
Apple Music



Apple Music Vs Spotify


Apple Music Vs Spotify

ဘယ်လိုပဲဖြစ်ဖြစ် Spotify ဟာ တကမ္ဘာလုံးမှာ Paid Subscribers ပေါင်း သန်း ၇၀ျေက်ာနဲ့ Free User သန်း ၉၀ ကျော်ရှိနေသေးတဲ့အတွက် လူသုံးအများဆုံး Music Streaming Services တစ်ခုဖြစ်နေသေးပြီး Apple Music က စုစုပေါင်းမှ ၄၅ သန်းပဲ Paid Subscribers တွေရှိနေသေးတာဖြစ်ပါတယ်။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Music Streaming Services တွေဟာ အခုအချိန်မှာ တဖြည်းဖြည်းနဲ့ အပြိုင်အဆိုင်တွေများပြားလာပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး Music Streaming Service တွေထဲမှာ Spotify ဟာ အသုံးပြုသူအများအပြားရှိနေပြီဖြစ်တဲ့ Music Streaming Service တစ်ခုလို့ ပြောလို့ရပါတယ်။

Apple Music

ဒါပေမယ့် နောက်ပိုင်းမှာ Spotify အပြင် Apple က Apple Music ဆိုပြီး Premium Music Streaming Service ကို စတင်လိုက်တဲ့အချိန်မှာတော့ Apple Music ဟာ iDevices တွေအပြင် Android ၊ PC တွေ Mac ကွန်ပျူတာတွေနဲ့ပါ အလွယ်တကူအသုံးပြုနိုင်တဲ့အပြင် သီချင်းတွေလည်း ပိုပြီး များပြားတဲ့အတွက်ကြောင့် Subscribed ပြုလုပ်ပြီး အသုံးပြုသူတွေတဖြည်းဖြည်း များပြားလာပြီပဲဖြစ်ပါတယ်။

Apple Music အနေနဲ့ အခုလိုမျိုးအောင်မြင်မှုရရှိလာတာက Spotify အတွက်တော့ မကောင်းတဲ့အချက်ဖြစ်ပြီး အခုဆိုရင် Apple Music ဟာ US မှာ Spotify ထက်တောင် Paid Subscribers တွေ ပိုပြီး များပြားသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Apple အနေနဲ့ Spotify ကို ကျော်တက်မယ်ဆိုတာကို ခန့်မှန်းထားကြပေမယ့် အခုအချိန်မှာတော့ ယခင်က ခန့်မှန်းထားတဲ့ နောက်နှစ် ၂၀၁၉ မရောက်ခင်မှာတင် Apple က အသာရသွားတာပဲဖြစ်ပါတယ်။

Apple Music Vs Spotify

Apple Music ဟာ လက်ရှိအချိန်မှာ US ဈေးကွက်မှာ Paid Subscriber ပေါင်း သန်း ၂၀ ကျော်ရရှိထားပြီးတော့ Spotify လည်း လက်ရှိမှာ Paid Subscriber ပေါင်း သန်း ၂၀ ဝန်းကျင်ရှိနေတဲ့အတွက် Apple အနေနဲ့ သိသိသာသာကြီး အနိုင်ရရှိသွားတာတော့မဟုတ်ဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ Apple Music ဟာ တစ်လကို ၅ ရာခိုင်နှုန်းတိုးတက်နေတဲ့အချိန်မှာ Spotify က တစ်လကို ၂ ရာခိုင်နှုန်းပဲ တိုးတက်နေတာဖြစ်ပါတယ်။

Apple Music Vs Spotify

ဘယ်လိုပဲဖြစ်ဖြစ် Spotify ဟာ တကမ္ဘာလုံးမှာ Paid Subscribers ပေါင်း သန်း ၇၀ ေျကာ်နဲ့ Free User သန်း ၉၀ ကျော်ရှိနေသေးတဲ့အတွက် လူသုံးအများဆုံး Music Streaming Services တစ်ခုဖြစ်နေသေးပြီး Apple Music က စုစုပေါင်းမှ ၄၅ သန်းပဲ Paid Subscribers တွေရှိနေသေးတာဖြစ်ပါတယ်။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com