[Zawgyi] 

iPhone တစ္လံုးကိုကိုင္တာနဲ႔ Fingerprint Scanner ဒါမွမဟုတ္ Face ID ကိုအသံုးျပဳဖို႔ အရင္လုပ္ၾကတာကမ်ားပါတယ္။ သင့္ဖုန္းထဲက သင့္ရဲ႕ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြက အရမ္းအေရးပါတဲ့အတြက္ သင့္အေနနဲ႔ Security ပိုင္းကို စိ္တ္ဝင္စားမွာပါ။ 

Face ID on iPhone X

iPhone 5s ကစၿပီး Apple က Fingerprint Scanner အသံုးျပဳထားတဲ့ လံုၿခံဳေရးစနစ္ကိုစတင္မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီစနစ္ကိုေတာ့ Touch ID လို႔နာမည္ေပးခဲ့ၿပီး လက္ေဗြ ငါးခုအထိ မွတ္သားထားေပးႏိုင္ပါတယ္။ လက္ေဗြငါးခုက သင့္ရဲ႕လက္ေဗြငါးခုကိုပဲ ထားဖို႔လုပ္ေပးထားတာပါ။ iPhone ဆိုတာ တစ္ကိုယ္ရည္သံုး ပစၥည္းတစ္ခုပါ။ လူတိုင္းကိုေပးသံုးတဲ့ ႐ံုးသံုးကြန္ပ်ဴတာတစ္လံုးလိုမဟုတ္တာေၾကာင့္ လက္ေဗြငါးခုဟာလည္း လူငါးေယာက္မျဖစ္သင့္ပါဘူး။ လက္ေဗြငါးခုအထိ သတ္မွတ္ေပးတာကေတာ့ သင့္လက္ေခ်ာင္းေတြထဲက တစ္ခုခုက ဓားရွတာ၊ အေရျပားပြန္းတာ စသျဖင့္ ထိခိုက္မႈတစ္ခုခုျဖစ္သြားတတ္တာေၾကာင့္ တစ္ေခ်ာင္းမဟုတ္ တစ္ေခ်ာင္းနဲ႔ ဖြင့္လို႔ရေအာင္ ေသာ့အပို ေလးေခ်ာင္းေပးထားသလိုပါပဲ။ iPhone X မွာေတာ့ Home Button ကိုျဖဳတ္လိုက္တာေၾကာင့္ လက္ေဗြအစား မ်က္ႏွာကိုဖတ္ေပးမယ့္ Face ID ဆိုတဲ့ စနစ္ကိုေျပာင္းလဲ ထည့္သြင္းေပးလာပါတယ္။ သင့္မ်က္ႏွာက တစ္ခုပဲရွိတာေၾကာင့္ တစ္ခုပဲ မွတ္သားေပးပါတယ္။ Touch ID လိုမ်ိဳး ငါးခုေတာ့မွတ္သားလို႔ မရပါဘူး။ အဲ့ဒီလို မ်က္ႏွာငါးခု မွတ္လို႔မရတာကိုလည္း ေဝဖန္မႈေတြရွိခဲ့ပါေသးတယ္။ 

MacBook Pro with Touch Bar and Touch ID

Touch ID နဲ႔ပတ္သက္လို႔ေတာ့ Mac မွာကြဲျပားမႈရွိပါတယ္။ MacBook Pro 2016 Touch Bar Model ေတြနဲ႔ေနာက္ထြက္တဲ့ MacBook Pro With Touch Bar Model ေတြမွာ Touch ID တပ္ဆင္ေပးထားပါတယ္။ Mac ေတြကေတာ့ ကြန္ပ်ဴတာေတြျဖစ္တာေၾကာင့္ အသံုးျပဳသူ တစ္ဦးထက္ပိုႏိုင္ပါတယ္။ အသံုးျပဳသူတစ္ဦခ်င္းစီရဲ႕ လက္ေဗြတစ္ခုျခင္းစီကို မွတ္သားေပးထားႏိုင္တာေၾကာင့္ User Account ခြဲသံုးတဲ့ေနရာမွာလည္း အဆင္ေျပပါတယ္။ သင္တစ္ေယာက္တည္းအသံုးျပဳတာဆိုရင္ေတာင္ အလုပ္အတြက္ User Account တစ္ခုနဲ႔ ကိုယ္ေရးကိုယ္တာအတြက္ User Account တစ္ခုစီထားၿပီးအသံုးျပဳတဲ့အခါ  Login လုပ္တိုင္း Touch ID ေပၚကို လက္ေခ်ာင္းေျပာင္းတင္လိုက္႐ံုနဲ႔ Account ေရြးျခယ္ေနစရာမလိုေတာ့ပဲ အလြယ္တစ္ကူ Login ဝင္ႏုိင္မွာျဖစ္ပါတယ္။ Touch ID ကို iPhone မွာေတာ့ကန္႔သတ္ထားၿပီး Mac မွာေတာ့ User အလိုက္ ငါးခုစီ မွတ္သားထားႏိုင္ပါတယ္။ iPhone နဲ႔ Mac ေတြရဲ႕မတူညီမႈေတြေၾကာင့္ အခုလို သတ္မွတ္ခ်က္ေတြလည္းကြဲျပားေနတာပဲျဖစ္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

သင်သိထားသင့်တဲ့ Apple ရဲ့ Security Feature တချို့အကြောင်း

iPhone တစ်လုံးကိုကိုင်တာနဲ့ Fingerprint Scanner ဒါမှမဟုတ် Face ID ကိုအသုံးပြုဖို့ အရင်လုပ်ကြတာကများပါတယ်။ သင့်ဖုန်းထဲက သင့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေက အရမ်းအရေးပါတဲ့အတွက် သင့်အနေနဲ့ Security ပိုင်းကို စိတ်ဝင်စားမှာပါ။ 

Face ID on iPhone X

iPhone 5s ကစပြီး Apple က Fingerprint Scanner အသုံးပြုထားတဲ့ လုံခြုံရေးစနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီစနစ်ကိုတော့ Touch ID လို့နာမည်ပေးခဲ့ပြီး လက်ဗွေ ငါးခုအထိ မှတ်သားထားပေးနိုင်ပါတယ်။ လက်ဗွေငါးခုက သင့်ရဲ့လက်ဗွေငါးခုကိုပဲ ထားဖို့လုပ်ပေးထားတာပါ။ iPhone ဆိုတာ တစ်ကိုယ်ရည်သုံး ပစ္စည်းတစ်ခုပါ။ လူတိုင်းကိုပေးသုံးတဲ့ ရုံးသုံးကွန်ပျူတာတစ်လုံးလိုမဟုတ်တာကြောင့် လက်ဗွေငါးခုဟာလည်း လူငါးယောက်မဖြစ်သင့်ပါဘူး။ လက်ဗွေငါးခုအထိ သတ်မှတ်ပေးတာကတော့ သင့်လက်ချောင်းတွေထဲက တစ်ခုခုက ဓားရှတာ၊ အရေပြားပွန်းတာ စသဖြင့် ထိခိုက်မှုတစ်ခုခုဖြစ်သွားတတ်တာကြောင့် တစ်ချောင်းမဟုတ် တစ်ချောင်းနဲ့ ဖွင့်လို့ရအောင် သော့အပို လေးချောင်းပေးထားသလိုပါပဲ။ iPhone X မှာတော့ Home Button ကိုဖြုတ်လိုက်တာကြောင့် လက်ဗွေအစား မျက်နှာကိုဖတ်ပေးမယ့် Face ID ဆိုတဲ့ စနစ်ကိုပြောင်းလဲ ထည့်သွင်းပေးလာပါတယ်။ သင့်မျက်နှာက တစ်ခုပဲရှိတာကြောင့် တစ်ခုပဲ မှတ်သားပေးပါတယ်။ Touch ID လိုမျိုး ငါးခုတော့မှတ်သားလို့ မရပါဘူး။ အဲ့ဒီလို မျက်နှာငါးခု မှတ်လို့မရတာကိုလည်း ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။ 

MacBook Pro with Touch Bar and Touch ID

Touch ID နဲ့ပတ်သက်လို့တော့ Mac မှာကွဲပြားမှုရှိပါတယ်။ MacBook Pro 2016 Touch Bar Model တွေနဲ့နောက်ထွက်တဲ့ MacBook Pro With Touch Bar Model တွေမှာ Touch ID တပ်ဆင်ပေးထားပါတယ်။ Mac တွေကတော့ ကွန်ပျူတာတွေဖြစ်တာကြောင့် အသုံးပြုသူ တစ်ဦးထက်ပိုနိုင်ပါတယ်။ အသုံးပြုသူတစ်ဦချင်းစီရဲ့ လက်ဗွေတစ်ခုခြင်းစီကို မှတ်သားပေးထားနိုင်တာကြောင့် User Account ခွဲသုံးတဲ့နေရာမှာလည်း အဆင်ပြေပါတယ်။ သင်တစ်ယောက်တည်းအသုံးပြုတာဆိုရင်တောင် အလုပ်အတွက် User Account တစ်ခုနဲ့ ကိုယ်ရေးကိုယ်တာအတွက် User Account တစ်ခုစီထားပြီးအသုံးပြုတဲ့အခါ  Login လုပ်တိုင်း Touch ID ပေါ်ကို လက်ချောင်းပြောင်းတင်လိုက်ရုံနဲ့ Account ရွေးခြယ်နေစရာမလိုတော့ပဲ အလွယ်တစ်ကူ Login ဝင်နိုင်မှာဖြစ်ပါတယ်။ Touch ID ကို iPhone မှာတော့ကန့်သတ်ထားပြီး Mac မှာတော့ User အလိုက် ငါးခုစီ မှတ်သားထားနိုင်ပါတယ်။ iPhone နဲ့ Mac တွေရဲ့မတူညီမှုတွေကြောင့် အခုလို သတ်မှတ်ချက်တွေလည်းကွဲပြားနေတာပဲဖြစ်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။