[Zawgyi] 

 

12 Inch MacBook မွာ Apple စမိတ္ဆက္ေပးခဲ့တဲ့ Butterfly Keyboard ေတြက နာမည္ႀကီးသြားခဲ့ပါတယ္။ စာ႐ိုက္တဲ့အခါ သိသိသာသာ ကြဲျပားတဲ့ အေတြ႕အႀကံဳကို သေဘာက်သူေတြရွိခဲ့သလို အဆင္မေျပျဖစ္သူေတြလည္း ရွိခဲ့ပါတယ္။ Butterfly Keyboard ေတြရဲ႕ ျပႆနာကေတာ့ ပါးလြန္းတာပဲျဖစ္ပါတယ္။ Apple က MacBook ကို ပါပါးသြားေစဖို႔နဲ႔ စာ႐ိုက္တဲ့အခါ အမွားနည္းေစဖို႔ Butterfly Keyboard ကို မိ္တ္ဆက္ခဲ့တာပါ။ 

12 Inch MacBook

2016 မွာ Design အသစ္နဲ႔ မိတ္ဆက္လာတဲ့ MacBook Pro အသစ္ေတြအားလံုးမွာလည္း Butterfly Keyboard ကို အသံုးျပဳေပးထားပါတယ္။ Butterfly Keyboard ေတြက ပါးလြန္းတာေၾကာင့္ ျပႆနာတခ်ိဳ႕ကို ျဖစ္ေစခဲ့ပါတယ္။ Keyboard ရဲ႕ Keycap ေတြေအာက္နဲ႔ ၾကားေတြမွာ ဖုန္ေတြ၊ အမႈန္ေတြ၊ စားစရာ အပိုင္းအစေလးေတြ ဝင္သြားႏိုင္ပါတယ္။ ဝင္သြားတဲ့ဟာေတြက Keycap ရဲ႕ ေအာက္မွာ ညွပ္သြားခဲ့ရင္ သန္႔ရွင္းေရးျပန္လုပ္ဖို႔ ခက္ခဲပါတယ္။ အမႈန္ေတြမ်ားလာတာနဲ႔ Keyboard ကို ႐ုိက္ရတာ အဆင္မေျပျဖစ္လာေစပါတယ္။ တခ်ိဳ႕ Keyboard ေတြဆိုရင္ လံုးဝႏွိပ္လို႔မရတာမ်ိဳးနီးနီးအထိ ျဖစ္သြားတာေၾကာင့္ MacBook အသံုးျပဳသူေတြၾကားမွာ ေျပာစရာေတြျဖစ္ခဲ့ပါတယ္။ 

MacBook Pro

အခုလိုျဖစ္တာက MacBook ေတြအားလံုးမွာ ျဖစ္တာေတာ့မဟုတ္ပါဘူး။ အသံုးျပဳသူတခ်ိဳ႕ရဲ႕ MacBook ေတြမွာပဲျဖစ္သြားခဲ့တာေၾကာင့္ အေရအတြက္အမ်ားႀကီးမဟုတ္ဘူးလို႔ Apple ကေတာ့ ထုတ္ျပန္ထားပါတယ္။ ျပႆနာျဖစ္ႏိုင္တဲ့ Model ေတြကေတာ့ Early 2015 MacBook ေတြန႔ဲ Late 2017 MacBook ၊ MacBook Pro Model ေတြပဲျဖစ္တယ္လုိ႔ Apple က သတင္းထုတ္ထားပါတယ္။ Keyboard အဆင္မေျပျဖစ္တဲ့ MacBook ေတြကို Apple က အခမဲ့ျပင္ေပးမွာျဖစ္ပါတယ္။ တရားဝင္ Apple Store ဒါမွမဟုတ္ Authorized Repair Shop ေတြမွာ သြားေရာက္ျပဳျပင္ႏိုင္မယ္လို႔ဆိုပါတယ္။ အရင္က Keyboard ျပႆနာျဖစ္လို႔ ျပဳျပင္ထားသူေတြလည္း ျပဳျပင္ခကို ျပန္လည္ေတာင္းယူႏိုင္မယ္လို႔ သိရပါတယ္။ Apple အေနနဲ႔ေတာ့ ေနာက္ MacBook အသစ္ေတြမွာ ဘယ္လို Keyboard နည္းပညာအသစ္ကို ထပ္သံုးလာမလဲ၊ ထပ္ထည့္လာမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ 

Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

အဆင်မပြေဖြစ်နေတဲ့ MacBook Keyboard တွေကို ပြန်ပြင်ပေးမယ့် Apple

12 Inch MacBook မှာ Apple စမိတ်ဆက်ပေးခဲ့တဲ့ Butterfly Keyboard တွေက နာမည်ကြီးသွားခဲ့ပါတယ်။ စာရိုက်တဲ့အခါ သိသိသာသာ ကွဲပြားတဲ့ အတွေ့အကြုံကို သဘောကျသူတွေရှိခဲ့သလို အဆင်မပြေဖြစ်သူတွေလည်း ရှိခဲ့ပါတယ်။ Butterfly Keyboard တွေရဲ့ ပြဿနာကတော့ ပါးလွန်းတာပဲဖြစ်ပါတယ်။ Apple က MacBook ကို ပါပါးသွားစေဖို့နဲ့ စာရိုက်တဲ့အခါ အမှားနည်းစေဖို့ Butterfly Keyboard ကို မိတ်ဆက်ခဲ့တာပါ။ 

12 Inch MacBook

2016 မှာ Design အသစ်နဲ့ မိတ်ဆက်လာတဲ့ MacBook Pro အသစ်တွေအားလုံးမှာလည်း Butterfly Keyboard ကို အသုံးပြုပေးထားပါတယ်။ Butterfly Keyboard တွေက ပါးလွန်းတာကြောင့် ပြဿနာတချို့ကို ဖြစ်စေခဲ့ပါတယ်။ Keyboard ရဲ့ Keycap တွေအောက်နဲ့ ကြားတွေမှာ ဖုန်တွေ၊ အမှုန်တွေ၊ စားစရာ အပိုင်းအစလေးတွေ ဝင်သွားနိုင်ပါတယ်။ ဝင်သွားတဲ့ဟာတွေက Keycap ရဲ့ အောက်မှာ ညှပ်သွားခဲ့ရင် သန့်ရှင်းရေးပြန်လုပ်ဖို့ ခက်ခဲပါတယ်။ အမှုန်တွေများလာတာနဲ့ Keyboard ကို ရိုက်ရတာ အဆင်မပြေဖြစ်လာစေပါတယ်။ တချို့ Keyboard တွေဆိုရင် လုံးဝနှိပ်လို့မရတာမျိုးနီးနီးအထိ ဖြစ်သွားတာကြောင့် MacBook အသုံးပြုသူတွေကြားမှာ ပြောစရာတွေဖြစ်ခဲ့ပါတယ်။ 

MacBook Pro

အခုလိုဖြစ်တာက MacBook တွေအားလုံးမှာ ဖြစ်တာတော့မဟုတ်ပါဘူး။ အသုံးပြုသူတချို့ရဲ့ MacBook တွေမှာပဲဖြစ်သွားခဲ့တာကြောင့် အရေအတွက်အများကြီးမဟုတ်ဘူးလို့ Apple ကတော့ ထုတ်ပြန်ထားပါတယ်။ ပြဿနာဖြစ်နိုင်တဲ့ Model တွေကတော့ Early 2015 MacBook တွေနဲ့ Late 2017 MacBook ၊ MacBook Pro Model တွေပဲဖြစ်တယ်လို့ Apple က သတင်းထုတ်ထားပါတယ်။ Keyboard အဆင်မပြေဖြစ်တဲ့ MacBook တွေကို Apple က အခမဲ့ပြင်ပေးမှာဖြစ်ပါတယ်။ တရားဝင် Apple Store ဒါမှမဟုတ် Authorized Repair Shop တွေမှာ သွားရောက်ပြုပြင်နိုင်မယ်လို့ဆိုပါတယ်။ အရင်က Keyboard ပြဿနာဖြစ်လို့ ပြုပြင်ထားသူတွေလည်း ပြုပြင်ခကို ပြန်လည်တောင်းယူနိုင်မယ်လို့ သိရပါတယ်။ Apple အနေနဲ့တော့ နောက် MacBook အသစ်တွေမှာ ဘယ်လို Keyboard နည်းပညာအသစ်ကို ထပ်သုံးလာမလဲ၊ ထပ်ထည့်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။