[Zawgyi] 

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၀ ရက္ေန႔ကပဲ Apple က iPad Pro အသစ္ေတြကို မိတ္ဆက္ေပးလိုက္ပါတယ္။ အရင္ကတည္းက ေအာင္ျမင္ခဲ့တဲ့ iPad Pro ေတြကို အခုေတာ့ အရင္ကထက္ အမ်ားႀကီးပိုေကာင္းလာေအာင္ Apple က လုပ္ျပႏိုင္ခဲ့ပါၿပီ။

iPad အသစ္မွာေတာ့ လက္ရွိ Apple Product အသစ္ေတာ္ေတာ္မ်ားမ်ားလိုပဲ Rounded Corner ေတြပါတဲ့ Full Screen Design နဲ႔ Display Design ေတြကို ေျပာင္းသံုးေပးလာပါတယ္။ Body ကိုလည္း အရင္က iPad ေတြလို လံုးေနေအာင္ လုပ္ေပးထားတာမဟုတ္ဘဲ ေလးေထာင့္ဆန္ဆန္ အျပားတစ္ခုျဖစ္ေအာင္ လုပ္ေပးထားတဲ့အျပင္ ပိုၿပီး ပါးလာပါၿပီ။ Design ပိုင္းမွာေတာ့ iPad သမိုင္းတစ္ေလွ်ာက္မွာ ေျပာင္းလဲမႈအရွိဆံုး iPad အျဖစ္ iPad Pro က စာရင္းဝင္သြားပါၿပီ။

Two Sizes

iPad Pro အသစ္ေတြကို 12.9 Inch နဲ႔ 11 Inch ဆိုၿပီး Display Size ႏွစ္မ်ိဳးနဲ႔ ထုတ္ေပးလိုက္တာျဖစ္ပါတယ္။ အရင္ကေတာ့ iPad Pro Size အေသးမွာ 9.7 Inch နဲ႔ 10.2 Inch ဆိုၿပီး ႏွစ္ခုရွိခဲ့ေပမယ့္ အခုေတာ့ 11 Inch က အေသးဆံုး iPad Pro ျဖစ္လာပါၿပီ။ 12.9 Inch iPad Pro ကိုလည္း Body Size ပိုေသးေအာင္လုပ္ေပးထားတာေၾကာင့္ အရင္က 12.9 Inch iPad Pro ထက္ အရြယ္က ပိုေသးသြားပါတယ္။

Home Button

အခုလို Design ကိုရဖို႔အတြက္ေတာ့ Apple ရဲ႕ သေကၤတတစ္ခုလိုျဖစ္ေနတဲ့ Home Button ကို ျဖဳတ္လိုက္ရပါတယ္။ Home Button မပါေတာ့တဲ့အတြက္ Touch ID ကိုလည္း iPhone X မွာစၿပီးေတြ႕ရတဲ့ Face ID နဲ႔ အစားထိုးေပးလိုက္ပါတယ္။ Face ID ကိုလည္း iPad ကို ဘယ္လိုကိုင္ထားထား သံုးလို႔ရေအာင္ လုပ္ေပးထားတာေၾကာင့္ Unlock လုပ္ဖို႔အတြက္ Screen ႀကီးကို အတည့္ျဖစ္ေအာင္ လွည့္ေနစရာမလိုပါဘူး။ Display ရဲ႕ အေပၚနဲ႔ေအာက္ေဘာင္ေတြက အရင္ကထက္ ပိုေသးသြားလို႔ ၾကည့္ရတာလည္း ပိုလွသြားသလို Body Size လည္း ေသးသြားေစပါတယ္။ Home Button အတြက္ေတာ့ Gesture ေတြနဲ႔ အစားထိုးေပးလိုက္ပါတယ္။

Displays

Display ေတြကိုေတာ့ 11 Inch မွာ 2388 x 1668 Resolution နဲ႔ 12.9 Inch မွာ 2732 x 2048 Resolution အထိရွိပါတယ္။ Display ႏွစ္ခုလံုးကေတာ့ LCD Display ေတြျဖစ္ၿပီး Apple က Liquid Retina Display လို႔ပဲ နာမည္ေပးထားပါတယ္။ Display ေတြမွာေတာ့ အရင္ကေတြ႕ေနက်အတိုင္း ProMotion (120Hz Refresh Rate) ၊ P3 Colour Gamut ၊ True Tone ၊ 600 Nits Brightness ေတြ ရေနဦးမွာပါ။

Design Changes

ေလးေထာင့္ဆန္ဆန္ ျဖစ္သြားတဲ့အတြက္ ေျပာင္းလဲမႈေတြ အမ်ားႀကီးျဖစ္သြားပါတယ္။ အရင္က iPad Pro ေတြရဲ႕ ေဘးဖက္မွာပါတဲ့ Smart Connector ကို ေနာက္ေက်ာဖက္ပို႔လိုက္ရပါတယ္။ အဲ့ဒီေနရာမွာေတာ့ Mic တစ္ခုကို တပ္ေပးလိုက္ပါတယ္။ တစ္ဖက္ေဘာင္မွာေတာ့ Magnetic Connector အသစ္ထပ္ပါလာပါတယ္။ အဲ့တာကေတာ့ Apple Pencil အသစ္ကို အားသြင္းေပးဖို႔အတြက္ပါ။ အေပၚဖက္မွာေတာ့ Mic ၃ ခုအထိ ထပ္ၿပီးထည့္ေပးလိုက္ပါတယ္။ ေပၚနဲ႔ေအာက္ေဘာင္ေတြမွာရွိတဲ့ Speaker ေပါက္ေတြကိုလည္း အရင္ကထက္ ပိုမ်ားေအာင္ ေဖာက္ေပးထားပါတယ္။ ေအာက္ဖက္မွာေတာ့ Lightning Connector အစား USB-C အေပါက္ကို ေျပာင္းၿပီးတပ္ေပးထားတာေတြ႕ရပါတယ္။

Specifications

iPad Pro အသစ္ေတြမွာေတာ့ Apple A12X Bionic Chip ေတြကို သံုးေပးထားပါတယ္။ Storage ေတြအေနနဲ႔ေတာ့ 64GB ၊ 256GB ၊ 512GB နဲ႔ 1TB ဆိုၿပီး ၄ မ်ိဳးအထိ ေရြးလို႔ရလာပါၿပီ။ RAM ကိုေတာ့ Apple က ထုတ္မေျပာတတ္ေပမယ့္ iPad Pro အသစ္ေတြမွာ RAM 4GB ပါၿပီး 1TB Storage ကိုဝယ္မယ္ဆိုရင္ေတာ့ RAM 6GB အထိပါဝင္မယ္လို႔ သိရပါတယ္။ iOS Device ေတြထဲမွာ 1TB Storage နဲ႔ထုတ္ေပးတာ ဒါပထမဦးဆံုးပါ။ Battery Charging အတြက္လည္း 18W USB-C Adpater ပါဝင္မွာျဖစ္လို႔ Fast Charging အတြက္လည္း အဆင္ေျပမွာပါ။

Camera and Face ID

ေနာက္ေက်ာဖက္မွာ 12MP f/1.8 Aperture ရွိတဲ့ Camera ကိုတပ္ေပးၿပီး လက္ရွိ iPhone XS ေတြရဲ႕ Camera ေတြနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ OIS မပါေပမယ့္ Smart HDR နဲ႔ Auto Imgae Stabilization ေတြကိုေတာ့ သံုးလို႔ရပါတယ္။ Face ID အတြက္ 7MP f/2.2 ရွိတဲ့ True Depth Camera System ပါလာတာေၾကာင့္ Portrait Selfie ၊ Animoji နဲ႔ Memoji ေတြကို သံုးလို႔ရလာပါၿပီ။

Smart Keyboard Folio & New Apple Pencil

iPad Pro အသစ္ေတြအတြက္ Smart Keyboard အသစ္ကို မိတ္ဆက္ေပးလိုက္ပါတယ္။ Keyboard အသစ္ကေတာ့ ေနာက္ေက်ာဖက္က Smart Connector ကိုသံုးၿပီး iPad Pro နဲ႔ တြဲလို႔ရမွာပါ။ Folio Keyboard ကေတာ့ iPad အတြက္ Cover အျဖစ္လည္းသံုးလို႔ရတာေၾကာင့္ သယ္သြားတဲ့အခါ အဆင္ေျပေစပါတယ္။

Smart Keyboard Folio

Apple Pencil အသစ္ကေတာ့ Design ေျပာင္းသြားပါၿပီ။ အားသြင္းဖို႔အတြက္ကိုေတာ့ iPad Pro ရဲ႕ ေဘးေဘာင္မွာရွိတဲ့ Magnetic Connector ကို ကပ္လိုက္ရင္ရပါၿပီ။ iPad Pro ကို အားသြင္းေနခ်ိန္မွာလည္း Apple Pencil ကို တစ္ခါတည္း အားသြင္းထားလို႔ရပါေသးတယ္။ Apple Pencil ကို အခုလို အားသြင္းလို႔ရေအာင္အတြက္ေတာ့ ေဘးဖက္ မ်က္ႏွာျပင္တစ္ခုကို အျပားလုပ္ေပးထားတာေၾကာင့္ လက္ထဲမွာ ကိုင္တဲ့အခါလည္း ခဲတံအစစ္လို ပိုၿပီးသဘာဝက်လာမွာပါ။ အရင္ Apple Pencil အေဟာင္းေတြကိုေတာ့ အခု iPad Pro အသစ္ေတြနဲ႔ တြဲသံုးလို႔ရမွာမဟုတ္ပါဘူး။

Apple Pencil

iPad Pro ကို Smart Keyboard နဲ႔ Apple Pencil ေတြကို တြဲတဲ့အခါ အဆင္ေျပၿပီး အၿမဲတည့္ေနဖို႔အတြက္ အထဲမွာ သံလိုက္ေပါင္း အခု ၁၂၀ တိတိကို ထည့္ေပးထားတယ္လို႔သိရပါတယ္။

Why iPad Pro is a computer.

Apple က iPad Pro နဲ႔ပတ္သက္ၿပီး What is a computer? ဆိုတဲ့ ေမးခြန္းတစ္ခုနဲ႔ ေၾကာ္ျငာတစ္ခုကို YouTube မွာ တင္ခဲ့ဖူးပါတယ္။ ဒီေမးခြန္းကိုေတာ့ အခုႏွစ္မွာထုတ္ျပတဲ့ iPad Pro အသစ္ေတြက ေျဖေပးလိုက္ပါၿပီ။

iPad ေတြက Computer ေတြပါပဲ။ တျခား Computer ေတြနဲ႔မတူတဲ့ Computer ေတြျဖစ္ေနတာက iPad ေတြရဲ႕ ထူးျခားခ်က္လိုျဖစ္ေနပါတယ္။ iOS အတြက္ အထူးလုပ္ေပးထားတဲ့ Hardware တစ္ခုလိုျဖစ္ေနတာေၾကာင့္ Computer ေတြလို သံုးႏိုင္တယ္ဆိုတဲ့အေတြးအေခၚကို Apple က ျပခ်င္တာပါ။ Keyboard နဲ႔ Apple Pencil က iPad ေတြကို ဘယ္လိုသံုးရမလဲဆိုတာကို ဆံုးျဖတ္ေပးေနသလိုပါပဲ။

Photoshop CC

Creator အမ်ိဳးမ်ိဳး အတြက္ေတာ့ iPad ေတြက Computer ေတြျဖစ္ႏိုင္သလို ပံုဆြဲတဲ့ Canvas ေတြလည္း ျဖစ္ႏိုင္ပါတယ္။ နယ္ပယ္အမ်ိဳးမ်ိဳးကလူတိုင္းအတြက္ iPad ေတြက တစ္ေထာင့္တစ္ေနရာကေန အားျဖည့္ေပးႏိုင္တာေၾကာင့္ Powerful ျဖစ္တဲ့ Portable Computer အျဖစ္ Apple က ေျပာခ်င္တာပါ။ သင္ေရာ iPad ေတြကိုသံုးၿပီး ဘာေတြဖန္တီးဖူးသလဲ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPad Pro အသစ်က Computer တစ်လုံးလို့ပြောလိုက်တဲ့ Apple

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကပဲ Apple က iPad Pro အသစ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ အရင်ကတည်းက အောင်မြင်ခဲ့တဲ့ iPad Pro တွေကို အခုတော့ အရင်ကထက် အများကြီးပိုကောင်းလာအောင် Apple က လုပ်ပြနိုင်ခဲ့ပါပြီ။

iPad အသစ်မှာတော့ လက်ရှိ Apple Product အသစ်တော်တော်များများလိုပဲ Rounded Corner တွေပါတဲ့ Full Screen Design နဲ့ Display Design တွေကို ပြောင်းသုံးပေးလာပါတယ်။ Body ကိုလည်း အရင်က iPad တွေလို လုံးနေအောင် လုပ်ပေးထားတာမဟုတ်ဘဲ လေးထောင့်ဆန်ဆန် အပြားတစ်ခုဖြစ်အောင် လုပ်ပေးထားတဲ့အပြင် ပိုပြီး ပါးလာပါပြီ။ Design ပိုင်းမှာတော့ iPad သမိုင်းတစ်လျှောက်မှာ ပြောင်းလဲမှုအရှိဆုံး iPad အဖြစ် iPad Pro က စာရင်းဝင်သွားပါပြီ။

Two Sizes

iPad Pro အသစ်တွေကို 12.9 Inch နဲ့ 11 Inch ဆိုပြီး Display Size နှစ်မျိုးနဲ့ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ အရင်ကတော့ iPad Pro Size အသေးမှာ 9.7 Inch နဲ့ 10.2 Inch ဆိုပြီး နှစ်ခုရှိခဲ့ပေမယ့် အခုတော့ 11 Inch က အသေးဆုံး iPad Pro ဖြစ်လာပါပြီ။ 12.9 Inch iPad Pro ကိုလည်း Body Size ပိုသေးအောင်လုပ်ပေးထားတာကြောင့် အရင်က 12.9 Inch iPad Pro ထက် အရွယ်က ပိုသေးသွားပါတယ်။

Home Button

အခုလို Design ကိုရဖို့အတွက်တော့ Apple ရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေတဲ့ Home Button ကို ဖြုတ်လိုက်ရပါတယ်။ Home Button မပါတော့တဲ့အတွက် Touch ID ကိုလည်း iPhone X မှာစပြီးတွေ့ရတဲ့ Face ID နဲ့ အစားထိုးပေးလိုက်ပါတယ်။ Face ID ကိုလည်း iPad ကို ဘယ်လိုကိုင်ထားထား သုံးလို့ရအောင် လုပ်ပေးထားတာကြောင့် Unlock လုပ်ဖို့အတွက် Screen ကြီးကို အတည့်ဖြစ်အောင် လှည့်နေစရာမလိုပါဘူး။ Display ရဲ့ အပေါ်နဲ့အောက်ဘောင်တွေက အရင်ကထက် ပိုသေးသွားလို့ ကြည့်ရတာလည်း ပိုလှသွားသလို Body Size လည်း သေးသွားစေပါတယ်။ Home Button အတွက်တော့ Gesture တွေနဲ့ အစားထိုးပေးလိုက်ပါတယ်။

Displays

Display တွေကိုတော့ 11 Inch မှာ 2388 x 1668 Resolution နဲ့ 12.9 Inch မှာ 2732 x 2048 Resolution အထိရှိပါတယ်။ Display နှစ်ခုလုံးကတော့ LCD Display တွေဖြစ်ပြီး Apple က Liquid Retina Display လို့ပဲ နာမည်ပေးထားပါတယ်။ Display တွေမှာတော့ အရင်ကတွေ့နေကျအတိုင်း ProMotion (120Hz Refresh Rate) ၊ P3 Colour Gamut ၊ True Tone ၊ 600 Nits Brightness တွေ ရနေဦးမှာပါ။

Design Changes

လေးထောင့်ဆန်ဆန် ဖြစ်သွားတဲ့အတွက် ပြောင်းလဲမှုတွေ အများကြီးဖြစ်သွားပါတယ်။ အရင်က iPad Pro တွေရဲ့ ဘေးဖက်မှာပါတဲ့ Smart Connector ကို နောက်ကျောဖက်ပို့လိုက်ရပါတယ်။ အဲ့ဒီနေရာမှာတော့ Mic တစ်ခုကို တပ်ပေးလိုက်ပါတယ်။ တစ်ဖက်ဘောင်မှာတော့ Magnetic Connector အသစ်ထပ်ပါလာပါတယ်။ အဲ့တာကတော့ Apple Pencil အသစ်ကို အားသွင်းပေးဖို့အတွက်ပါ။ အပေါ်ဖက်မှာတော့ Mic ၃ ခုအထိ ထပ်ပြီးထည့်ပေးလိုက်ပါတယ်။ ပေါ်နဲ့အောက်ဘောင်တွေမှာရှိတဲ့ Speaker ပေါက်တွေကိုလည်း အရင်ကထက် ပိုများအောင် ဖောက်ပေးထားပါတယ်။ အောက်ဖက်မှာတော့ Lightning Connector အစား USB-C အပေါက်ကို ပြောင်းပြီးတပ်ပေးထားတာတွေ့ရပါတယ်။

Specifications

iPad Pro အသစ်တွေမှာတော့ Apple A12X Bionic Chip တွေကို သုံးပေးထားပါတယ်။ Storage တွေအနေနဲ့တော့ 64GB ၊ 256GB ၊ 512GB နဲ့ 1TB ဆိုပြီး ၄ မျိုးအထိ ရွေးလို့ရလာပါပြီ။ RAM ကိုတော့ Apple က ထုတ်မပြောတတ်ပေမယ့် iPad Pro အသစ်တွေမှာ RAM 4GB ပါပြီး 1TB Storage ကိုဝယ်မယ်ဆိုရင်တော့ RAM 6GB အထိပါဝင်မယ်လို့ သိရပါတယ်။ iOS Device တွေထဲမှာ 1TB Storage နဲ့ထုတ်ပေးတာ ဒါပထမဦးဆုံးပါ။ Battery Charging အတွက်လည်း 18W USB-C Adpater ပါဝင်မှာဖြစ်လို့ Fast Charging အတွက်လည်း အဆင်ပြေမှာပါ။

Camera and Face ID

နောက်ကျောဖက်မှာ 12MP f/1.8 Aperture ရှိတဲ့ Camera ကိုတပ်ပေးပြီး လက်ရှိ iPhone XS တွေရဲ့ Camera တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ OIS မပါပေမယ့် Smart HDR နဲ့ Auto Imgae Stabilization တွေကိုတော့ သုံးလို့ရပါတယ်။ Face ID အတွက် 7MP f/2.2 ရှိတဲ့ True Depth Camera System ပါလာတာကြောင့် Portrait Selfie ၊ Animoji နဲ့ Memoji တွေကို သုံးလို့ရလာပါပြီ။

Smart Keyboard Folio & New Apple Pencil

iPad Pro အသစ်တွေအတွက် Smart Keyboard အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Keyboard အသစ်ကတော့ နောက်ကျောဖက်က Smart Connector ကိုသုံးပြီး iPad Pro နဲ့ တွဲလို့ရမှာပါ။ Folio Keyboard ကတော့ iPad အတွက် Cover အဖြစ်လည်းသုံးလို့ရတာကြောင့် သယ်သွားတဲ့အခါ အဆင်ပြေစေပါတယ်။

Smart Keyboard Folio

Apple Pencil အသစ်ကတော့ Design ပြောင်းသွားပါပြီ။ အားသွင်းဖို့အတွက်ကိုတော့ iPad Pro ရဲ့ ဘေးဘောင်မှာရှိတဲ့ Magnetic Connector ကို ကပ်လိုက်ရင်ရပါပြီ။ iPad Pro ကို အားသွင်းနေချိန်မှာလည်း Apple Pencil ကို တစ်ခါတည်း အားသွင်းထားလို့ရပါသေးတယ်။ Apple Pencil ကို အခုလို အားသွင်းလို့ရအောင်အတွက်တော့ ဘေးဖက် မျက်နှာပြင်တစ်ခုကို အပြားလုပ်ပေးထားတာကြောင့် လက်ထဲမှာ ကိုင်တဲ့အခါလည်း ခဲတံအစစ်လို ပိုပြီးသဘာဝကျလာမှာပါ။ အရင် Apple Pencil အဟောင်းတွေကိုတော့ အခု iPad Pro အသစ်တွေနဲ့ တွဲသုံးလို့ရမှာမဟုတ်ပါဘူး။

Apple Pencil

iPad Pro ကို Smart Keyboard နဲ့ Apple Pencil တွေကို တွဲတဲ့အခါ အဆင်ပြေပြီး အမြဲတည့်နေဖို့အတွက် အထဲမှာ သံလိုက်ပေါင်း အခု ၁၂၀ တိတိကို ထည့်ပေးထားတယ်လို့သိရပါတယ်။

Why iPad Pro is a computer.

Apple က iPad Pro နဲ့ပတ်သက်ပြီး What is a computer? ဆိုတဲ့ မေးခွန်းတစ်ခုနဲ့ ကြော်ငြာတစ်ခုကို YouTube မှာ တင်ခဲ့ဖူးပါတယ်။ ဒီမေးခွန်းကိုတော့ အခုနှစ်မှာထုတ်ပြတဲ့ iPad Pro အသစ်တွေက ဖြေပေးလိုက်ပါပြီ။

iPad တွေက Computer တွေပါပဲ။ တခြား Computer တွေနဲ့မတူတဲ့ Computer တွေဖြစ်နေတာက iPad တွေရဲ့ ထူးခြားချက်လိုဖြစ်နေပါတယ်။ iOS အတွက် အထူးလုပ်ပေးထားတဲ့ Hardware တစ်ခုလိုဖြစ်နေတာကြောင့် Computer တွေလို သုံးနိုင်တယ်ဆိုတဲ့အတွေးအခေါ်ကို Apple က ပြချင်တာပါ။ Keyboard နဲ့ Apple Pencil က iPad တွေကို ဘယ်လိုသုံးရမလဲဆိုတာကို ဆုံးဖြတ်ပေးနေသလိုပါပဲ။

Photoshop CC

Creator အမျိုးမျိုး အတွက်တော့ iPad တွေက Computer တွေဖြစ်နိုင်သလို ပုံဆွဲတဲ့ Canvas တွေလည်း ဖြစ်နိုင်ပါတယ်။ နယ်ပယ်အမျိုးမျိုးကလူတိုင်းအတွက် iPad တွေက တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်တာကြောင့် Powerful ဖြစ်တဲ့ Portable Computer အဖြစ် Apple က ပြောချင်တာပါ။ သင်ရော iPad တွေကိုသုံးပြီး ဘာတွေဖန်တီးဖူးသလဲ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။