[Zawgyi] 







Ref: 9to5mac

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

အထက်တန်းကျောင်းသားတစ်ဦးက Apple ရဲ့ Server တွေထဲဖောက်ဝင်မှုဖြစ်ပွားခဲ့ပြီ

သြစတြေးလျနိုင်ငံသား အထက်တန်းကျောင်းသားတစ်ဦးက Apple ရဲ့ Server တွေကို အကြိမ်ကြိမ်ခိုးဝင်မှု ကျူးလွန်ခဲ့ပြီး လျှို့ဝှက်ဖိုင်ပေါင်း 90GB လောက် Download ဆွဲနိုင်ခဲ့ပါတယ်။ အခုလိုဖြစ်ပွားရတဲ့အကြောင်းအရင်းအတိအကျနဲ့ ထိခိုက်သွားတဲ့အချက်တွေကိုတော့ Apple က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အဲ့ဒီကျောင်းသားအနေနဲ့တော့ Apple ရဲ့ ဈေးဝယ်သူ Account တွေကိုလည်း ဝင်ရောက်ကြည့်ရှုခဲ့သေးတယ်လို့ သိရပါတယ်။ 

အဆိုပါကျောင်းသားဟာ Hacking အတွက် MacBook ကိုပဲ အသုံးပြုခဲ့တယ်လို့သိရပါတယ်။

အဆိုပါကျောင်းသားရဲ့ အမည်ကိုတော့ ဥပဒေအရဖော်ပြခွင့်မရှိသလို အသက်ကလည်း ၁၆ နှစ်သာရှိပါသေးတယ်။ သူ့အနေနဲ့တော့ User Account Password လိုမျိုးအချက်အလက်တွေကို ခိုးယူခဲ့တာမျိုးမဟုတ်ဘဲ Log-In Access ရစေမယ့် Autorised Key တွေကိုပဲ ရယူခဲ့တာလို့ သိရပါတယ်။ Apple က အခုလို ဖောက်ဝင်တာကို သတိထားမိသွားတာကြောင့် FBI ကိုသတင်းပို့တိုင်ကြားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ FBI က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ FBI အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါ ပြဿနာအရင်းအမြစ်က သြစတြေးလျကို ချေရာခံမိတာကြောင့် သြစတြေးလျရဲတွေနဲ့ ဆက်လက်ပူးပေါင်းရှာဖွေကြပါတယ်။ 

ကျောင်းသားဟာ အခုလုပ်ရပ်အတွက် အပြစ်ရှိကြောင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဆယ်ကျော်သက်ကျောင်းသားကတော့ Hacking နယ်ပယ်ထဲမှာ လူသိများပြီး Apple ရဲ့ Data တွေကို ဖောက်ဖို့အတွက် VPN နဲ့ တခြား Tool တွေအသုံးပြုပြီး နောက်ယောက်ခံလို့မရအောင် ခြေရာဖျောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အသုံးပြုခဲ့တဲ့ MacBook ရဲ့ Serieal နံပါတ်တွေက Apple ဆီမှာ ကျန်ခဲ့တာဖြစ်ပြီး ခြေရာခံဖို့ ပိုလွယ်ကူးသွားပါတယ်။ MacBook ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး Apple ဆီက Download ဆွဲခဲ့တဲ့အချက်အလက်တွေကို “hacky hack hack” လို့နာမည်ပေးထားတဲ့ Folder ထဲမှာ သိမ်းထားတာကိုတွေ့ရပါတယ်။ 

အဆိုပါကျောင်းသားကိုတော့ အပြစ်ရှိသူအဖြစ်သတ်မှတ်ထားပြီး လာမယ့်လမှာ ရုံးတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။ အခုလို Apple ရဲ့ အချက်အလက်တွေကို တိုက်ခိုက်ဝင်ရောက်ခိုးယူရတာက ကျောင်းသားအနေနဲ့ Apple ရဲ့ ပရိသတ်ဖြစ်နေလို့ဆိုပြီး ကျောင်းသားဖြစ်သူရဲ့ ရှေ့နေကတော့လျှောက်လွှဲချက်တင်ထားပါတယ်။ ဒါပေမယ့် တရားရုံးကတော့ ဘယ်လို အမှုကိုရှေ့ဆက်စီစဉ်ပေးသွားမလဲဆိုတာ မသိရသေးပါဘူး။ 

Ref: 9to5mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။