Apple ရဲ့ Subscription Music Service Application တစ်ခုဖြစ်တဲ့ Apple Music က အခုအချိန်အထိ Spotify ကို ကျော်တက်ဖို့ ကြိုးစားနေရတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple Music က သိသိသာသာကို အသုံးပြုသူတွေတိုးတက်လာပြီဖြစ်ပါတယ်။

ဒီလိုမျိုး အသုံးပြုသူတွေတိုးတက်လာတာက Apple Device တွေမှာတင်မဟုတ်ဘဲ Android Device မှာပါ တိုးတက်လာတာဖြစ်ပါတယ်။ ဘယ်လောက်တောင် တိုးတက်လာသလဲဆိုရင် ဒီနှစ် ၂၀၁၉ ခုနှစ်ရဲ့ ပထမ ၃ လပတ်မှာတင် Google Play Store မှာ Apple Music Application ကို Install ပြုလုပ်သူပေါင်း ၃.၈ သန်းအထိရှိလာခဲ့တာဖြစ်ပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲကစပြီး အခုအချိန်အထိ Android Platform မှာ ၃လပတ်အလိုက် အများဆုံး Install ပြုလုပ်မှုလည်းဖြစ်လာခဲ့ပါတယ်။

Apple Music on Google Play Store

အဲ့ဒါကြောင့်လည်း အခုအချိန်မှာ Apple Music ကို Android မှာ အသုံးပြုနေတဲ့သူအရေအတွက်က သန်း ၄၀ ကျော်သွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုးအသုံးပြုနေလို့ Android မှာ စတင်ပြီး Apple Music ကို Subscribe တဲ့သူတွေထက် Apple Device တစ်ခုခုရှိနေတဲ့သူတွေက Android Device တွေမှာ Install ပြုလုပ်တာပိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Apple ကိုယ်တိုင်က မကြာသေးခင်ကမှ စုစုပေါင်း Subscribe ပြုလုပ်ပြီး နားထောင်သူက ၅၆ သန်းကျော်ပဲရှိတယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple Music က အချိန်တိုအတွင်းမှာ ဆက်တိုက်ကို အောင်မြင်လာတာဖြစ်ပြီး အခုဆိုရင် Apple Device အသုံးပြုသူတွေဆီမှာပဲ Limit မဖြစ်နေတော့တာကလည်း အခုအောင်မြင်မှုအတွက် တဖက်တလမ်းကနေ ပါဝင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Apple Music အနေနဲ့ Spotify ရဲ့ ၉၆ သန်းသော Paid Subscriber တွေကို မီအောင်ထပ်ပြီး ကြိုးစားဖို့လိုအပ်ဦးမှာပါ။

Apple Music on Google Play Store

တကယ်လို့ ကိုယ်သုံးနေတဲ့ Apple Device တွေမှာ Service ပိုင်းနဲ့ ပတ်သတ်ပြီး အကူအညီတစ်ခုခုလိုအပ်နေတယ်ဆိုရင်လည်း iSure မှာ အချိန်မရွေးသွားရောက်ပြသနိုင်မှာပါ။

Ref : BGR