[Zawgyi] 

iOS Device ေတြကိုလူေတာ္ေတာ္မ်ားမ်ား သေဘာက်ရတဲ့အေၾကာင္းအရင္းကေတာ့ App ေတြေၾကာင့္ပါပဲ။ ဖုန္းတစ္လံုးကို ေန႔စဥ္အသံုးျပဳမႈမွာ အေရးပါလွတဲ့ App ေတြနဲ႔ပတ္သက္လာရင္ Apple ကအလြန္ဂ႐ုစိုက္ပါတယ္။ အဲ့ဒီလိုဂ႐ုစိုက္မႈေၾကာင့္လည္း Google Playstore နဲ႔ယွဥ္ရင္ App Store ကပိုၿပီးသပ္သပ္ရပ္ရပ္ရွိတယ္လို႔ အားလံုးကယူဆၾကပါတယ္။

App Store ကိုအၿမဲတမ္း လန္းလန္းဆန္းဆန္းျဖစ္ေနေစဖို႔က Apple ရဲ႕အဓိကဦးစားေပးအခ်က္ပဲျဖစ္ပါတယ္။ App Store ေပၚကိုေရာက္လာမယ့္ App တိုင္းကို Apple ရဲ႕ App Store Team ကစစ္ေဆးၿပီးမွ Store ေပၚေရာက္လာတာျဖစ္တာေၾကာင့္ အရည္အေသြးနဲ႔ပတ္သက္လာရင္ အၿမဲလိုလို Android App ေတြထက္ပိုေကာင္းေနတာပါ။ App ေတြက iPhone ေတြေပၚမွာေရာ iPad ေတြေပၚမွာပါ အသံုးျပဳသူေတြကို ေကာင္းမြန္တဲ့အေတြ႕အၾကံဳမ်ိဳးေတြေပးႏိုင္တာေၾကာင့္ iOS App ေတြကို iDevice User ေတြႏွစ္သက္ၾကတာပဲျဖစ္ပါတယ္။ 

App Store အသစ္ကို iOS 11 မွာမိတ္ဆက္ခဲ့ပါတယ္

App Store ကို iPhone အသစ္ေတြ၊ iPad အသစ္ေတြအတြက္ အၿမဲအဆင္သင့္ျဖစ္ေနေအာင္ App အေဟာင္းေတြကို Apple ကဂ႐ုစိုက္ၿပီးဖယ္ထုတ္ေလ့ရွိပါတယ္။ iOS Version အသစ္ေတြအတြက္ Update မျဖစ္ေတာ့တဲ့ App ေတြ၊ iPhone အသစ္ေတြအတြက္ အဆင္မေျပေတာ့မယ့္ App ေတြနဲ႔ 64 Bit မျဖစ္တဲ့ App ေတြကို App Store ေပၚကေနဖယ္ရွားခဲ့ပါတယ္။ App Store မွာ App ႏွစ္ခုက အားလံုးနီးပါးတူညီေနတာမ်ိဳးေတြေတြ႔ရင္လည္း Apple ကျဖဳတ္ခ်တာေၾကာင့္ Playstore ထက္အၿမဲတမ္း အျမင္ပိုင္းကအစရွင္းေနတာပဲျဖစ္ပါတယ္။ အခုလိုဖယ္ရွားမႈေတြလုပ္ခဲ့တာေၾကာင့္ App Store မွာ iOS App အေရအတြက္ဟာ Google Playstore မွာရွိတဲ့ Android App အေရအတြက္ထက္နည္းလာတာပဲျဖစ္ပါတယ္။ Playstore မွာ App ေတြပိုမ်ားလာရတဲ့အခ်က္ေတာ့ iOS App ေတာ္ေတာ္မ်ားမ်ားက Android အတြက္ထြက္လာတာေၾကာင့္ပဲျဖစ္ပါတယ္။

App ေတြကို Editor ေတြကေသျခားေရြးေပးထားပါတယ္

Apple ရဲ႕ iOS App Store ကေတာ့ App အသစ္ေတြကိုရွာေဖြဖို႔အေကာင္းဆံုးေနရာတစ္ခုအျဖစ္ အခ်ိန္အေတာ္ၾကာအထိရွိေနတာပဲျဖစ္ပါတယ္။ သံုးလို႔ေကာင္းၿပီးတစ္ကယ္လည္းအသံုးဝင္တဲ့ App ေတြကို iOS App Store မွာပဲအရင္ေတြ႕ရေလ့ရွိတာကလည္း iPhone User ေတြၾကားမွာေနရာယူထားတဲ့ Apple ရဲ႕ Customer ေတြအေပၚဂ႐ုစိုက္မႈတစ္ခုျဖစ္ပါတယ္။ Apple အေနနဲ႔ေတာ့ App ေတြနဲ႔ပတ္သက္လာရင္ Layout ပိုင္းကအစအေသးစိတ္ ဂ႐ုစိုက္တာေၾကာင့္ App တိုင္းလိုလိုမွာ သပ္ရပ္တဲ့ User Interface နဲ႔ သံုးရလြယ္တဲ့ အေနအထားေတြကိုအၿမဲေတြ႔ရတာပါ။

App Store အသစ္ကို iOS 11 နဲ႔အတူ မိတ္ဆက္ၿပီးေနာက္ပိုင္း iPhone ၊ iPad ေတြကို အသံုးျပဳရတဲ့ အေတြ႕အႀကံဳကလံုးဝေျပာင္းသြားခဲ့ပါတယ္။ App အသစ္တစ္ခု ရွာဖို႔အတြက္ပိုလြယ္သြားတဲ့အျပင္ Editor ေတြရဲ႕လက္ရာေတြကိုလည္း ေန႔တိုင္းလိုလိုေတြ႕ရတာေၾကာင့္ App ခ်စ္သူေတြအတြက္ေတာ့ App Store ကေပ်ာ္စရာေနရာတစ္ခုလိုပါပဲ။ App Store နဲ႔ပတ္သက္ၿပီး 2018 WWDC မွာမိတ္ဆက္မယ့္ iOS 12 မွာလည္း တိုးတက္လာေတြရွိလာဦးမွာေသျခာေနပါတယ္။ App Store က App အေရအတြက္ဆိုတာထက္ အရည္အေသြးပိုင္းကို ပိုဂ႐ုစိုက္တာျဖစ္တာေၾကာင့္ App ေကာင္းေတြကို အၿမဲ App Store မွာပဲအရင္ေတြ႕ရမွာပါ။  

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode] 

App အဟောင်းတွေနဲ့ Update မဖြစ်တာတွေကို App Store ကနေဖြုတ်ချခဲ့တဲ့ Apple

iOS Device တွေကိုလူတော်တော်များများ သဘောကျရတဲ့အကြောင်းအရင်းကတော့ App တွေကြောင့်ပါပဲ။ ဖုန်းတစ်လုံးကို နေ့စဉ်အသုံးပြုမှုမှာ အရေးပါလှတဲ့ App တွေနဲ့ပတ်သက်လာရင် Apple ကအလွန်ဂရုစိုက်ပါတယ်။ အဲ့ဒီလိုဂရုစိုက်မှုကြောင့်လည်း Google Playstore နဲ့ယှဉ်ရင် App Store ကပိုပြီးသပ်သပ်ရပ်ရပ်ရှိတယ်လို့ အားလုံးကယူဆကြပါတယ်။

App Store ကိုအမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့က Apple ရဲ့အဓိကဦးစားပေးအချက်ပဲဖြစ်ပါတယ်။ App Store ပေါ်ကိုရောက်လာမယ့် App တိုင်းကို Apple ရဲ့ App Store Team ကစစ်ဆေးပြီးမှ Store ပေါ်ရောက်လာတာဖြစ်တာကြောင့် အရည်အသွေးနဲ့ပတ်သက်လာရင် အမြဲလိုလို Android App တွေထက်ပိုကောင်းနေတာပါ။ App တွေက iPhone တွေပေါ်မှာရော iPad တွေပေါ်မှာပါ အသုံးပြုသူတွေကို ကောင်းမွန်တဲ့အတွေ့အကြုံမျိုးတွေပေးနိုင်တာကြောင့် iOS App တွေကို iDevice User တွေနှစ်သက်ကြတာပဲဖြစ်ပါတယ်။ 

App Store အသစ်ကို iOS 11 မှာမိတ်ဆက်ခဲ့ပါတယ်

App Store ကို iPhone အသစ်တွေ၊ iPad အသစ်တွေအတွက် အမြဲအဆင်သင့်ဖြစ်နေအောင် App အဟောင်းတွေကို Apple ကဂရုစိုက်ပြီးဖယ်ထုတ်လေ့ရှိပါတယ်။ iOS Version အသစ်တွေအတွက် Update မဖြစ်တော့တဲ့ App တွေ၊ iPhone အသစ်တွေအတွက် အဆင်မပြေတော့မယ့် App တွေနဲ့ 64 Bit မဖြစ်တဲ့ App တွေကို App Store ပေါ်ကနေဖယ်ရှားခဲ့ပါတယ်။ App Store မှာ App နှစ်ခုက အားလုံးနီးပါးတူညီနေတာမျိုးတွေတွေ့ရင်လည်း Apple ကဖြုတ်ချတာကြောင့် Playstore ထက်အမြဲတမ်း အမြင်ပိုင်းကအစရှင်းနေတာပဲဖြစ်ပါတယ်။ အခုလိုဖယ်ရှားမှုတွေလုပ်ခဲ့တာကြောင့် App Store မှာ iOS App အရေအတွက်ဟာ Google Playstore မှာရှိတဲ့ Android App အရေအတွက်ထက်နည်းလာတာပဲဖြစ်ပါတယ်။ Playstore မှာ App တွေပိုများလာရတဲ့အချက်တော့ iOS App တော်တော်များများက Android အတွက်ထွက်လာတာကြောင့်ပဲဖြစ်ပါတယ်။

App တွေကို Editor တွေကသေခြားရွေးပေးထားပါတယ်

Apple ရဲ့ iOS App Store ကတော့ App အသစ်တွေကိုရှာဖွေဖို့အကောင်းဆုံးနေရာတစ်ခုအဖြစ် အချိန်အတော်ကြာအထိရှိနေတာပဲဖြစ်ပါတယ်။ သုံးလို့ကောင်းပြီးတစ်ကယ်လည်းအသုံးဝင်တဲ့ App တွေကို iOS App Store မှာပဲအရင်တွေ့ရလေ့ရှိတာကလည်း iPhone User တွေကြားမှာနေရာယူထားတဲ့ Apple ရဲ့ Customer တွေအပေါ်ဂရုစိုက်မှုတစ်ခုဖြစ်ပါတယ်။ Apple အနေနဲ့တော့ App တွေနဲ့ပတ်သက်လာရင် Layout ပိုင်းကအစအသေးစိတ် ဂရုစိုက်တာကြောင့် App တိုင်းလိုလိုမှာ သပ်ရပ်တဲ့ User Interface နဲ့ သုံးရလွယ်တဲ့ အနေအထားတွေကိုအမြဲတွေ့ရတာပါ။

App Store အသစ်ကို iOS 11 နဲ့အတူ မိတ်ဆက်ပြီးနောက်ပိုင်း iPhone ၊ iPad တွေကို အသုံးပြုရတဲ့ အတွေ့အကြုံကလုံးဝပြောင်းသွားခဲ့ပါတယ်။ App အသစ်တစ်ခု ရှာဖို့အတွက်ပိုလွယ်သွားတဲ့အပြင် Editor တွေရဲ့လက်ရာတွေကိုလည်း နေ့တိုင်းလိုလိုတွေ့ရတာကြောင့် App ချစ်သူတွေအတွက်တော့ App Store ကပျော်စရာနေရာတစ်ခုလိုပါပဲ။ App Store နဲ့ပတ်သက်ပြီး 2018 WWDC မှာမိတ်ဆက်မယ့် iOS 12 မှာလည်း တိုးတက်လာတွေရှိလာဦးမှာသေခြာနေပါတယ်။ App Store က App အရေအတွက်ဆိုတာထက် အရည်အသွေးပိုင်းကို ပိုဂရုစိုက်တာဖြစ်တာကြောင့် App ကောင်းတွေကို အမြဲ App Store မှာပဲအရင်တွေ့ရမှာပါ။  

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။