[Zawgyi]

Intel နဲ႔ ARM ကိုခဝါခ်ျပီး ကိုယ္ပိုင္ Processor နဲ႔ MacBook ထုတ္ဖို႔ Apple ျပင္ေနျပီ

Apple Ecosystem မွာ Mac Processor ေတြက စြမ္းေဆာင္ရည္ေကာင္းတယ္ဆိုေပမယ့္ Product ခ်င္းအတူတူေတာင္ သင္းကြဲေနသလို ျဖစ္ေနပါတယ္။ ျပီးခဲ့တဲ့လေတြက ARM လိုင္းေျပာင္းမယ္ စိတ္ကူးခဲ့ဖူးေပမယ့္ Ming-Chi Kuo အဆိုအရ ဘာ Intel ၊ ARM Processor တစ္ခုကိုမွ Apple သုံးေတာ့မွာမဟုတ္ပါဘူး။

MacBook & iPhone X

ဒီလို ကိုယ္ပိုင္ Apple Chip နဲ႔ အေျပာင္းလဲတစ္ခုစတင္မယ္ဆိုရင္ Supplier ဘယ္သူလဲ ေမးခြန္းထုတ္စရာရွိပါတယ္။ ေနာက္ျပီး Intel Processor ေတြနဲ႔ Level လိုက္ႏိုင္ဖို႔ဆိုတာ AMD အျပင္သူ႔ထက္သာတဲ့လူ မရွိေသးပါဘူး။ တကယ့္ Heavy Duty လုပ္ရ၊ ကိုင္ရမယ္ေဟ့ဆိုရင္ ARM ဆိုတာလည္း ျပားျပားဝပ္ေနရမွာပါ။

ARM-based A12 Chip

ဒါေၾကာင့္မလို႔ စိန္ေခၚမႈၾကီးမားေနတဲ့ Processor တိုက္ပြဲက Apple ထြက္သက္၊ ဝင္သြက္ကို ထိန္းခ်ဳပ္သြားႏိုင္ျပီး Intel ကိုေက်ာ္ႏိုင္ဖို႔ဆိုရင္ လက္နက္ၾကီးကိုင္ထားမွျဖစ္မွာပါ။ Performance ခ်င္း Head-to-head ယွဥ္လာခဲ့ရင္ေတာင္ လက္ခံႏိုင္ေလာက္တဲ့ အေနထားရွိဖို႔ဆိုတာလည္း လြယ္လြယ္ကူကူျဖစ္လာမယ့္ကိစၥမဟုတ္ပါဘူး။

Apple’s T2 Chip

အဲ့ဒါေၾကာင့္ Apple Chip ေတြကို အခ်ိန္ယူျပင္ဆင္ရဖြယ္ရွိေနျပီး အေစာဆုံး အေနနဲ႔ ၂၀၂၀ က်ရင္ MacBook ေတြနဲ႔ ျမင္ေတြ႔ရဖြယ္ရွိေနပါတယ္။ ေနာက္ျပီး Apple Chip ေတာ္ေတာ္မ်ားမ်ားကို TSMC (Taiwan Semiconductor Manufacturing Company) ကပဲ Supporting ေပးေနရတာဆိုေတာ့ Calander Plan ထဲသူလည္း အက်ဳံးဝင္ေနတာပါ။

MacBook Pro

ဒါဆိုရင္ေတာ့ A-series လို iPhone ေတြမွာသုံးေနတဲ့ Processor အျပင္ Mac လိုင္းအတြက္ ေနာက္ထပ္ Processor တစ္မ်ိဳးထြက္လာဦးမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒါရဲ႕ ေနာက္ေျခလွမ္းအသစ္တစ္ခုက ADAS (Apple Car’s Advanced Driver Assistance System) စနစ္အတြက္ Level 4 (High Automation) နဲ႔ Level 5 (Full Automation) Chips အသစ္ေတြလည္း ျမင္ေတြ႔လာရဦးမွာမလို႔ Apple Product အားလုံးတစ္မိုးေအာက္ကပဲ သြားေတာ့မယ္ထင္ပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

Intel နဲ့ ARM ကိုခဝါချပြီး ကိုယ်ပိုင် Processor နဲ့ MacBook ထုတ်ဖို့ Apple ပြင်နေပြီ

Apple Ecosystem မှာ Mac Processor တွေက စွမ်းဆောင်ရည်ကောင်းတယ်ဆိုပေမယ့် Product ချင်းအတူတူတောင် သင်းကွဲနေသလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့လတွေက ARM လိုင်းပြောင်းမယ် စိတ်ကူးခဲ့ဖူးပေမယ့် Ming-Chi Kuo အဆိုအရ ဘာ Intel ၊ ARM Processor တစ်ခုကိုမှ Apple သုံးတော့မှာမဟုတ်ပါဘူး။

MacBook & iPhone X

ဒီလို ကိုယ်ပိုင် Apple Chip နဲ့ အပြောင်းလဲတစ်ခုစတင်မယ်ဆိုရင် Supplier ဘယ်သူလဲ မေးခွန်းထုတ်စရာရှိပါတယ်။ နောက်ပြီး Intel Processor တွေနဲ့ Level လိုက်နိုင်ဖို့ဆိုတာ AMD အပြင်သူ့ထက်သာတဲ့လူ မရှိသေးပါဘူး။ တကယ့် Heavy Duty လုပ်ရ၊ ကိုင်ရမယ်ဟေ့ဆိုရင် ARM ဆိုတာလည်း ပြားပြားဝပ်နေရမှာပါ။

ARM-based A12 Chip

ဒါကြောင့်မလို့ စိန်ခေါ်မှုကြီးမားနေတဲ့ Processor တိုက်ပွဲက Apple ထွက်သက်၊ ဝင်သွက်ကို ထိန်းချုပ်သွားနိုင်ပြီး Intel ကိုကျော်နိုင်ဖို့ဆိုရင် လက်နက်ကြီးကိုင်ထားမှဖြစ်မှာပါ။ Performance ချင်း Head-to-head ယှဉ်လာခဲ့ရင်တောင် လက်ခံနိုင်လောက်တဲ့ အနေထားရှိဖို့ဆိုတာလည်း လွယ်လွယ်ကူကူဖြစ်လာမယ့်ကိစ္စမဟုတ်ပါဘူး။

Apple’s T2 Chip

အဲ့ဒါကြောင့် Apple Chip တွေကို အချိန်ယူပြင်ဆင်ရဖွယ်ရှိနေပြီး အစောဆုံး အနေနဲ့ ၂၀၂၀ ကျရင် MacBook တွေနဲ့ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ နောက်ပြီး Apple Chip တော်တော်များများကို TSMC (Taiwan Semiconductor Manufacturing Company) ကပဲ Supporting ပေးနေရတာဆိုတော့ Calander Plan ထဲသူလည်း အကျုံးဝင်နေတာပါ။

MacBook Pro

ဒါဆိုရင်တော့ A-series လို iPhone တွေမှာသုံးနေတဲ့ Processor အပြင် Mac လိုင်းအတွက် နောက်ထပ် Processor တစ်မျိုးထွက်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါရဲ့ နောက်ခြေလှမ်းအသစ်တစ်ခုက ADAS (Apple Car’s Advanced Driver Assistance System) စနစ်အတွက် Level 4 (High Automation) နဲ့ Level 5 (Full Automation) Chips အသစ်တွေလည်း မြင်တွေ့လာရဦးမှာမလို့ Apple Product အားလုံးတစ်မိုးအောက်ကပဲ သွားတော့မယ်ထင်ပါတယ်။

2B (Akhayar)
www.akhayar.com