[Zawgyi] 


iPad Pro 2018




Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPad Pro က သင့်အတွက်နောက်ထပ် Computer ဖြစ်နိုင်တယ်လို့ပြောလိုက်ပြန်တဲ့ Apple

iPad Pro တွေက Apple ရဲ့ အကောင်းဆုံး iPad တွေအနေနနဲ့ ၂၀၁၅ ကတည်းက ရှိနေခဲ့တာပါ။ iPad Pro တွေကို ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ Pro ဆိုတဲ့အတိုင်း Pro User တွေအတွက် ရည်ရွယ်ပြီးထုတ်ပေးထားတာဖြစ်လို့ Smart Keyboard နဲ့ Apple Pencil လို Accessory တွေကိုပါ Apple က ဖန်တီးပေးထားတာပါ။ 

iPad Pro 2018

ဒါပေမယ့် Apple က iPad Pro နဲ့ What’s a computer? ဆိုတဲ့ Video တစ်ခုကို YouTube မှာတင်ခဲ့ပါတယ်။ အဲ့ဒီ Video ကတော့ Computer ဆိုတဲ့ အဓိပ္ပာယ်ကို Apple က ပြန်ပြီး အစချီချင်တဲ့သဘောမှာရှိပါတယ်။ ကျွန်တော်တို့ယူဆထားတဲ့ Computer ဆိုတာ Keyboard တစ်ခု ၊ Mouse ဒါမှမဟုတ် Trackpad ပါပြီး File တွေ၊ Pro Software တွေသုံးနိုင်တဲ့ Computer တွေကိုပဲ Computer လို့ စိတ်ထဲမှာ တွေးမိကြပါတယ်။ 

ဒီ Video ကတော့ iPad Pro က Laptop တွေထက်မြန်တာကိုပဲပြောထားတာပါ။ Laptop တွေကိုတော့ အစားထိုးဖို့မဟုတ်သေးတာ သတိထားမိနိုင်ပါတယ်။

Apple က အဲ့ဒီအတွေးကို iPad Pro နဲ့ဖျောက်ပစ်စေချင်ပုံရပါတယ်။ Computer ဆိုတာ ပုံစံအမျိုးမျိုးနဲ့လာတတ်ပြီး Interface အမျိုးအမျိုး၊ OS အမျိုးအမျိုးနဲ့လာတတ်တယ်ဆိုတာကို iPad Pro နဲ့ ချပြလိုက်တာပါပဲ။ ဒီ YouTube Video မတိုင်ခင် လွန်ခဲ့တဲ့ ၂၀၁၆ ကတည်းက iPad Pro တွေအတွက် ဒီ Campaign ကိုစလုပ်လာတာ အခုထိပါပဲ။ Computer ဆိုတာ ဘာလဲလို့ ကိုယ်တိုင်ပြန်မေးရတော့မလိုဖြစ်နေပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။