အခုခ်ိန္ စမတ္ဖုန္းေတြမွာ micro-USB ရယ္၊ Lighting Connector ရယ္၊ Type-C ရယ္ ဆိုၿပီး Connector ၃ မ်ိဳး ရွိေနတယ္ဆိုတာ သိၿပီးသားျဖစ္ၾကမွာပါ။ Lighting Connector နဲ႔ Type-C လို Connector မ်ိဳးက စြမ္းေဆာင္ရည္ ပိုေကာင္းတယ္ ဆိုေပမယ့္ အေရးေၾကာင္းဆို အားသြင္းဖို႔လိုလို႔ ႀကိဳးက်န္ေနခဲ့ၿပီဆိုရင္ေတာ့ စိတ္ညစ္ရပါၿပီ။

Lighting Connector in iPhone

ဒါက Lighting Connector နဲ႔ Type-C ထက္စာရင္ micro-USB က ပို အသုံးတြင္က်ယ္ေနတယ္လို႔ ေျပာလို႔ရတဲ့ အခ်က္မလို႔ပါ။ ဖုန္းေတာ္ေတာ္မ်ားမ်ားမွာလည္း micro-USB ပဲ သုံးၾကေသးသလို Lighting Connector ဆိုတာက iPhone နဲ႔ iPad ေတြမွာပဲ သုံးလို႔ရတဲ့ Connector တစ္မ်ိဳးပါ။ Type-C ဆိုတာကလည္း Lighting Connector ကို ယွဥ္ထုတ္ထားတာလို႔ ေျပာႏိုင္သလို ၂၀၁၇ ေနာက္ပိုင္းထုတ္ စမတ္ဖုန္းေတြနဲ႔ Flagship ဖုန္းတခ်ိဳ႕မွာသာ သုံးေနတဲ့ Connector မ်ိဳးပါ။

Type-C to micro-USB Adapter

ဒီလိုမ်ိဳး ဖုန္းေတြမွာ Connector မ်ိဳးစုံရွိေနရတဲ့အခ်က္က သတ္မွတ္ထားတဲ့ USB Standard နဲ႔ သက္ဆိုင္ေနပါေသးတယ္။ ဘာလို႔လဲဆိုရင္ ဖုန္းေတြမွာ ဘယ္လို USB Connector သုံးခ်င္တယ္ဆိုရင္ MoU (Memorandum of Understanding) နဲ႔ ထုတ္လုပ္ပိုင္ခြင့္ ရွိတာမလို႔ပါ။ အဲ့ဒါေၾကာင့္လည္း USB Connector မ်ိဳးစုံ Brand အလိုက္ထုတ္ေနသလို ေဖာင္းပြလာတဲ့ Connector မ်ိဳးစုံက ေဂဟစနစ္ကို ထိခိုက္လာတာေၾကာင့္ စမတ္ဖုန္း၊ Tablet နဲ႔ ကြန္ပ်ဴတာေတြမွာ Connector တစ္မ်ိဳးပဲ ရွိလာေတာ့မွာပါ။

micro-USB connector in Smartphone

EU ေထာက္ျပခ်က္တိုင္း ေျပာရမယ္ဆိုရင္ မႈိလိုေပါက္ေနတဲ့ အားသြင္းႀကိဳးေတြ ပ်က္စီးသြားတဲ့အခါ ေနာက္ဆုံး အမႈိက္ပုံထဲ ေရာက္သြားတာပါ။ အဲ့ဒီမွာ ထပ္ၿပီး ျပႆနာတက္လာတာက Electronic Waste (E-waste) ေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းေစတဲ့ အခ်က္ပါ။ ဒါေၾကာင့္မလို႔ E-waste ဆိုတဲ့ ျပႆနာကာကြယ္ဖို႔ရယ္၊ ဘယ္လို Connector ပဲ သုံးရမယ္ဆိုတဲ့ စံသတ္မွတ္ေပးဖို႔ ေကာ္မရွင္အဖြဲ႕ EU ဖြဲ႕စည္းလိုက္ၿပီလို႔ သိရပါတယ္။

Type-C, Lighting Connector, micro-USB

ဆိုေတာ့ ေကာ္မရွင္ ဘယ္လို စီစဥ္ေနသလဲဆိုတာ ေျပာရရင္ လြန္ခဲ့တဲ့ ဆယ္ႏွစ္ ေလာက္တုန္းက EU ေမွ်ာ္လင့္ေနခဲ့တဲ့ စမတ္ဖုန္းေတြမွာ စံသတ္မွတ္ထားတဲ့ Connector တမ်ိဳးပဲ ရွိရမယ္ ဆိုတဲ့အခ်က္ပါ။ အဲ့ဒီတုန္းက micro-USB တမ်ိဳးပဲ ရွိေစခ်င္တာဆိုမယ့္ Apple လို ကုမၸဏီမ်ိဳးက iPhone နဲ႔ iPad ေတြ အတြက္ micro-USB ကိုပဲ အဆင့္ျမႇင့္ထားတဲ့ Lighting Connector Connector ကို EU ဆီမွာ MoU (Memorandum of Understanding) သေဘာတူညီခ်က္နဲ႔ ထုတ္လုပ္ခဲ့ပါတယ္။

Type-C Connector in Smartphone

ဒီလိုနဲ႔ Lighting Connector စတင္ ေပၚထြက္လာခဲ့ၿပီး micro-USB ထက္ ပိုျမန္သလို Reversible Type လည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္မလို႔ HDMI ခ်ိတ္ဆက္မႈကေန Screen Mirroring အတြက္ သုံးႏိုင္သလို အရည္ေသြးျမင့္ Audio ေတြကိုလည္း Lighting Connector ကတဆင့္ Transmit လုပ္ေပးႏိုင္ပါတယ္။ အဲ့ဒီေနာက္ပိုင္း Samsung ၊ Sony ၊ LG နဲ႔ Nokia ကုမၸဏီေတြကလည္း ကိုယ္ပိုင္ အားသြင္းႀကိဳး ထုတ္လုပ္ဖို႔ MoU သေဘာတူညီခ်က္နဲ႔ Type-C Connector ဆိုၿပီး ထုတ္လုပ္လာခဲ့လို႔ ဖုန္းေတြမွာ Connector အမ်ိဳးမ်ိဳး ရွိလာခဲ့ပါတယ္။

Surface Connector

ဒီေနရာမွာ ပိုဆိုးသြားတာက Type-C ဟာ Lighting Connector ထက္ ပိုေကာင္းေပမယ့္ ဆယ္စုႏွစ္တစ္စုတုန္းက ထြက္ထားတဲ့ ဖုန္းေတြနဲ႔ သုံးလို႔ အစဥ္မေျပေတာ့ပါဘူး။ ဒါေၾကာင့္မလို႔ ပြထေနတဲ့ ဖုန္းအားသြင္းႀကိဳးမ်ိဳးစုံ ထုတ္လုပ္ေနတာကို တစ္သတ္မွတ္ထည္း ျဖစ္သြားေအာင္ Type-C ဆိုၿပီး Connector တစ္မ်ိဳးပဲ အသုံးျပဳဖို႔ ေကာ္မရွင္ ဆုံးျဖတ္ခ်က္နဲ႔ သတ္မွတ္ေပးလိုက္ပါၿပီ။ အဲ့ဒါေၾကာင့္မလို႔ Apple အေနနဲ႔ iPhone ၊ iPad ေတြမွာ Type-C Connector ပဲ ထည့္ေပးရေတာ့မွာပါ။ ေနာက္ၿပီး Surface Book အတြက္ သီးသန႔္ Charger ထုတ္ေနတဲ့ Microsoft အေနနဲ႔လည္း Type-C Connector ကိုပဲ အသုံးျပဳသြားရဖြယ္ရွိေနပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Lighting Connector အစား Type-C Connector ပဲ သုံးရတော့မယ့် Apple

အခုချိန် စမတ်ဖုန်းတွေမှာ micro-USB ရယ်၊ Lighting Connector ရယ်၊ Type-C ရယ် ဆိုပြီး Connector ၃ မျိုး ရှိနေတယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ Lighting Connector နဲ့ Type-C လို Connector မျိုးက စွမ်းဆောင်ရည် ပိုကောင်းတယ် ဆိုပေမယ့် အရေးကြောင်းဆို အားသွင်းဖို့လိုလို့ ကြိုးကျန်နေခဲ့ပြီဆိုရင်တော့ စိတ်ညစ်ရပါပြီ။

Lighting Connector in iPhone

ဒါက Lighting Connector နဲ့ Type-C ထက်စာရင် micro-USB က ပို အသုံးတွင်ကျယ်နေတယ်လို့ ပြောလို့ရတဲ့ အချက်မလို့ပါ။ ဖုန်းတော်တော်များများမှာလည်း micro-USB ပဲ သုံးကြသေးသလို Lighting Connector ဆိုတာက iPhone နဲ့ iPad တွေမှာပဲ သုံးလို့ရတဲ့ Connector တစ်မျိုးပါ။ Type-C ဆိုတာကလည်း Lighting Connector ကို ယှဉ်ထုတ်ထားတာလို့ ပြောနိုင်သလို ၂၀၁၇ နောက်ပိုင်းထုတ် စမတ်ဖုန်းတွေနဲ့ Flagship ဖုန်းတချို့မှာသာ သုံးနေတဲ့ Connector မျိုးပါ။

Type-C to micro-USB Adapter

ဒီလိုမျိုး ဖုန်းတွေမှာ Connector မျိုးစုံရှိနေရတဲ့အချက်က သတ်မှတ်ထားတဲ့ USB Standard နဲ့ သက်ဆိုင်နေပါသေးတယ်။ ဘာလို့လဲဆိုရင် ဖုန်းတွေမှာ ဘယ်လို USB Connector သုံးချင်တယ်ဆိုရင် MoU (Memorandum of Understanding) နဲ့ ထုတ်လုပ်ပိုင်ခွင့် ရှိတာမလို့ပါ။ အဲ့ဒါကြောင့်လည်း USB Connector မျိုးစုံ Brand အလိုက်ထုတ်နေသလို ဖောင်းပွလာတဲ့ Connector မျိုးစုံက ဂေဟစနစ်ကို ထိခိုက်လာတာကြောင့် စမတ်ဖုန်း၊ Tablet နဲ့ ကွန်ပျူတာတွေမှာ Connector တစ်မျိုးပဲ ရှိလာတော့မှာပါ။

micro-USB connector in Smartphone

EU ထောက်ပြချက်တိုင်း ပြောရမယ်ဆိုရင် မှိုလိုပေါက်နေတဲ့ အားသွင်းကြိုးတွေ ပျက်စီးသွားတဲ့အခါ နောက်ဆုံး အမှိုက်ပုံထဲ ရောက်သွားတာပါ။ အဲ့ဒီမှာ ထပ်ပြီး ပြဿနာတက်လာတာက Electronic Waste (E-waste) ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အချက်ပါ။ ဒါကြောင့်မလို့ E-waste ဆိုတဲ့ ပြဿနာကာကွယ်ဖို့ရယ်၊ ဘယ်လို Connector ပဲ သုံးရမယ်ဆိုတဲ့ စံသတ်မှတ်ပေးဖို့ ကော်မရှင်အဖွဲ့ EU ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။

Type-C, Lighting Connector, micro-USB

ဆိုတော့ ကော်မရှင် ဘယ်လို စီစဉ်နေသလဲဆိုတာ ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ် လောက်တုန်းက EU မျှော်လင့်နေခဲ့တဲ့ စမတ်ဖုန်းတွေမှာ စံသတ်မှတ်ထားတဲ့ Connector တမျိုးပဲ ရှိရမယ် ဆိုတဲ့အချက်ပါ။ အဲ့ဒီတုန်းက micro-USB တမျိုးပဲ ရှိစေချင်တာဆိုမယ့် Apple လို ကုမ္ပဏီမျိုးက iPhone နဲ့ iPad တွေ အတွက် micro-USB ကိုပဲ အဆင့်မြှင့်ထားတဲ့ Lighting Connector Connector ကို EU ဆီမှာ MoU (Memorandum of Understanding) သဘောတူညီချက်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Type-C Connector in Smartphone

ဒီလိုနဲ့ Lighting Connector စတင် ပေါ်ထွက်လာခဲ့ပြီး micro-USB ထက် ပိုမြန်သလို Reversible Type လည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ HDMI ချိတ်ဆက်မှုကနေ Screen Mirroring အတွက် သုံးနိုင်သလို အရည်သွေးမြင့် Audio တွေကိုလည်း Lighting Connector ကတဆင့် Transmit လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်း Samsung ၊ Sony ၊ LG နဲ့ Nokia ကုမ္ပဏီတွေကလည်း ကိုယ်ပိုင် အားသွင်းကြိုး ထုတ်လုပ်ဖို့ MoU သဘောတူညီချက်နဲ့ Type-C Connector ဆိုပြီး ထုတ်လုပ်လာခဲ့လို့ ဖုန်းတွေမှာ Connector အမျိုးမျိုး ရှိလာခဲ့ပါတယ်။

Surface Connector

ဒီနေရာမှာ ပိုဆိုးသွားတာက Type-C ဟာ Lighting Connector ထက် ပိုကောင်းပေမယ့် ဆယ်စုနှစ်တစ်စုတုန်းက ထွက်ထားတဲ့ ဖုန်းတွေနဲ့ သုံးလို့ အစဉ်မပြေတော့ပါဘူး။ ဒါကြောင့်မလို့ ပွထနေတဲ့ ဖုန်းအားသွင်းကြိုးမျိုးစုံ ထုတ်လုပ်နေတာကို တစ်သတ်မှတ်ထည်း ဖြစ်သွားအောင် Type-C ဆိုပြီး Connector တစ်မျိုးပဲ အသုံးပြုဖို့ ကော်မရှင် ဆုံးဖြတ်ချက်နဲ့ သတ်မှတ်ပေးလိုက်ပါပြီ။ အဲ့ဒါကြောင့်မလို့ Apple အနေနဲ့ iPhone ၊ iPad တွေမှာ Type-C Connector ပဲ ထည့်ပေးရတော့မှာပါ။ နောက်ပြီး Surface Book အတွက် သီးသန့် Charger ထုတ်နေတဲ့ Microsoft အနေနဲ့လည်း Type-C Connector ကိုပဲ အသုံးပြုသွားရဖွယ်ရှိနေပါတယ်။

2B (Akhayar)

www.akhayar.com