တနေ့တုန်းက ကိုးရီးယားကို စီးပွားရေးအရ ဂျပန်ပိတ်ဆို့လိုက်တာ ကြားလိုက်မယ်ထင်ပါတယ်။ Electronics ပစ္စည်းတွေမှာ အသုံးပြုတဲ့ Key Chemical တွေကိုပဲ တားမြစ်တာဖြစ်တဲ့အတွက် အကျပ်ရိုက်သွားသူက Apple လို့ပဲ ပြောရမှာပါ။

ဂျပန် Sankei သတင်းစာမျက်နှာမှာ Display နည်းပညာမှာ အသုံးပြုတဲ့ Fluorinated Polymide နဲ့ Hydrogen Fluoride ဓာတ်ပစ္စည်း ၂ မျိုးကို တားမြစ်လိုက်တာပါ။

OLED Panel ထုတ်ဖို့ အခက်ခဲဖြစ်လာတယ်

ဒီ Chemicals တွေက ဂျပန်တစ်နိုင်ငံထဲ ၉၀ ရာခိုင်နှုန်း လောက်ထိ ထုတ်လုပ်နေတာဖြစ်တဲ့အတွက် တောင်ကိုးရီးယား Manufacturer တွေ အခက်တွေ့သွား စေနိုင်ပါတယ်။

အထူးသဖြင့် OLED Display အမြောက်များ ထုတ်လုပ်နေတဲ့ Samsung ၊ LG တို့ တခြား Chemical ပစ္စည်း ရှာလို့ မလွယ်တဲ့အတွက် Shortage ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဇူလိုင်လ ၄ ရက် နေ့ကတည်းက ပိတ်ဆို့ထားတာ ဖြစ်တဲ့အတွက် ဒီပြဿနာကို ၂ နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သုံးသပ်ရပါတယ်။

တောင်ကိုးရီးယား ထုတ်လုပ်သူတွေ ပျားတုပ်နေပြီ

အဲ့ဒီမှာ OLED iPhone ထုတ်လုပ်ဖို့ ပြငဆင်နေတဲ့ Apple ခမျာ Main Supplier ပြတ်တောက်သွားတဲ့အတွက် BOE Display သုံးလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

သိတဲ့အတိုင်း Apple စံနှုန်း မလိုက်နိုင်တဲ့ တရုတ်ကုမ္ပဏီနဲ့ ညှိဖို့ဆိုတာ အချိန်ယူရဦးမှာမလို့ ကိုးရီးယားနဲ့ ဂျပန် ပြန်ပြေလည် သွားတဲ့အချိန်ကို စောင့်မလား?

တကယ်ပဲ BOE OLED သုံးလာမှာလား?

ဒါမှမဟုတ် စံနှုန်းတစ်ခု သတ်မှတ်လိုက်ပြီး BOE OLED သုံးလာမလားကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Source: GSMArena
2B (Akhayar)
www.akhayar.com