Apple ကေန မႏွစ္တုန္းက iPhone ေတြထဲမွာ အၾကီးမားဆံုး Design ေျပာင္းလဲမႈတစ္ခုျဖစ္ခဲ့တဲ့ iPhone X ကို စတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ iPhone X ဟာ အဲ့ဒီအခ်ိန္တုန္းက အတူထြက္ရွိခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus လုိဖုန္းေတြအျပင္ ယခင္ကထြက္ရွိထားတဲ့ iPhone 6 ၊ 7 Model ေတြနဲ႔ပါ လံုးဝကြဲျပားသြားတဲ့အတြက္ ဝယ္ယူသူမ်ားျပားခဲ့တာပါ။

iPhone XS & XS Max

အခု ၂၀၁၈ ခုႏွစ္မွာေတာ့ Apple ကေန iPhone X ရဲ႕ ဒီဇုိင္းနဲ႔ပဲ ပိုျပီးေကာင္းမြန္တဲ့ Specification ေတြ Improvement ေတြနဲ႔ iPhone XS နဲ႔ iPhone XS Max ေတြကို ထုတ္ခဲ့ျပီးေတာ့ ေစ်းပိုသက္သာတဲ့ 6.1″ HD+ LCD Display အသံုးျပဳထားတဲ့ iPhone XR ကိုပါ မိတ္ဆက္လာခဲ့တာျဖစ္ပါတယ္။ Apple အေနနဲ႔ ဒီႏွစ္ထုတ္လုိက္တဲ့ iPhone အသစ္ေတြက ေရာင္းအားေကာင္းမယ္လုိ႔မွန္းထားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ မွန္းခ်က္နဲ႔ႏွမ္းထြက္ တက္တက္စင္ေအာင္လြဲသြားခဲ့ျပီး အခုအခ်ိန္မွာေတာ့ မႏွစ္က ထုတ္ထားတဲ့ iPhone X Production ကိုေတာင္ ရပ္ထားခဲ့ရာကေန ျပန္ျပီးစတင္ေနရပါျပီ။

iPhone XS ထြက္လာတဲ့အတြက္ iPhone X ထုတ္လုပ္မႈကိုရပ္ဆုိင္းခဲ့ျပီး iPhone XS ကို iPhone X ရဲ႕ ေစ်းျဖစ္တဲ့ $999 နဲ႔ပဲ စတင္ေရာင္းခ်ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္လည္ထုတ္လုပ္ေနရတာပါ။ အခုသတင္းကို Wall Street Journal ကေန ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ အခုလုိမ်ိဳးေဆာင္ရြက္ရတာက Apple အေနနဲ႔ Samsung ဆီကေန Display ေတြ ဝယ္ယူထားတဲ့ Deal တစ္ခုအရ အေရအတြက္ျပည့္မွီေအာင္ OLED Screen ေတြကို ထပ္မံလုိအပ္ေနတာေၾကာင့္လည္းျဖစ္တယ္လုိ႔ သိရပါတယ္။ အခု Samsung ရဲ႕ OLED Display ေတြကို iPhone XS နဲ႔ XS ဖုန္းေတြမွာအသံုးျပဳရမွာျဖစ္ေပမယ့္ ေရာင္းအားထင္သေလာက္မေကာင္းတဲ့အတြက္ မႏွစ္က iPhone X ကို ျပန္ျပီး ထုတ္ေနတာလည္းျဖစ္ပါတယ္။

iPhone XS

iPhone X ဟာ Apple က iPhone XS ကို မိတ္ဆက္လုိက္တဲ့အခ်ိန္ကစတင္ျပီးေတာ့ Apple Store ေတြမွာ တင္ျပီးမေရာင္းေတာ့တဲ့ iPhone တစ္ခုျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္ျပီးေတြ႕ရေတာ့မွာပါ။ ဒီတစ္ခါျပန္လည္ေရာင္းခ်လာမယ့္ iPhone X ဟာ ေစ်းႏႈန္းအေနနဲ႔လည္း ပိုျပီးသက္သာလာႏုိင္ပါတယ္။

iPhone XR

Apple ဟာ iPhone XS နဲ႔ XS Max ေတြထင္သေလာက္မေရာင္းရသလုိပဲ အေရာင္းရဆံုး Model ျဖစ္မယ္လုိ႔ ခန္႔မွန္းထားတဲ့ iPhone XR ကလည္း ေမွ်ာ္မွန္းထားတဲ့ေရာင္းအားေတြကို မမွီတဲ့အတြက္ အခုဆုိရင္ ထုတ္လုပ္မႈႏႈန္းကိုပါ ေလ်ာ႔ခ်ေနရတာျဖစ္ပါတယ္။

ဒီႏွစ္ကေတာ့ Apple အေနနဲ႔ စမတ္ဖုန္းေစ်းကြက္ကို နံပါတ္ (၁) ေနရာကို ထိန္းထားဖုိ႔ပိုျပီး ခက္ခဲေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကနေ မနှစ်တုန်းက iPhone တွေထဲမှာ အကြီးမားဆုံး Design ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့တဲ့ iPhone X ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone X ဟာ အဲ့ဒီအချိန်တုန်းက အတူထွက်ရှိခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus လိုဖုန်းတွေအပြင် ယခင်ကထွက်ရှိထားတဲ့ iPhone 6 ၊ 7 Model တွေနဲ့ပါ လုံးဝကွဲပြားသွားတဲ့အတွက် ဝယ်ယူသူများပြားခဲ့တာပါ။

iPhone XS & XS Max

အခု ၂၀၁၈ ခုနှစ်မှာတော့ Apple ကနေ iPhone X ရဲ့ ဒီဇိုင်းနဲ့ပဲ ပိုပြီးကောင်းမွန်တဲ့ Specification တွေ Improvement တွေနဲ့ iPhone XS နဲ့ iPhone XS Max တွေကို ထုတ်ခဲ့ပြီးတော့ စျေးပိုသက်သာတဲ့ 6.1″ HD+ LCD Display အသုံးပြုထားတဲ့ iPhone XR ကိုပါ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ ဒီနှစ်ထုတ်လိုက်တဲ့ iPhone အသစ်တွေက ရောင်းအားကောင်းမယ်လို့မှန်းထားခဲ့ပေမယ့် အခုအချိန်မှာတော့ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားခဲ့ပြီး အခုအချိန်မှာတော့ မနှစ်က ထုတ်ထားတဲ့ iPhone X Production ကိုတောင် ရပ်ထားခဲ့ရာကနေ ပြန်ပြီးစတင်နေရပါပြီ။

iPhone XS ထွက်လာတဲ့အတွက် iPhone X ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပြီး iPhone XS ကို iPhone X ရဲ့ စျေးဖြစ်တဲ့ $999 နဲ့ပဲ စတင်ရောင်းချခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်လည်ထုတ်လုပ်နေရတာပါ။ အခုသတင်းကို Wall Street Journal ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ အခုလိုမျိုးဆောင်ရွက်ရတာက Apple အနေနဲ့ Samsung ဆီကနေ Display တွေ ဝယ်ယူထားတဲ့ Deal တစ်ခုအရ အရေအတွက်ပြည့်မှီအောင် OLED Screen တွေကို ထပ်မံလိုအပ်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ အခု Samsung ရဲ့ OLED Display တွေကို iPhone XS နဲ့ XS ဖုန်းတွေမှာအသုံးပြုရမှာဖြစ်ပေမယ့် ရောင်းအားထင်သလောက်မကောင်းတဲ့အတွက် မနှစ်က iPhone X ကို ပြန်ပြီး ထုတ်နေတာလည်းဖြစ်ပါတယ်။

iPhone XS

iPhone X ဟာ Apple က iPhone XS ကို မိတ်ဆက်လိုက်တဲ့အချိန်ကစတင်ပြီးတော့ Apple Store တွေမှာ တင်ပြီးမရောင်းတော့တဲ့ iPhone တစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ ပြန်ပြီးတွေ့ရတော့မှာပါ။ ဒီတစ်ခါပြန်လည်ရောင်းချလာမယ့် iPhone X ဟာ စျေးနှုန်းအနေနဲ့လည်း ပိုပြီးသက်သာလာနိုင်ပါတယ်။

iPhone XR

Apple ဟာ iPhone XS နဲ့ XS Max တွေထင်သလောက်မရောင်းရသလိုပဲ အရောင်းရဆုံး Model ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ iPhone XR ကလည်း မျှော်မှန်းထားတဲ့ရောင်းအားတွေကို မမှီတဲ့အတွက် အခုဆိုရင် ထုတ်လုပ်မှုနှုန်းကိုပါ လျော့ချနေရတာဖြစ်ပါတယ်။

ဒီနှစ်ကတော့ Apple အနေနဲ့ စမတ်ဖုန်းစျေးကွက်ကို နံပါတ် (၁) နေရာကို ထိန်းထားဖို့ပိုပြီး ခက်ခဲနေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com