Apple ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Service အသစ်တွေကို မိတ်ဆက်ခဲ့ပြီးတော့ စစခြင်းအနေနဲ့ News+ Subscription Plan ကို စတင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရက်သတ္တပတ်တစ်ခုကြာသွားတာနဲ့အမျှ ဒီ Apple News+ Feature ကို အသုံးပြုသူတွေအရေအတွက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Apple News+

အခု Apple က မိတ်ဆက်ထားတဲ့ Service တွေထဲက ပထမဆုံးအသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်တဲ့ Apple News+ က အသုံးပြုသူ ၂ သိန်းကျော် ရရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple အတွက်တော့ Paid Subscription Plan ကို အားပေးတဲ့သူတွေများပြားတယ်လို့ ပြောနိုင်ပါတယ်။

Apple ရဲ့ News+ Subscription Plan က လက်ရှိမှာ Paid News Media တွေအပြင် နာမည်ကြီး မဂ္ဂဇင်း ၃၀၀ ကျော်ကိုပါ တစ်နေရာထဲမှာ ဖတ်ရှုနိုင်တဲ့ Service တစ်ခုလည်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Apple က ဒီ News+ Feature ကို US မှာ အသုံးပြုသူတွေအတွက် တစ်လကို ၉.၉၉ ဒေါ်လာနဲ့ Canada Region အတွက်ကတော့ ၁၂.၉၉ ဒေါ်လာကျသင့်မှာပါ။

ဒါပေမယ့် Apple က ယခု News+ Subscription Plan ကို စတင်အသုံးပြုမယ်ဆိုရင် ပထမဆုံးလကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီးတော့ လောလောဆယ်မှာ US နဲ့ Canada Region ပဲရရှိဦးမှာပါ။ Apple ကတော့ မကြာခင်အချိန်အတွင်းမှာ တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Apple News+

Apple ဟာ ယခု News+ အပြင် Apple Credit Card ၊ Apple TV+ Streaming Service နဲ့ Apple Arcade Gaming Platform တစ်ခုကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အသုံးပြုနိုင်တဲ့ Service ကတော့ News+ ပဲဖြစ်ပြီး ကျန်တဲ့ Service တွေက လာမယ့် မေလနောက်ပိုင်းမှသာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Apple News+ ကို အသုံးပြုသူများပြားတာက Apple အနေနဲ့ Product တွေအပြင် ဒီလို Service တွေကနေလည်း ဝင်ငွေရှာဖွေဖို့ ကြိုးစားတာ အောင်မြင်လာနိုင်တယ်လို့ ယူဆရပါတယ်။ တကယ်လို့ Apple Product တွေနဲ့ပတ်သတ်ပြီး အကူအညီလိုအပ်တယ်ဆိုရင်လည်း iSure ကို ဆက်သွယ်ကြည့်နိုင်မှာပါ။

Ref : The New York Times