[Zawgyi]

Huawei နဲ႔ Xiaomi တို႔ေၾကာင့္ ဆက္တိုက္ေရာင္းအားက်ေနတဲ့ Apple နဲ႔ Samsung

၂၀၁၈ ဟာ တရုတ္ကုမၸဏီေတြၾကီးစိုးတဲ့ႏွစ္လို႔ပဲ ေျပာရမလား Q3 တတိယသုံးလပတ္ (ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ) မွာလည္း Apple နဲ႔ Samsung အရႈံးေပၚေနတယ္လို႔ သိရပါတယ္။

Apple’s iPhone XS

အရင္အပတ္ အာရွေစ်းကြက္ထုတ္ျပန္ခ်က္အရဆိုရင္ Apple ေရာ Samsung ေရာ ၁၀ ရာခိုင္ႏႈန္းေလာက္ ေရာင္းအားက်ဆင္းခဲ့ပါတယ္၊ အခုတစ္ခါထြက္ေပၚလာတဲ့ ရလာဒ္အတိုင္းေျပာရရင္ အေနာက္ဥေရာပေစ်းကြက္မွာလည္း အေျခေနမေကာင္းဘူးလို႔ Kantar World Panel ေထာက္ျပခ်က္အရ သိရပါတယ္။

Samsung Galaxy Note 9

ဒါေတာင္ iPhone XS ၊ XS Max နဲ႔ Galaxy Note 9 လို တကယ့္ Premium Smartphone ေကာင္းေတြ မိတ္ဆက္ထားတာေတာင္ မကာမိဘူးလို႔သိရပါတယ္။ ဥေရာပႏိုင္ငံအသီးသီးမွာ ေရာင္းအား ၁.၆ ရာခိုင္ႏႈန္းစီ တအိအိက်ဆင္းေနျပီး ေစ်းလည္းသက္သာ၊ Flagship နီးနီးေကာင္းမြန္တဲ့ Huawei ၊ Xiaomi Smartphone ေကာင္းေတြေၾကာင့္ ေစ်းကြက္ဝယ္လိုအားက်ဆင္းလာတယ္လို႔ Kantar ေထာက္ျပထားပါတယ္။

Huawei P20 Pro

ေလ့လာခ်က္ေတြအရ ဥေရာပႏိုင္ငံသားအမ်ားစုဟာ ဖုန္းအသစ္ဝယ္တာထက္ ရွိျပီးသားဖုန္းကိုပဲ အခ်ိန္ၾကာၾကာအသုံးျပဳတတ္ပါတယ္။ ဒါေၾကာင့္လည္း တခါဝယ္ျပီးသြားရင္ ေတာ္ရုံအသစ္ဝယ္ဖို႔ မစဥ္းစားၾကသလို Specs လည္းေကာင္း Feature လည္းစုံတဲ့ P20 စီးရီးလို စမတ္ဖုန္းမ်ိဳးႏွစ္ျခိဳက္ၾကတယ္လို႔ သိရပါတယ္။

Samsung Galaxy S9

ျပီးခဲ့တဲ့ စက္တင္ဘာလစစ္တမ္းအရ ဥေရာပမွာ Samsung Galaxy S9 ေရာင္းအားအေကာင္းဆုံးျဖစ္ ရပ္တည္ေနခဲ့ျပီး Sony ၊ LG စမတ္ဖုန္း Brand ေတြကို Huawei ၊ Xiaomi တို႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ အခုလို ေရာင္းအားက်ဆင္းလာတဲ့ အေၾကာင္းျပခ်က္တခုက Budget to Mid-range စမတ္ဖုန္းတန္းမွာ Premium အရည္ေသြးနဲ႔ ေရာင္းခ်ေနတဲ့ တရုတ္စမတ္ဖုန္းေတြေၾကာင့္ ေနရာမရျဖစ္ေနတာလို႔ သိရပါတယ္။

2B(Akhayar)
www.akhayar.com

[Unicode]

Huawei နဲ့ Xiaomi တို့ကြောင့် ဆက်တိုက်ရောင်းအားကျနေတဲ့ Apple နဲ့ Samsung

၂၀၁၈ ဟာ တရုတ်ကုမ္ပဏီတွေကြီးစိုးတဲ့နှစ်လို့ပဲ ပြောရမလား Q3 တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) မှာလည်း Apple နဲ့ Samsung အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Apple’s iPhone XS

အရင်အပတ် အာရှဈေးကွက်ထုတ်ပြန်ချက်အရဆိုရင် Apple ရော Samsung ရော ၁၀ ရာခိုင်နှုန်းလောက် ရောင်းအားကျဆင်းခဲ့ပါတယ်၊ အခုတစ်ခါထွက်ပေါ်လာတဲ့ ရလာဒ်အတိုင်းပြောရရင် အနောက်ဥရောပဈေးကွက်မှာလည်း အခြေနေမကောင်းဘူးလို့ Kantar World Panel ထောက်ပြချက်အရ သိရပါတယ်။

Samsung Galaxy Note 9

ဒါတောင် iPhone XS ၊ XS Max နဲ့ Galaxy Note 9 လို တကယ့် Premium Smartphone ကောင်းတွေ မိတ်ဆက်ထားတာတောင် မကာမိဘူးလို့သိရပါတယ်။ ဥရောပနိုင်ငံအသီးသီးမှာ ရောင်းအား ၁.၆ ရာခိုင်နှုန်းစီ တအိအိကျဆင်းနေပြီး ဈေးလည်းသက်သာ၊ Flagship နီးနီးကောင်းမွန်တဲ့ Huawei ၊ Xiaomi Smartphone ကောင်းတွေကြောင့် ဈေးကွက်ဝယ်လိုအားကျဆင်းလာတယ်လို့ Kantar ထောက်ပြထားပါတယ်။

Huawei P20 Pro

လေ့လာချက်တွေအရ ဥရောပနိုင်ငံသားအများစုဟာ ဖုန်းအသစ်ဝယ်တာထက် ရှိပြီးသားဖုန်းကိုပဲ အချိန်ကြာကြာအသုံးပြုတတ်ပါတယ်။ ဒါကြောင့်လည်း တခါဝယ်ပြီးသွားရင် တော်ရုံအသစ်ဝယ်ဖို့ မစဉ်းစားကြသလို Specs လည်းကောင်း Feature လည်းစုံတဲ့ P20 စီးရီးလို စမတ်ဖုန်းမျိုးနှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။

Samsung Galaxy S9

ပြီးခဲ့တဲ့ စက်တင်ဘာလစစ်တမ်းအရ ဥရောပမှာ Samsung Galaxy S9 ရောင်းအားအကောင်းဆုံးဖြစ် ရပ်တည်နေခဲ့ပြီး Sony ၊ LG စမတ်ဖုန်း Brand တွေကို Huawei ၊ Xiaomi တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုလို ရောင်းအားကျဆင်းလာတဲ့ အကြောင်းပြချက်တခုက Budget to Mid-range စမတ်ဖုန်းတန်းမှာ Premium အရည်သွေးနဲ့ ရောင်းချနေတဲ့ တရုတ်စမတ်ဖုန်းတွေကြောင့် နေရာမရဖြစ်နေတာလို့ သိရပါတယ်။

2B(Akhayar)
www.akhayar.com