[Zawgyi]
Ref: MacRumors
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
iPhone X Plus ကတစ်ကယ်ဖြစ်လာနိုင်မလား
Apple အနေနဲ့ iPhone X ကိုထုတ်ပြခဲ့ပြီးနောက်ပိုင်း iPhone X ကိုဆိုဒ်ပိုကြီးတဲ့ Version အနေနဲ့ပါလိုချင်သူတွေရှိခဲ့ပါတယ်။ iPhone X က Full Screen iPhone ဖြစ်နေတာကြောင့် iPhone 8 Plus Screen ထက်ပိုကြီးပါတယ်။ iPhone 8 Plus ထက်ကြီးပေမယ့် သင့်လက်ပေါ်မှာတော့ iPhone 8 Plus လောက်နေရာယူမှာမဟုတ်ပါဘူး။
Apple က 2018 အတွက် iPhone သုံးမျိုးထုတ်မယ်လို့သတင်းထွက်ထားပါတယ်။ iPhone သုံးမျိုးထဲမှာ iPhone X Plus ကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ iPhone X Plus ကို 6.5 Inch Display နဲ့တွေ့ရနိုင်ပါတယ်။ Display Resolution အနေနဲ့တော့ 2688 x 1242 ရှိမယ်လို့သိရပါတယ်။ ဒါဟာ အခုလက်ရှိ iPhone X ထက်ပိုများလာတာဖြစ်ပေမယ့် အမြင်မရတော့ သိသိသာသာကွာသွားမှာမဟုတ်ပါဘူး။ Display Size ပိုကြီးလာမှာဖြစ်တာကြောင့် Resolution ပိုများပေးထားတာပဲဖြစ်ပါတယ်။
iPhone X Plus အသစ်ကို iPhone 8 Plus ထက်အနည်းငယ်သေးတဲ့ Body နဲ့တွေ့ရမှာဖြစ်ပါတယ်။ အခြားတိုးတက်မှုတွေအနေနဲ့တော့ Wireless Charging ပိုမြန်လာတာနဲ့ ပိုကောင်းတဲ့ OLED နည်းပညာအသစ်ကိုသုံးလာနိုင်တာတွေပဲဖြစ်ပါတယ်။ သင်ရော 2018 iPhone X Plus ကိုစောင့်မေ ျှာ်နေသူတစ်ယောက်လား။ iPhone X Plus က 5.8 Inch iPhone X ထက်ဘယ်လောက်ပိုပြီး သင့်ကိုအတွေ့အကြုံသစ်ပေးနိုင်မယ်ထင်သလဲ။
Ref: MacRumors
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။