ဇူလိုင်လ ၂၃ ရက်နေ့မှာ Fortune မဂ္ဂဇင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ အမေရိကန် ကုမ္ပဏီကြီးတွေ တရုတ်ကျော်တက်တာ ခံလိုက်ရပါပြီ။ ကမ္ဘာ့သမိုင်းမှာတော့ ဒါပထမဆုံးပဲလို့ ပြောရမယ်ပေါ့။

စစ်တမ်းကောက်ယူလိုက်တဲ့ Top Ranking ကုမ္ပဏီ ၅၀၀ ထဲမှာ Xiaomi ပါဝင်လာခဲ့ပြီး အဆင့် ၄၆၈ နဲ့ ရပ်တည်နေပါတယ်။ Huawei ကတော့ Alphabet နောက်မှာ တန်းစီနေပြီး ကမ္ဘာ့အဆင့် ၆၁ ရောက်နေပါပြီ။

ကြားထဲမှတော့ာ Foxconn ကုမ္ပဏီက အဆင့် ၂၃ ၊ AT&T က ၂၅ ၊ SK HynixTSMC နဲ့ Micron တို့က အဆင့် ၃၃၅ , ၃၆၃ နဲ့ ၄၀၉ အသီးသီး ရပ်တည်နေပါတယ်။ ဒါကြောင့်မလို့ ဒီ Ranking တွေကြည့်လိုက်ရင် တရုတ်ကုမ္ပဏီတွေ ထိုးတက်လာတာ သိသာပါတယ်။

Ranking ၁၁၆ နဲ့ ၁၈၅ အဖြစ် ရပ်တည်နေတဲ့ Sony ၊ LG တို့ထက် ကျောနေတဲ့ Huawei ကို Top One Chinese ကုမ္ပဏီအဖြစ် လက်ခံရမှာပါ။ ဒီအပေါ်မှာ အဆင့် ၁၅ နဲ့ Samsung နေရာယူထားပြီး Apple ကို လိုက်မီဖို့ ၃ ဆင့်လောက်ပဲ လိုပါတယ်။

Source: GSMArena

Fortune Ranking အရ Cupertino ကုမ္ပဏီက ဒုတိယဖြစ်နေတဲ့အတွက် Apple Fans တွေ ကျေနပ်ရဦးမယ်ထင်ပါတယ်။
အဆင့် ၁၁ နဲ့ ဦးဆောင်နေတဲ့ နည်းပညာ ကုမ္ပဏီဖြစ်နေတယ်ဆိုတော့ ဘယ်လိုပဲ ရုန်းကန်နေရတယ် ပြောပြော Apple က Apple ပါပဲ။

Source: GSMArena
2B (Akhayar)
www.akhayar.com