Apple Music က တဖြည်းဖြည်းနဲ့ Subscriber ပြုလုပ်သူတွေများပြားလာပြီးတော့ လက်ရှိမှာလူသုံးအများဆုံးဖြစ်နေတဲ့ Spotify ကို မှီဖို့ သိပ်မလိုတော့ဘူးလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Apple Music က Subscribe ပြုလုပ်ပြီး အသုံးပြုတဲ့သူတွေ သန်း ၆၀ ကျော်သွားပြီလို့ သိရပါတယ်။

အခုသတင်းကို Apple Senior Vice President ဖြစ်တဲ့ Eddy Cue က အတည်ပြုပြောကြားခဲ့တာဖြစ်ပြီးတော့ French Media Site တစ်ခုဖြစ်တဲ့ Numerama နဲ့ Interview မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက Apple Music Subscriber က သန်း ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် အချိန်တိုအတွင်းကို နောက်ထပ် Subscriber ၁၀ သန်းတိုးလာတာဖြစ်ပါတယ်။

Apple Music က အခုလိုမျိုး ဆက်တိုက်တိုးတက်လာတာက အဓိကပြိုင်ဘက်ဖြစ်တဲ့ Spotify နဲ့ ယှဉ်ရင်တော့ နည်းပါးနေသေးပြီး Spotify က လက်ရှိ Subscriber သန်း ၁၀၀ ကျော်ရှိနေတာပဲဖြစ်ပါတယ်။

Apple Music ဟာ လာမယ့် macOS Catalina Update အသစ်မှာလည်း iTunes နေရာကို အစားထိုးဝင်ရောက်လာမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာလည်း Android မှာပါ Download ပြုလုပ်အသုံးပြုသူတွေများပြားနေပြီဖြစ်တဲ့အတွက် ဒီပုံစံအတိုင်းဆိုရင် Spotify ကို ကျော်တက်သွားနိုင်ပါတယ်။

Ref : The Verge