[Zawgyi] 

Mac Pro ကို 2013 မွာ Apple မိတ္ဆက္ခဲ့ေပမယ့္ အခုအခ်ိန္ထိ Mac Pro ရဲ႕ပရိတ္သတ္ကရွိေနဆဲျဖစ္ပါတယ္။ Mac Pro ကိုေတာ့ Professional ေတြအတြက္ Apple ကရည္ရြယ္ခ်က္ရွိရွိထုတ္ေပးထားတာေၾကာင့္ Mac Pro အသစ္ကိုလည္း လက္ရွိ Mac Pro လိုမ်ိဳး Cylinder ပံုနဲ႔ပဲေတြ႕ရဖို႔ရွိပါတယ္။ 

Mac Pro ကိုအနက္ေရာင္တစ္မ်ိဳးပဲထုတ္လုပ္ခဲ့ပါတယ္

Mac Pro ကိုအနက္ေရာင္တစ္မ်ိဳးပဲထုတ္လုပ္ခဲ့ပါတယ္

Mac Pro အသစ္နဲ႔ပတ္သက္ၿပီး Apple ရဲ႕ရည္ရြယ္ခ်က္ကေတာ့ Pro User ေတြအတြက္ အေကာင္းဆံုး Mac Workstation တစ္ခုဆိုတာမ်ိဳးျဖစ္ေစခ်င္တာပါ။ လက္ရွိ Mac Pro ကိုလည္းထြက္လာတဲ့အခ်ိန္ကတည္းက ႐ုပ္ရွင္ဖန္တီးသူေတြ၊ Digital အႏုပညာဖန္တီးသူေတြ၊ 3D Render ဖန္တီးသူေတြ၊ အႀကီးတန္းဓာတ္ပံုပညာရွင္ေတြ အစရွိတဲ့နယ္ပယ္အသီးသီးက ဖန္တီးသူေတြအသံုးျပဳခဲ့ၾကပါတယ္။ Mac Pro က Apple ရဲ႕တစ္ခုတည္းေသာ စြမ္းေဆာင္ရည္ျမင့္ Display မဲ့ Desktop တစ္လံုးလည္းျဖစ္ပါတယ္။ iMac ေတြလိုမ်ိဳး Display ပါတဲ့ All In One Desktop မဟုတ္တာေၾကာင့္ အသံုးျပဳသူေတြအေနနဲ႔ သူတို႔စိတ္ႀကိဳက္ Display ေတြနဲ႔တြဲဖက္အသံုးျပဳႏိုင္တဲ့အျပင္ စားပြဲေပၚမွာစိတ္ႀကိဳက္ေနရာခ်ထားႏိုင္ပါေသးတယ္။ 

Apple ရဲ႕စြမ္းေဆာင္ရည္အေကာင္းဆံုး Desktop အေနနဲ႔ ထြက္ရွိခဲ့တာပါ

Apple ရဲ႕စြမ္းေဆာင္ရည္အေကာင္းဆံုး Desktop အေနနဲ႔ ထြက္ရွိခဲ့တာပါ

2019 မွာထြက္မယ့္ Mac Pro နဲ႔ပတ္သက္လို႔ Apple ရဲ႕ Mac Hardware Product Marketing ပိုင္းမွာအလုပ္လုပ္ေနတဲ့ Tom Boger က “ကၽြန္ေတာ္တို႔အေနနဲ႔ Pro User ေတြနဲ႔ဆက္ဆံတဲ့အခါ ပြင့္လင္းျမင္သာမႈရွိခ်င္ပါတယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီး Mac Pro အသစ္ကေတာ့ 2019 မွာေတြ႕ရမယ့္ ထုတ္ကုန္တစ္ခုျဖစ္တယ္ဆိုတာကိုသိေစခ်င္ပါတယ္” လို႔ေျပာသြားခဲ့ပါတယ္။ Mac Pro ကိုေတာ့ Intel ရဲ႕ Processor ေတြကိုပဲသံုးသြားမလား ဒါမွမဟုတ္ ARM အေျခခံထားတဲ့ Processor ေတြကိုပဲအသံုးျပဳသြားမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ Mac Pro အသစ္ကိုေတာ့ လက္ရွိ iMac Pro ထက္ပိုေကာင္းတဲ့ Hardware အသစ္ေတြနဲ႔ေတြ႕ရႏိုင္တာေၾကာင့္ Pro User ေတြအေနနဲ႔ေတာ့ အသစ္ကိုပဲေစာင့္ ဝယ္သင့္ပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple ရဲ့ Mac Pro အသစ်ကို ၂၀၁၉ခုနှစ်မှာ တွေ့ရနိုင်မှာလား

Mac Pro ကို 2013 မှာ Apple မိတ်ဆက်ခဲ့ပေမယ့် အခုအချိန်ထိ Mac Pro ရဲ့ပရိတ်သတ်ကရှိနေဆဲဖြစ်ပါတယ်။ Mac Pro ကိုတော့ Professional တွေအတွက် Apple ကရည်ရွယ်ချက်ရှိရှိထုတ်ပေးထားတာကြောင့် Mac Pro အသစ်ကိုလည်း လက်ရှိ Mac Pro လိုမျိုး Cylinder ပုံနဲ့ပဲတွေ့ရဖို့ရှိပါတယ်။ 

Mac Pro ကိုအနက်ရောင်တစ်မျိုးပဲထုတ်လုပ်ခဲ့ပါတယ်

Mac Pro အသစ်နဲ့ပတ်သက်ပြီး Apple ရဲ့ရည်ရွယ်ချက်ကတော့ Pro User တွေအတွက် အကောင်းဆုံး Mac Workstation တစ်ခုဆိုတာမျိုးဖြစ်စေချင်တာပါ။ လက်ရှိ Mac Pro ကိုလည်းထွက်လာတဲ့အချိန်ကတည်းက ရုပ်ရှင်ဖန်တီးသူတွေ၊ Digital အနုပညာဖန်တီးသူတွေ၊ 3D Render ဖန်တီးသူတွေ၊ အကြီးတန်းဓာတ်ပုံပညာရှင်တွေ အစရှိတဲ့နယ်ပယ်အသီးသီးက ဖန်တီးသူတွေအသုံးပြုခဲ့ကြပါတယ်။ Mac Pro က Apple ရဲ့တစ်ခုတည်းသော စွမ်းဆောင်ရည်မြင့် Display မဲ့ Desktop တစ်လုံးလည်းဖြစ်ပါတယ်။ iMac တွေလိုမျိုး Display ပါတဲ့ All In One Desktop မဟုတ်တာကြောင့် အသုံးပြုသူတွေအနေနဲ့ သူတို့စိတ်ကြိုက် Display တွေနဲ့တွဲဖက်အသုံးပြုနိုင်တဲ့အပြင် စားပွဲပေါ်မှာစိတ်ကြိုက်နေရာချထားနိုင်ပါသေးတယ်။ 

Apple ရဲ့စွမ်းဆောင်ရည်အကောင်းဆုံး Desktop အနေနဲ့ ထွက်ရှိခဲ့တာပါ

2019 မှာထွက်မယ့် Mac Pro နဲ့ပတ်သက်လို့ Apple ရဲ့ Mac Hardware Product Marketing ပိုင်းမှာအလုပ်လုပ်နေတဲ့ Tom Boger က “ကျွန်တော်တို့အနေနဲ့ Pro User တွေနဲ့ဆက်ဆံတဲ့အခါ ပွင့်လင်းမြင်သာမှုရှိချင်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး Mac Pro အသစ်ကတော့ 2019 မှာတွေ့ရမယ့် ထုတ်ကုန်တစ်ခုဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။ Mac Pro ကိုတော့ Intel ရဲ့ Processor တွေကိုပဲသုံးသွားမလား ဒါမှမဟုတ် ARM အခြေခံထားတဲ့ Processor တွေကိုပဲအသုံးပြုသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။ Mac Pro အသစ်ကိုတော့ လက်ရှိ iMac Pro ထက်ပိုကောင်းတဲ့ Hardware အသစ်တွေနဲ့တွေ့ရနိုင်တာကြောင့် Pro User တွေအနေနဲ့တော့ အသစ်ကိုပဲစောင့် ဝယ်သင့်ပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။