[Zawgyi] 

Apple က September Event မွာ iPhone အသစ္ ၃ မ်ိဳးကို မိတ္ဆက္ေပးသြားပါတယ္။ အရင္ႏွစ္က iPhone X ရ႕ဲေနာက္မ်ိဳးဆက္ေတြျဖစ္တဲ့ iPhone XS နဲ႔ iPhone XS Max အျပင္ ေစ်းပိုသက္သာတဲ့ iPhone XR ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ 

iPhone X OLED Super Retina Display

 

iPhone XS ေတြကေတာ့ S Mode ေတြျဖစ္တာနဲ႔အညီ Design ေျပာင္းလဲမႈကေတာ့ ႀကီးႀကီးမားမားမရွိပါဘူး။ Apple လုပ္ေနက်ပံုစံအတိုင္း S Version မွာ အေရာင္အသစ္ထပ္ထည့္ေပးလာပါတယ္။ Gold ၊ Silver ၊ Space Grey ဆိုၿပီး iPhone XS ကို ေရြးဝယ္လို႔ရလာပါတယ္။ iPhone XS ေတြမွာေတာ့ ပိုေကာင္းတဲ့ Processor ၊ ပိုၿပီး အေရာင္ေတြတိက်လာတဲ့ OLED Display ေတြနဲ႔အတူ Camera ပိုင္း၊ Audio ပိုင္းမွာလည္း အရင္ႏွစ္က iPhone X ထက္ ပိုေကာင္းေအာင္လုပ္ေပးထားတာေၾကာင့္ လက္ရွိအခ်ိန္မွာ စိတ္ဝင္စားစရာအေကာင္းဆံုးျဖစ္ေနပါတယ္။ 

iPhone X Dual Cameras

 

ထူးျခားတာကေတာ့ iPhone ေတြရဲ႕ အႏွစ္ ဒါမွမဟုတ္ Apple ရဲ႕လူသိအမ်ားဆံုး သေကၤတတစ္ခုျဖစ္တဲ့ Home Button အဝိုင္းေလးေတြကို ဒီႏွစ္ iPhone ေတြမွာ မေတြ႕ရေတာ့တာပါ။ Apple အေနနဲ႔ 3.5mm Headphone Port ကို iPhone 7 ေတြမွာစၿပီး မထည့္ေပးေတာ့တဲ့နေနာက္ပိုင္း ထပ္ၿပီးဖယ္လိုက္တာက Touch ID နဲ႔ Home Button ပါ။ အဲ့ဒီအတြက္လည္း အရင္ႏွစ္က iPhone 8 နဲ႔  iPhone 8 Plus ေနရာကို အစားထိုးဖို႔ iPhone XR ကို မိတ္ဆက္ေပးလိုက္တာပါ။ iPhone 8 Plus ထက္ပိုႀကီးတဲ့ LCD Display ပါေပမယ့္ iPhone 8 Plus ထက္ Body Size က ေသးငယ္တာေၾကာင့္ ပိုၿပီးသယ္ရလြယ္၊ ကုိင္ရလြယ္လာမွာပါ။ Face ID အတြက္ TrueDepth Camera System ပါလာၿပီျဖစ္တာေၾကာင့္ Animoji နဲ႔ Memoji လိုမ်ိဳး iPhone X Feature ေတြကို လူအမ်ားႀကီး ပိုသံုးလာၾကေတာ့မယ္လို႔ ယူဆရပါတယ္။ 

iPhone XR with LCD Display ၊ Face ID

 

Apple က iPhone အသစ္ေတြကို ပြဲထုတ္ၿပီးတဲ့ေနာက္မွာေတာ့ iPhone အေဟာင္းေတြျဖစ္တဲ့ iPhone 7 ၊ iPhone 7 Plus ၊ iPhone 8 နဲ႔ iPhone 8 Plus ေတြကိုေတာ့ အရင္ကထက္ ေစ်းေလွ်ာ့ၿပီး ဆက္ေရာင္းသြားမယ္ဆိုတဲ့အေၾကာင္းကို ေၾကညာခဲ့ပါတယ္။ ဆက္ေရာင္းမယ့္အထဲမွာေတာ့ iPhone X က မပါဝင္ေတာ့သလို Apple ရဲ႕ Online Store ေတြမွာလည္း စာရင္းေဖာ္ျပထားတာမ်ိဳးမရွိေတာ့ပါဘူး။ Reseller ေတြဆီမွာေတာ့ ဝယ္လို႔ရေသးတယ္ဆိုၿပီး ေရးထားပါတယ္။ Apple ကိုယ္တိုင္ကေတာ့ iPhone X ကိုေရာင္းခ်တာ ရပ္တန္႔လိုက္ၿပီျဖစ္တာေၾကာင့္ iPhone X အစား iPhone XS ကို ပိုဝယ္ေစခ်င္တာျဖစ္တယ္လို႔ ယူဆရပါတယ္။ iPhone X ကေတာ့ အခုအခ်ိန္အထိ အေကာင္းဆံုး iPhone စာရင္းထဲမွာ ပါေနဦးမွာပါ။ iPhone XS ေတြမွာပါတဲ့ Feature ေတာ္ေတာ္မ်ားမ်ားကလည္း iPhone X မွာ ရေနေသးတာျဖစ္တဲ့အျပင္ ပထမဦးဆံုး OLED iPhone ျဖစ္လာတာေၾကာင့္ iPhone XR ထက္ပိုေကာင္းတဲ့ Display ကိုလည္းရႏိုင္ပါေသးတယ္။ သင္ေရာ iPhone X ကိုအခုမွဝယ္မွာလား ဒါမွမဟုတ္ ေစ်းသိပ္မကြာမယ့္ iPhone XR အသစ္ကိုေစာင့္မွာလား။  

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

iPhone X ရောင်းချမှုကို တိတ်တဆိတ်ရပ်တန့်လိုက်တဲ့ Apple

Apple က September Event မှာ iPhone အသစ် ၃ မျိုးကို မိတ်ဆက်ပေးသွားပါတယ်။ အရင်နှစ်က iPhone X ရဲ့နောက်မျိုးဆက်တွေဖြစ်တဲ့ iPhone XS နဲ့ iPhone XS Max အပြင် ဈေးပိုသက်သာတဲ့ iPhone XR ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ 

iPhone X OLED Super Retina Display

 

iPhone XS တွေကတော့ S Mode တွေဖြစ်တာနဲ့အညီ Design ပြောင်းလဲမှုကတော့ ကြီးကြီးမားမားမရှိပါဘူး။ Apple လုပ်နေကျပုံစံအတိုင်း S Version မှာ အရောင်အသစ်ထပ်ထည့်ပေးလာပါတယ်။ Gold ၊ Silver ၊ Space Grey ဆိုပြီး iPhone XS ကို ရွေးဝယ်လို့ရလာပါတယ်။ iPhone XS တွေမှာတော့ ပိုကောင်းတဲ့ Processor ၊ ပိုပြီး အရောင်တွေတိကျလာတဲ့ OLED Display တွေနဲ့အတူ Camera ပိုင်း၊ Audio ပိုင်းမှာလည်း အရင်နှစ်က iPhone X ထက် ပိုကောင်းအောင်လုပ်ပေးထားတာကြောင့် လက်ရှိအချိန်မှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပါတယ်။ 

iPhone X Dual Cameras

 

ထူးခြားတာကတော့ iPhone တွေရဲ့ အနှစ် ဒါမှမဟုတ် Apple ရဲ့လူသိအများဆုံး သင်္ကေတတစ်ခုဖြစ်တဲ့ Home Button အဝိုင်းလေးတွေကို ဒီနှစ် iPhone တွေမှာ မတွေ့ရတော့တာပါ။ Apple အနေနဲ့ 3.5mm Headphone Port ကို iPhone 7 တွေမှာစပြီး မထည့်ပေးတော့တဲ့နနောက်ပိုင်း ထပ်ပြီးဖယ်လိုက်တာက Touch ID နဲ့ Home Button ပါ။ အဲ့ဒီအတွက်လည်း အရင်နှစ်က iPhone 8 နဲ့  iPhone 8 Plus နေရာကို အစားထိုးဖို့ iPhone XR ကို မိတ်ဆက်ပေးလိုက်တာပါ။ iPhone 8 Plus ထက်ပိုကြီးတဲ့ LCD Display ပါပေမယ့် iPhone 8 Plus ထက် Body Size က သေးငယ်တာကြောင့် ပိုပြီးသယ်ရလွယ်၊ ကိုင်ရလွယ်လာမှာပါ။ Face ID အတွက် TrueDepth Camera System ပါလာပြီဖြစ်တာကြောင့် Animoji နဲ့ Memoji လိုမျိုး iPhone X Feature တွေကို လူအများကြီး ပိုသုံးလာကြတော့မယ်လို့ ယူဆရပါတယ်။ 

iPhone XR with LCD Display ၊ Face ID

 

Apple က iPhone အသစ်တွေကို ပွဲထုတ်ပြီးတဲ့နောက်မှာတော့ iPhone အဟောင်းတွေဖြစ်တဲ့ iPhone 7 ၊ iPhone 7 Plus ၊ iPhone 8 နဲ့ iPhone 8 Plus တွေကိုတော့ အရင်ကထက် ဈေးလျှော့ပြီး ဆက်ရောင်းသွားမယ်ဆိုတဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။ ဆက်ရောင်းမယ့်အထဲမှာတော့ iPhone X က မပါဝင်တော့သလို Apple ရဲ့ Online Store တွေမှာလည်း စာရင်းဖော်ပြထားတာမျိုးမရှိတော့ပါဘူး။ Reseller တွေဆီမှာတော့ ဝယ်လို့ရသေးတယ်ဆိုပြီး ရေးထားပါတယ်။ Apple ကိုယ်တိုင်ကတော့ iPhone X ကိုရောင်းချတာ ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် iPhone X အစား iPhone XS ကို ပိုဝယ်စေချင်တာဖြစ်တယ်လို့ ယူဆရပါတယ်။ iPhone X ကတော့ အခုအချိန်အထိ အကောင်းဆုံး iPhone စာရင်းထဲမှာ ပါနေဦးမှာပါ။ iPhone XS တွေမှာပါတဲ့ Feature တော်တော်များများကလည်း iPhone X မှာ ရနေသေးတာဖြစ်တဲ့အပြင် ပထမဦးဆုံး OLED iPhone ဖြစ်လာတာကြောင့် iPhone XR ထက်ပိုကောင်းတဲ့ Display ကိုလည်းရနိုင်ပါသေးတယ်။ သင်ရော iPhone X ကိုအခုမှဝယ်မှာလား ဒါမှမဟုတ် ဈေးသိပ်မကွာမယ့် iPhone XR အသစ်ကိုစောင့်မှာလား။  

Min Than Htike (Akhayar)

www.akhayar.com