[Zawgyi]

ပထမဆံုး Dual SIM အသံုးျပဳႏိုင္မယ့္ iPhone ကို ၂၀၁၈ခုႏွစ္ မကုန္ခင္ေတြ႕ျမင္ရဖြယ္ရွိ

KGI Securities က Analyst တစ္ဦးျဖစ္တဲ့ Ming-Chi Kuo က Apple ဟာ Dual SIM စနစ္ပါဝင္တဲ့ စမတ္ဖုန္းေတြထုတ္လုပ္လာဖြယ္ရွိတယ္လို႔ ၄င္းရဲ႕ Investors ေတြကိုထုတ္ေျပာလိုက္ပါတယ္။ ၂၀၁၇ ကတည္းကထြက္ခဲ့တဲ့ ေရွ႕ေျပးသတင္းမွာပါတဲ့ စမတ္ဖုန္း ၃မ်ိဳးထဲက ၂မ်ိဳးျဖစ္လာႏိုင္ၿပီး ေစ်းႏႈန္းေတြအေနနဲ႔ $650 ကေန $750 ၾကား ဒါမွမဟုတ္ $550 ကေန $650 ဝန္းက်င္က်သင့္မယ့္ 6.1 လက္မအရြယ္ LCD Display သံုး Single SIM ေမာ္ဒယ္နဲ႔ 6.5 လက္မအရြယ္ OLED Display ကိုအသံုးျပဳထားတဲ့ Dual SIM စနစ္ပါဝင္မယ့္ ေမာ္ဒယ္ေတြပဲျဖစ္ပါတယ္။

Dual SIM ပါဝင္တဲ့ စမတ္ဖုန္းေတြဟာ United States မွာေတာ့ အသံုးျပဳသူေတြသေဘာမက်ေသးေပမယ့္ Latin America, Europe, နဲ႔ Asian ေစ်းကြက္ေတြမွာ အေတာ္ကိုလူႀကိဳက္မ်ားတဲ့အဆင့္မွာရွိေနၿပီးပါတယ္။ ဒါေၾကာင့္Apple အေနနဲ႔ Customer Base အသစ္တစ္ခုကိုဖန္တီးၿပ ေစ်းကြက္သစ္တစ္ခုအေနနဲ႔ထိုးေဖာက္လာဖြယ္ရွိပါတယ္။ အဆိုပါ Dual SIM စမတ္ဖုန္းဟာ iPhone ရဲ႕ေစ်းကြက္ေဝစုသစ္တစ္ခုကို ထပ္မံဖန္တီးေပးႏိုင္ဖို႕အတြက္လည္း ေသခ်ာသေလာက္ရွိပါတယ္။

အကယ္၍သာ Apple အေနနဲ႔ စမတ္ဖုန္းေစ်းကြက္ကို လက္ရွိပံုစံကေန ေျပာင္းလဲလိုက္မယ္ဆိုရင္ အသစ္ထြက္မယ့္ဖုန္းေတြမွာ $650 ထက္ေလ်ာ့တဲ့ ဖုန္းေတြကိုေတြ႕ျမင္ရဖို႔ေသခ်ာေနၿပီး Apple User ေတြအတြက္လည္း အခ်ိန္ေကာင္းအခါေကာင္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။ စမတ္ဖုန္းေတြေစ်းႀကီးေနတာဟာ သာမာန္လူတန္းစားေတြအတြက္ ၄င္းတို႔လက္ရွိသံုးေနတဲ့ဖုန္းကို မလဲႏိုင္ပဲ ၾကာၾကာအသံုးျပဳေနေစဖို႔အတြက္ ဖိအားေပးေနသလိုျဖစ္ေနတာပဲမဟုတ္ပါလား…

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

ပထမဆုံး Dual SIM အသုံးပြုနိုင်မယ့် iPhone ကို ၂၀၁၈ခုနှစ် မကုန်ခင်တွေ့မြင်ရဖွယ်ရှိ

KGI Securities က Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo က Apple ဟာ Dual SIM စနစ်ပါဝင်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်လာဖွယ်ရှိတယ်လို့ ၎င်းရဲ့ Investors တွေကိုထုတ်ပြောလိုက်ပါတယ်။ ၂၀၁၇ ကတည်းကထွက်ခဲ့တဲ့ ရှေ့ပြေးသတင်းမှာပါတဲ့ စမတ်ဖုန်း ၃မျိုးထဲက ၂မျိုးဖြစ်လာနိုင်ပြီး ဈေးနှုန်းတွေအနေနဲ့ $650 ကနေ $750 ကြား ဒါမှမဟုတ် $550 ကနေ $650 ဝန်းကျင်ကျသင့်မယ့် 6.1 လက်မအရွယ် LCD Display သုံး Single SIM မော်ဒယ်နဲ့ 6.5 လက်မအရွယ် OLED Display ကိုအသုံးပြုထားတဲ့ Dual SIM စနစ်ပါဝင်မယ့် မော်ဒယ်တွေပဲဖြစ်ပါတယ်။

Dual SIM ပါဝင်တဲ့ စမတ်ဖုန်းတွေဟာ United States မှာတော့ အသုံးပြုသူတွေသဘောမကျသေးပေမယ့် Latin America, Europe, နဲ့ Asian ဈေးကွက်တွေမှာ အတော်ကိုလူကြိုက်များတဲ့အဆင့်မှာရှိနေပြီးပါတယ်။ ဒါကြောင့်Apple အနေနဲ့ Customer Base အသစ်တစ်ခုကိုဖန်တီးပြ ဈေးကွက်သစ်တစ်ခုအနေနဲ့ထိုးဖောက်လာဖွယ်ရှိပါတယ်။ အဆိုပါ Dual SIM စမတ်ဖုန်းဟာ iPhone ရဲ့ဈေးကွက်ဝေစုသစ်တစ်ခုကို ထပ်မံဖန်တီးပေးနိုင်ဖို့အတွက်လည်း သေချာသလောက်ရှိပါတယ်။

အကယ်၍သာ Apple အနေနဲ့ စမတ်ဖုန်းဈေးကွက်ကို လက်ရှိပုံစံကနေ ပြောင်းလဲလိုက်မယ်ဆိုရင် အသစ်ထွက်မယ့်ဖုန်းတွေမှာ $650 ထက်လျော့တဲ့ ဖုန်းတွေကိုတွေ့မြင်ရဖို့သေချာနေပြီး Apple User တွေအတွက်လည်း အချိန်ကောင်းအခါကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ စမတ်ဖုန်းတွေဈေးကြီးနေတာဟာ သာမာန်လူတန်းစားတွေအတွက် ၎င်းတို့လက်ရှိသုံးနေတဲ့ဖုန်းကို မလဲနိုင်ပဲ ကြာကြာအသုံးပြုနေစေဖို့အတွက် ဖိအားပေးနေသလိုဖြစ်နေတာပဲမဟုတ်ပါလား…

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com