MacBook ေတြမွာ OLED Screen ကိုပဲ Keyboard အေနနဲ႔ ထားဖုိ႔ မူပိုင္ခြင့္ရယူလုိက္တဲ့ Apple

Apple က MacBook ေတြကို ျပီးခဲ့တဲ့ႏွစ္ပိုင္းတုန္းက Touch Bar ကို MacBook Pro ေတြမွာ အသံုးျပဳလာခဲ့ျပီးေတာ့ Keyboard မွာ ပါဝင္ေနၾက Function Keys ေတြဟာမလုိအပ္ဘူးဆိုတာကို ျပသခဲ့ပါတယ္။ အခုအခ်ိန္မွာ အဆိုပါ Touch Bar ဟာ လက္ရွိအခ်ိန္မွာ အသံုးဝင္တဲ့အရာတစ္ခုျဖစ္ေနျပီးေတာ့ MacBook Pro ဝယ္ယူမယ္ဆုိရင္ ထည့္သြင္းစဥ္းစားရမယ့္အရာတစ္ခုျဖစ္ေနျပီပဲျဖစ္ပါတယ္။ အဲ့ဒီလုိပဲ Apple ဟာ အခု MacBook ေတြရဲ႕ Touch Bar Concept ကိုေနာက္အဆင့္တစ္ခုဆီကို ယူေဆာင္သြားေတာ့မွာပါ။

အဲ့ဒါကေတာ့ Apple ကေန ေနာက္ပိုင္း MacBook ေတြမွာ Keyboard ေနရာတစ္ခုလံုးကို OLED Screen နဲ႔ အစားထုိးႏုိင္မယ့္ မူပုိင္ခြင့္တစ္ခုကို တင္သြင္းလုိက္တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေနာက္ပိုင္းမွာ MacBook ေတြက Display ၂ ခုျဖစ္သြားမွာလို႔ေတာင္ေျပာလုိ႔ရပါတယ္။

အခုလုိမ်ိဳး Keyboard ေနရာမွာ OLED Display ကို အစားထုိးဖုိ႔ ၾကိဳးစားေနတာက အခ်ိဳ႕ေသာအသံုးျပဳသူေတြအတြက္ကေတာ့ သေဘာက်တဲ့ပံုစံမေပၚပါဘူး။ အခုလုိမ်ိဳး Screen ၂ ခုကို အသံုးျပဳတာက လက္ရွိ Apple ကေန အသံုးျပဳေနတဲ့ Butterfly Mechanism Keyboard ထက္ပိုျပီးေကာင္းႏုိင္ပါ့မလားဆုိတာကို မသိႏုိင္ေသးသလုိ လက္ရွိအသံုးျပဳေနတဲ့ပံုစံကိုပါ ေျပာင္းလဲရဖုိ႔ရွိေနပါတယ္။

ဒါေပမယ့္လည္း Apple ဟာ OLED Display မွာေပမယ့္ Keyboard တစ္ခုလုိမ်ိဳး စာရုိက္ရတဲ့ခံစားမႈရရွိေအာင္လည္း Haptic Feedback ရရွိေအာင္ေဆာင္ရြက္ႏုိင္တဲ့အတြက္ အခု Apple က ရယူလုိက္တဲ့ မူပိုင္ခြင့္ဟာ ဒီႏွစ္မွာထြက္ရွိလာမယ့္ MacBook Pro 2018 မွာ ေတြ႕လာရမလားဆုိတာကေတာ့ ဆက္ျပီး ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple က MacBook တွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက Touch Bar ကို MacBook Pro တွေမှာ အသုံးပြုလာခဲ့ပြီးတော့ Keyboard မှာ ပါဝင်နေကြ Function Keys တွေဟာမလိုအပ်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ အခုအချိန်မှာ အဆိုပါ Touch Bar ဟာ လက်ရှိအချိန်မှာ အသုံးဝင်တဲ့အရာတစ်ခုဖြစ်နေပြီးတော့ MacBook Pro ဝယ်ယူမယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အရာတစ်ခုဖြစ်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Apple ဟာ အခု MacBook တွေရဲ့ Touch Bar Concept ကိုနောက်အဆင့်တစ်ခုဆီကို ယူဆောင်သွားတော့မှာပါ။

အဲ့ဒါကတော့ Apple ကနေ နောက်ပိုင်း MacBook တွေမှာ Keyboard နေရာတစ်ခုလုံးကို OLED Screen နဲ့ အစားထိုးနိုင်မယ့် မူပိုင်ခွင့်တစ်ခုကို တင်သွင်းလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ MacBook တွေက Display ၂ ခုဖြစ်သွားမှာလို့တောင်ပြောလို့ရပါတယ်။

အခုလိုမျိုး Keyboard နေရာမှာ OLED Display ကို အစားထိုးဖို့ ကြိုးစားနေတာက အချို့သောအသုံးပြုသူတွေအတွက်ကတော့ သဘောကျတဲ့ပုံစံမပေါ်ပါဘူး။ အခုလိုမျိုး Screen ၂ ခုကို အသုံးပြုတာက လက်ရှိ Apple ကနေ အသုံးပြုနေတဲ့ Butterfly Mechanism Keyboard ထက်ပိုပြီးကောင်းနိုင်ပါ့မလားဆိုတာကို မသိနိုင်သေးသလို လက်ရှိအသုံးပြုနေတဲ့ပုံစံကိုပါ ပြောင်းလဲရဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း Apple ဟာ OLED Display မှာပေမယ့် Keyboard တစ်ခုလိုမျိုး စာရိုက်ရတဲ့ခံစားမှုရရှိအောင်လည်း Haptic Feedback ရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက် အခု Apple က ရယူလိုက်တဲ့ မူပိုင်ခွင့်ဟာ ဒီနှစ်မှာထွက်ရှိလာမယ့် MacBook Pro 2018 မှာ တွေ့လာရမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com