[Zawgyi]

Apple ရဲ႕ MacBook Pro အသစ္မွာ ဘာေတြ အဆင့္ျမႇင့္တင္ထားသလဲ

Mac Fans ေတြအတြက္ ဝမ္းသာစရာသတင္းပါ။ Apple က MacBook Pro ေတြကို Hardware Refresh လုပ္ေပးလိုက္ၿပီ ျဖစ္တာေၾကာင့္ ေမွ်ာ္လင့္ရက်ိဳးနပ္သြားပါၿပီ။ MacBook Pro အသစ္မွာ Intel ရဲ႕ Coffee Lake Processor သုံးလာသလို Security ပိုင္းအတြက္ iMac Pro ကို မိတ္ဆက္တုန္းကလို T2 Co-processor လည္း ပါဝင္လာပါၿပီ။ အခုဆိုရင္ Apple က MacBook Pro 13″ နဲ႔ 15″ ေမာ္ဒယ္ႏွစ္မ်ိဳးကို ေဒၚလာ ၁,၇၉၉ နဲ႔ ၂,၃၉၉ ဆိုၿပီး စေရာင္းေနၿပီဆိုေတာ့ MacBook Pro အသစ္မွာ ဘာေတြဆန္းသစ္ထားလဲ ေလ့လာၾကည့္ရေအာင္။

An old Classic design

Design & Keyboard

ဒီဇိုင္းပိုင္းမွာေတာ့ 2017 ေမာ္ဒယ္လိုပဲ ေထြေထြထူးထူး ေျပာင္းလဲထားတာမ်ိဳး မရွိပါဘူး။ ဒီေနရာမွ သိသာတဲ့ ေျပာင္းလဲမႈတခုျဖစ္လာမွာက Apple ကိုယ္တိုင္ ဒီဇိုင္းဆြဲထားတဲ့ Butterfly Keyboard ပါ။ ပထမမ်ိဳးဆက္ကို 2016 MacBook ေမာ္ဒယ္ေတြမွာ စသုံးခဲ့တယ္ဆိုေပမယ့္ User ေတြနဲ႔ အံဝင္ခြင္က် မျဖစ္ခဲ့ပါဘူး။ တိုေတာင္းလြန္းတဲ့ Key Travel ေၾကာင့္ ႐ိုက္ရတာ ကသိကေအာက္ႏိုင္သလို တခါတခါ စာလုံးေတြ ထပ္ခါထပ္ခါ ႐ိုက္မိတာေၾကာင့္ Keyboard ကို Redesign လုပ္ေပးဖို႔ User ေတာ္ေတာ္မ်ားမ်ား ေတာင္းဆိုထားတာပါ။ ဒါေၾကာင့္ Apple အေနနဲ႔ Butterfly Keyboard ရဲ႕ Mechanism ကို ေသခ်ာျပင္ဆင္ေပးခဲ့ၿပီး အခုဆိုရင္ စာ႐ိုက္တဲ့အခါ ပိုၿပီး သက္ေတာင့္သက္သာ ရွိလာမွာျဖစ္သလို Keyboard ႐ိုက္တဲ့အသံကိုလည္း စိတ္ညစ္စရာမလိုေတာ့ဘူးလို႔ Apple ဆိုထားပါတယ္။

New MacBook Pro

Performance

MacBook Pro 15″

MacBook Pro 15″ ေမာ္ဒယ္ေတြက Apple ရဲ႕ Laptop ေတြထဲမွာ စြမ္းေဆာင္ရည္ အေကာင္းဆုံး MacBook ေတြပါ။ အခုဆိုရင္ Intel ရဲ႕ 8th Generation Core i7 နဲ႔ Core i9 Processor သုံးလာၿပီး ႀကိဳက္ႏွစ္သက္ရာ ေမာ္ဒယ္ ေ႐ြးခ်ယ္လို႔ရပါတယ္။ ဒီ Processor ႏွစ္မ်ိဳးလုံးဟာ 6-core Chips ေတြျဖစ္ၿပီး ျမန္ႏႈန္းအေနနဲ႔ 2.9GHz Base Speed ရွိပါတယ္။ အခုလို Intel ရဲ႕ High-end Chip ကို သုံးထားၿပီဆိုေတာ့ Multi-tasking ပိုေကာင္းလာေအာင္ DDR4 RAM နဲ႔ တြဲဖက္ေပးထားပါတယ္။ Apple က Performance User ေတြကို 32GB အထိ အမ်ားဆုံးသုံးလို႔ရေအင္ Upgrade လုပ္ခြင့္ေပးထားဦးမွာပါ။

ဒီလို Powerful Hardware ေတြသုံးထားလို႔ Data Transferring လုပ္တဲ့အခါ စိတ္အေႏွာက္ယွက္ မျဖစ္ရေလေအာင္ ျမန္ႏႈန္းျမႇင့္ PCIe SSD က လိုက္ေလ်ာညီေထြ ျဖစ္ေစမွာပါ။ Storage Size ကို 4TB အထိ တိုးခ်ဲ႕အသုံးျပဳႏိုင္မွာျဖစ္လို႔ အရင္ေမာ္ဒယ္ထက္ Data ေတြ ပိုသိမ္းဆည္းထားႏိုင္ဦးမွာပါ။ ဒါ့အျပင္ Graphics Performance ပိုင္းအတြက္ AMD ရဲ႕ Radeon Pro နဲ႔ အားျဖည့္ထားၿပီး Graphics ရဲ႕ VRAM က 4GB ရွိတဲ့အတြက္ Graphics Processing Power ကလည္း လုံလုံေလာက္ေလာက္ ရွိေနဦးမွာပါ။

More Performance Output

MacBook Pro 13″

MacBook Pro 13″ ေမာ္ဒယ္ေတြကေတာ့ Portable ဆန္ၿပီး စြမ္းေဆာင္ရည္ အသင့္အတင့္ ပိုင္ဆိုင္ထားတဲ့ MacBook Pro ဆိုရင္ မမွားပါဘူး။ Portable ဆိုေပမယ့္ Processor ကို Quad Core Chip ေတြပဲသုံးထားၿပီး Core i5 နဲ႔ Core i7 Processor ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္ပါတယ္။ Memory ကိုလည္း DDR4 RAM အမ်ိဳးအစားကိုပဲ အသုံးျပဳေပးထားၿပီး 16GB ေလာက္အထိ အမ်ားဆုံးသုံးလို႔ရေအာင္ Upgrade လုပ္ခြင့္ေပးထားပါေသးတယ္။ Storage ပိုင္းအတြက္လည္း PCIe SSD အမ်ိဳးအစားကိုပဲ သုံးထားၿပီး 2TB ပမာအထိ ထပ္တိုး အသုံးျပဳႏိုင္ဦးမွာပါ။ MacBook Pro 13″ ေမာ္ဒယ္မွာေတာ့ Intel ရဲ႕ Iris Plus 655 Graphics ကို Integrated Chip အေနနဲ႔သုံးထားၿပီး 128MB ပမာဏရွိတဲ့ eDRAM ပါဝင္မွာ ျဖစ္ပါတယ္။

External GPU is supported

External GPU

Graphics စြမ္းေဆာင္ရည္ကို MacBook တလုံးထဲနဲ႔ မလုံေလာက္ႏိုင္ဘူးဆိုရင္ External GPU အသုံးျပဳလို႔ရေအာင္ Apple က သီးသန္႔ Graphic Enclosure နဲ႔ ေထာက္ပံ့ေပးထားလိုက္ပါၿပီ။ ေဒၚလာ ၆၉၉ က်သင့္မယ့္ External GPU ကို Blackmagic မွာ ဝယ္ယူႏိုင္မွာျဖစ္ၿပီး AMD ရဲ႕ Radeon Pro 580 Graphics Card အမ်ိဳးအစား သုံးေပးထားပါတယ္။ Graphics Card ဟာ DDR5 အမ်ိဳးအစားျဖစ္ၿပီး 8GB VRAM ပါဝင္ပါတယ္။ ဒီ Graphics Enclousre ကို MacBook နဲ႔ တြဲဖက္ အသုံးျပဳႏိုင္ဖို႔ Thunderbolt 3 ေပါက္၊ USB 3.0 ၄ ေပါက္နဲ႔ HDMI 2.0 တစ္ေပါက္ ပါဝင္မွာ ျဖစ္ပါတယ္။

Display & Battery

Retina Display ကို ထုံးစံအတိုင္း အသုံးျပဳထားၿပီး MacBook Pro ေမာ္ဒယ္အသစ္မွာ True Tone Screen နည္းပညာ ပါဝင္လာမွာပါ။ ဒါက ပတ္ဝန္းက်င္ရဲ႕ အလင္းေရာင္ အေျခအေနအလိုက္ Colour Temperature ကို Auto-Brightness ပုံစံမ်ိဳး အေကာင္းဆုံး အေနအထားျဖစ္ေအာင္ အလိုအေလ်ာက္ ခ်ိန္ညႇိေပးႏိုင္ဦးမွာပါ။ Battery ပိုင္းအေနနဲ႔ Apple က တစုံတရာ အဆင့္ျမႇင့္တင္ထားျခင္း မရွိေပမယ့္ Coffee Lake Processor က ပါဝါသုံးစြဲမႈ ပိုနည္းပါးသြားမွာျဖစ္လို႔ အရင္ေမာ္ဒယ္ေတြထက္ Battery Life ပို အသုံးခံမွာျဖစ္ပါတယ္။

Display Options on new MacBook Pro

အခုလို MacBook Pro အသစ္မွာ Coffee Lake Processor အသုံးျပဳလာတာေၾကာင့္ 6-Core Chip ပါဝင္တဲ့ 15″ ေမာ္ဒယ္အသစ္ဟာ အရင္ေမာ္ဒယ္ေတြထက္ စြမ္းေဆာင္ရည္ ၇၀% အထိ ပိုျမန္ေနပါၿပီ။ ဒီလိုပဲ Quad Core Processor သုံးထားတဲ့ 13″ ေမာ္ဒယ္ေတြကေတာ့ စြမ္းေဆာင္ရည္ ၂ ဆနီးပါးေလာက္ကို သိသိသာသာ ျမန္ဆန္ေနပါၿပီ။ ဒါ့အျပင္ True Tone Display နည္းပညာနဲ႔ အခုလို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြက Photographers ၊ Musicians နဲ႔ Video Editor တို႔အတြက္ MacBook Pro အသစ္ဟာ ဆြဲေဆာင္စရာ ျဖစ္ေနမွာ အမွန္ပါပဲ။

2B (Akhayar)

www.akhayar.com

Ref: Apple, Macworld, Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Apple ရဲ့ MacBook Pro အသစ်မှာ ဘာတွေ အဆင့်မြှင့်တင်ထားသလဲ

Mac Fans တွေအတွက် ဝမ်းသာစရာသတင်းပါ။ Apple က MacBook Pro တွေကို Hardware Refresh လုပ်ပေးလိုက်ပြီ ဖြစ်တာကြောင့် မျှော်လင့်ရကျိုးနပ်သွားပါပြီ။ MacBook Pro အသစ်မှာ Intel ရဲ့ Coffee Lake Processor သုံးလာသလို Security ပိုင်းအတွက် iMac Pro ကို မိတ်ဆက်တုန်းကလို T2 Co-processor လည်း ပါဝင်လာပါပြီ။ အခုဆိုရင် Apple က MacBook Pro 13″ နဲ့ 15″ မော်ဒယ်နှစ်မျိုးကို ဒေါ်လာ ၁,၇၉၉ နဲ့ ၂,၃၉၉ ဆိုပြီး စရောင်းနေပြီဆိုတော့ MacBook Pro အသစ်မှာ ဘာတွေဆန်းသစ်ထားလဲ လေ့လာကြည့်ရအောင်။

An old Classic design

Design & Keyboard

ဒီဇိုင်းပိုင်းမှာတော့ 2017 မော်ဒယ်လိုပဲ ထွေထွေထူးထူး ပြောင်းလဲထားတာမျိုး မရှိပါဘူး။ ဒီနေရာမှ သိသာတဲ့ ပြောင်းလဲမှုတခုဖြစ်လာမှာက Apple ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ Butterfly Keyboard ပါ။ ပထမမျိုးဆက်ကို 2016 MacBook မော်ဒယ်တွေမှာ စသုံးခဲ့တယ်ဆိုပေမယ့် User တွေနဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ တိုတောင်းလွန်းတဲ့ Key Travel ကြောင့် ရိုက်ရတာ ကသိကအောက်နိုင်သလို တခါတခါ စာလုံးတွေ ထပ်ခါထပ်ခါ ရိုက်မိတာကြောင့် Keyboard ကို Redesign လုပ်ပေးဖို့ User တော်တော်များများ တောင်းဆိုထားတာပါ။ ဒါကြောင့် Apple အနေနဲ့ Butterfly Keyboard ရဲ့ Mechanism ကို သေချာပြင်ဆင်ပေးခဲ့ပြီး အခုဆိုရင် စာရိုက်တဲ့အခါ ပိုပြီး သက်တောင့်သက်သာ ရှိလာမှာဖြစ်သလို Keyboard ရိုက်တဲ့အသံကိုလည်း စိတ်ညစ်စရာမလိုတော့ဘူးလို့ Apple ဆိုထားပါတယ်။

New MacBook Pro

Performance

MacBook Pro 15″

MacBook Pro 15″ မော်ဒယ်တွေက Apple ရဲ့ Laptop တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး MacBook တွေပါ။ အခုဆိုရင် Intel ရဲ့ 8th Generation Core i7 နဲ့ Core i9 Processor သုံးလာပြီး ကြိုက်နှစ်သက်ရာ မော်ဒယ် ရွေးချယ်လို့ရပါတယ်။ ဒီ Processor နှစ်မျိုးလုံးဟာ 6-core Chips တွေဖြစ်ပြီး မြန်နှုန်းအနေနဲ့ 2.9GHz Base Speed ရှိပါတယ်။ အခုလို Intel ရဲ့ High-end Chip ကို သုံးထားပြီဆိုတော့ Multi-tasking ပိုကောင်းလာအောင် DDR4 RAM နဲ့ တွဲဖက်ပေးထားပါတယ်။ Apple က Performance User တွေကို 32GB အထိ အများဆုံးသုံးလို့ရအေင် Upgrade လုပ်ခွင့်ပေးထားဦးမှာပါ။

ဒီလို Powerful Hardware တွေသုံးထားလို့ Data Transferring လုပ်တဲ့အခါ စိတ်အနှောက်ယှက် မဖြစ်ရလေအောင် မြန်နှုန်းမြှင့် PCIe SSD က လိုက်လျောညီထွေ ဖြစ်စေမှာပါ။ Storage Size ကို 4TB အထိ တိုးချဲ့အသုံးပြုနိုင်မှာဖြစ်လို့ အရင်မော်ဒယ်ထက် Data တွေ ပိုသိမ်းဆည်းထားနိုင်ဦးမှာပါ။ ဒါ့အပြင် Graphics Performance ပိုင်းအတွက် AMD ရဲ့ Radeon Pro နဲ့ အားဖြည့်ထားပြီး Graphics ရဲ့ VRAM က 4GB ရှိတဲ့အတွက် Graphics Processing Power ကလည်း လုံလုံလောက်လောက် ရှိနေဦးမှာပါ။

More Performance Output

MacBook Pro 13″

MacBook Pro 13″ မော်ဒယ်တွေကတော့ Portable ဆန်ပြီး စွမ်းဆောင်ရည် အသင့်အတင့် ပိုင်ဆိုင်ထားတဲ့ MacBook Pro ဆိုရင် မမှားပါဘူး။ Portable ဆိုပေမယ့် Processor ကို Quad Core Chip တွေပဲသုံးထားပြီး Core i5 နဲ့ Core i7 Processor ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Memory ကိုလည်း DDR4 RAM အမျိုးအစားကိုပဲ အသုံးပြုပေးထားပြီး 16GB လောက်အထိ အများဆုံးသုံးလို့ရအောင် Upgrade လုပ်ခွင့်ပေးထားပါသေးတယ်။ Storage ပိုင်းအတွက်လည်း PCIe SSD အမျိုးအစားကိုပဲ သုံးထားပြီး 2TB ပမာအထိ ထပ်တိုး အသုံးပြုနိုင်ဦးမှာပါ။ MacBook Pro 13″ မော်ဒယ်မှာတော့ Intel ရဲ့ Iris Plus 655 Graphics ကို Integrated Chip အနေနဲ့သုံးထားပြီး 128MB ပမာဏရှိတဲ့ eDRAM ပါဝင်မှာ ဖြစ်ပါတယ်။

External GPU is supported

External GPU

Graphics စွမ်းဆောင်ရည်ကို MacBook တလုံးထဲနဲ့ မလုံလောက်နိုင်ဘူးဆိုရင် External GPU အသုံးပြုလို့ရအောင် Apple က သီးသန့် Graphic Enclosure နဲ့ ထောက်ပံ့ပေးထားလိုက်ပါပြီ။ ဒေါ်လာ ၆၉၉ ကျသင့်မယ့် External GPU ကို Blackmagic မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး AMD ရဲ့ Radeon Pro 580 Graphics Card အမျိုးအစား သုံးပေးထားပါတယ်။ Graphics Card ဟာ DDR5 အမျိုးအစားဖြစ်ပြီး 8GB VRAM ပါဝင်ပါတယ်။ ဒီ Graphics Enclousre ကို MacBook နဲ့ တွဲဖက် အသုံးပြုနိုင်ဖို့ Thunderbolt 3 ပေါက်၊ USB 3.0 ၄ ပေါက်နဲ့ HDMI 2.0 တစ်ပေါက် ပါဝင်မှာ ဖြစ်ပါတယ်။

Display & Battery

Retina Display ကို ထုံးစံအတိုင်း အသုံးပြုထားပြီး MacBook Pro မော်ဒယ်အသစ်မှာ True Tone Screen နည်းပညာ ပါဝင်လာမှာပါ။ ဒါက ပတ်ဝန်းကျင်ရဲ့ အလင်းရောင် အခြေအနေအလိုက် Colour Temperature ကို Auto-Brightness ပုံစံမျိုး အကောင်းဆုံး အနေအထားဖြစ်အောင် အလိုအလျောက် ချိန်ညှိပေးနိုင်ဦးမှာပါ။ Battery ပိုင်းအနေနဲ့ Apple က တစုံတရာ အဆင့်မြှင့်တင်ထားခြင်း မရှိပေမယ့် Coffee Lake Processor က ပါဝါသုံးစွဲမှု ပိုနည်းပါးသွားမှာဖြစ်လို့ အရင်မော်ဒယ်တွေထက် Battery Life ပို အသုံးခံမှာဖြစ်ပါတယ်။

Display Options on new MacBook Pro

အခုလို MacBook Pro အသစ်မှာ Coffee Lake Processor အသုံးပြုလာတာကြောင့် 6-Core Chip ပါဝင်တဲ့ 15″ မော်ဒယ်အသစ်ဟာ အရင်မော်ဒယ်တွေထက် စွမ်းဆောင်ရည် ၇၀% အထိ ပိုမြန်နေပါပြီ။ ဒီလိုပဲ Quad Core Processor သုံးထားတဲ့ 13″ မော်ဒယ်တွေကတော့ စွမ်းဆောင်ရည် ၂ ဆနီးပါးလောက်ကို သိသိသာသာ မြန်ဆန်နေပါပြီ။ ဒါ့အပြင် True Tone Display နည်းပညာနဲ့ အခုလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေက Photographers ၊ Musicians နဲ့ Video Editor တို့အတွက် MacBook Pro အသစ်ဟာ ဆွဲဆောင်စရာ ဖြစ်နေမှာ အမှန်ပါပဲ။

2B (Akhayar)

www.akhayar.com

Ref: Apple, Macworld, Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။