးျပဳေနရဦးမွာျဖစ္ျပီး အဲ့ဒီေနာက္ပိုင္းမွာမွ Apple က ကိုယ္ပိုင္ Modem ေတြကို သံုးလာမယ့္ပံုပါပဲ။

Apple အေနနဲ႔ အခုလုိမ်ိဳး Processor အပါအဝင္ Modem ကိုပါ ကိုယ္တုိင္ထုတ္လုပ္ေတာ့မယ္ဆုိရင္ လာမယ့္ႏွစ္ပုိင္းမွာ ထြက္ရွိလာမယ့္ Apple iPhone ေတြက တကယ္ကို စြမ္းေဆာင္ရည္ပိုင္းမွာ အေကာင္းဆံုးျဖစ္လာႏုိင္ပါတယ္။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ရဲ့ Product တွေက ယခင်တုန်းက တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဆီက အစိတ်အပိုင်းတွေကို ရယူပြီးတော့ ပြန်ပြီး အကောင်းဆုံးသော Product တစ်ခုရရှိအောင်ပြုလုပ်ထားတယ်လို့ ဆိုနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်ထုတ်လုပ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

iPhone XS

လက်ရှိအချိန်မှာ Apple ရဲ့ နောက်ဆုုံး iPad Pro တွေမှာ အသုံးပြုထားတဲ့ A12X Bionic Chip ဟာ လောလောဆယ်ဆယ်မှာ Intel ကနေ ထုတ်လုပ်ထားတဲ့ Laptop Processor တွေထက်တောင် ပိုပြီး မြန်ဆန်နေသလို Apple ရဲ့ ကိုယ်ပိုင် Processor တွေက Intel ထက်အများကြီးအရှေ့ကို ကြိုပြေးနေတယ်ဆိုတာကိုလည်း ပြသခဲ့သလိုဖြစ်နေတာပါ။ အဲ့ဒီလိုပဲ Apple ကနေ MacBook Air 2018 မှာထည့်ထားတဲ့ Custom T2 Chip ကလည်း Touch ID အတွက်ပဲ တာဝန်ယူတာမျိုးမဟုတ်တော့ဘဲ Video Encoding ၊ Audio နဲ့ Third Party App တွေကို Mic ကိုအသုံးပြုလို့မရအောင်ပါ ပိတ်ထားနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်မားနေတာဖြစ်ပါတယ်။

Apple က အခုအချိန်မှာတော့ iPhone တွေအတွက်လည်း အလားတူ အစိတ်အပိုင်းတစ်ခုကို ကိုယ်တိုင်ထုတ်လုပ်ဖို့ စိတ်ကူးနေပုံပါပဲ။ ဒီတစ်ကြိမ်မှာ ထုတ်လုပ်ဖို့ စိတ်ကူးနေတာကတော့ Modem ပဲဖြစ်ပြီး Apple က လက်ရှိ Intel အပေါ်ကို Modem တွေအတွက် မှီခိုနေရတာကို လျော့ချချင်နေတဲ့ပုံပါပဲ။

iPhone XS & XS Max

ဒါပေမယ့် အခုသတင်းက Apple Website မှာ Next Generation 5G နဲ့ Millimeter Wave Tech တွေအတွက် LTE နဲ့ Bluetooth မှာ အတွေ့အကြုံရှိတဲ့သူတွေကို အလုပ်ခေါ်စာကြောင့် ကိုယ်ပိုင် Modem တွေထုတ်လုပ်ဖို့ စိတ်ကူးနေတာလို့ ယူဆရတာဖြစ်ပြီးတော့ လောလောဆယ်မှာတာ့ ဖြစ်လာဦးမှာမဟုတ်ပါဘူး။ လာမယ့် ၂၀၂၀ မှာ ထုတ်လုပ်မယ့် iPhone တွေမှာတော့ Intel ရဲ့ 5G Modem ကိုပဲအသုံးပြုနေရဦးမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာမှ Apple က ကိုယ်ပိုင် Modem တွေကို သုံးလာမယ့်ပုံပါပဲ။

Apple အနေနဲ့ အခုလိုမျိုး Processor အပါအဝင် Modem ကိုပါ ကိုယ်တိုင်ထုတ်လုပ်တော့မယ်ဆိုရင် လာမယ့်နှစ်ပိုင်းမှာ ထွက်ရှိလာမယ့် Apple iPhone တွေက တကယ်ကို စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com