
Apple iTunes





iTunes



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple iDevices တွေနဲ့ Windows ကွန်ပျူတာတွေကို ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင် iTunes ဆိုတဲ့ Software တစ်ခုကို အသုံးပြုရတာကို သိကြမှာပါ။ အဆိုပါ iTunes Software ဟာ Apple iMac ဒါမှမဟုတ် MacBook မသုံးပေမယ့် iPhone ၊ iPad စတဲ့ iDevices ကိုင်ဆောင်ထားတဲ့သူတွေအတွက်တော့ ကိုယ့်ရဲ့ ကွန်ပျူတာမှာမဖြစ်မနေရှိထားသင့်တဲ့ Software တစ်ခုဖြစ်ပါတယ်။

Apple iTunes

ဒါပေမယ့် Apple iTunes ကို ကိုယ့်ရဲ့ Windows ကွန်ပျူတာမှာ အသုံးပြုချင်တယ်ဆိုရင် Windows Store ကနေ အသုံးပြုလို့မရပဲ Apple Website ကနေပဲ iTunes Software ကို Download ရယူပြိးတော့ ကိုယ့်ဘာသာကို Install ပြုလုပ်ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Software တစ်ခုကို Website မှာ လိုက်ရှာပြီး သီးသန့် Download မပြုလုပ်ချင်တဲ့သူတွေအတွက်တော့ အဆင်မပြေခဲ့ပါဘူး။

အခုနောက်ပိုင်းမှာ Microsoft ကနေ Windows 10 ကို ကြေငြာခဲ့ပြီး Software Applications အတော်များများကို Windows Store မှာပဲ စမတ်ဖုန်းတွေလိုမျိုး ရှာဖွေ Install ပြုလုပ်နိုင်အောင် စီစဉ်ပေးခဲ့ပြီးတော့ အခုဆိုရင် Facebook ၊ Messenger ၊ Instagram နဲ့ အခြားသော Application အများအပြားလည်း Windows Store မှာ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

iTunes coming to Windows Store

အခုအချိန်မှာတော့ Microsoft ကနေ Apple iDevices တွေနဲ့ ချိတ်ဆက်ဖို့အတွက် လိုအပ်တဲ့ iTunes Software ကိုပါ Windows Store ကနေ ရယူနိုင်ပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ Microsoft က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မကုန်ခင်က အခုလိုမျိုး Windows Store ကနေ iTunes ကို ရယူနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အခုအချိန်မှာ Windows Store ပေါ် ရောက်ရှိလာတာပဲဖြစ်ပါတယ်။

iTunes

ဘာပဲဖြစ်ဖြစ် သတင်းကောင်းတစ်ခုကတော့ အခု Windows Store ကနေ Download ရယူလိုက်တဲ့ iTunes က သီးခြား Install ပြုလုပ်ထားတဲ့ iTunes Software မှာ ပါဝင်တဲ့ Features တွေအကုန်လုံးပါဝင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် iTunes ကို Update ပြုလုပ်တဲ့အချိန်မှာတော့ ပုံမှန်လိုမျိုး iTunes Software ကနေ ဆောင်ရွက်တော့မှာမဟုတ်ပဲ Windows Store ကနေ တစ်ဆင့် Update လုပ်သွားမှာဖြစ်ပါတယ်။

အခုပဲ Windows Store ပေါ်က Apple iTunes ကို စမ်းကြည့်ရအောင်လား?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com