[Zawgyi]

Apple ရဲ႕ အနာဂတ္က တ႐ုတ္နည္းပညာေတြေပၚ  မွီခိုေနေတာ့မွာလား

သိၾကၿပီးၿပီလား Apple က iPhone အသစ္အတြက္ Display Panel ေထာက္ပံ့ႏိုင္မယ့္လူကို အပူတျပင္းလိုက္ရွာေနတယ္ဆိုတာ။ ဘာျဖစ္လို႔လဲဆိုရင္ OLED Panel အမ်ားဆုံးတင္ပို႔ေနတဲ့ Samsung လို ကုမၸဏီမ်ိဳးနဲ႔ လက္တြဲျဖဳတ္ၿပီးသြားတဲ့အခါမွာ iPhone လို ထိပ္တန္းထုတ္ကုန္မ်ိဳးအတြက္ အဆင့္မီအရည္ေသြးေကာင္းတဲ့ Display Panel ပံ့ပိုးႏိုင္မယ့္ Supplier ရွာမရေသးဘူးဆိုတာ။ တကယ္ေတာ့ Apple လို ကုမၸဏီမ်ိဳးကို Display မေျပာနဲ႔ Thunderbolt Adapter လို Gadget ပစၥည္းေလးထုတ္ဖို႔ေတာင္ သူသတ္မွတ္ထားတဲ့ စံႏႈန္းနဲ႔ ကိုက္ညီေနမွ အသိမွတ္ျပဳတာမလို႔ အရမ္းတာဝန္ႀကီးလြန္းတယ္လို႔ ေျပာလို႔ရပါတယ္။

Apple’s iPhone X

Samsung နဲ႔ လက္တြဲျဖဳတ္လိုက္တယ္ဆိုတာကလည္း အႀကီးမားဆုံးၿပိဳင္ဖက္ ျဖစ္ေနတာလည္းပါပါတယ္။ iPhone လို ထိပ္ဆုံးကို ေရာက္ေနတဲ့ စမတ္ဖုန္းမ်ိဳးကို ေကာင္းေကာင္းယွဥ္ႏိုင္တာဆိုလို႔ Samsung ပဲ ရွိတာပါ။ ေနာက္တစ္ခုက Flagship ဖုန္းမ်ိဳးပဲထုတ္ေလ့ရွိတဲ့ Apple အတြက္ Samsung တစ္ေကာင္ပဲရွိေနတာက အသက္ရွဴေခ်ာင္တယ္လို႔ ေျပာရပါမယ္။ ဒါေတာင္မွ မ်က္စိတမွိတ္ လွ်ပ္တျပက္အတြင္း Samsung ေက်ာ္တက္သြားခဲ့လို႔ အ႐ြယ္အစားႀကီးမားတဲ့ဖုန္း မထုတ္ခ်င္ဘဲထုတ္လာရသလို စမတ္ဖုန္းေတြမွာ အေတာ္ေလးေခတ္စားလာတဲ့ OLED Panel ေ႐ြးခ်ယ္ဖို႔ Apple အတြက္ အခ်ိန္ၾကလာတာလို႔ ေျပာလို႔ရပါတယ္။

iPhone X Launch Event

တကယ္တမ္းဆိုရင္ ေခတ္ေရွ႕ေျပးေနတဲ့ နည္းပညာေတြထဲ ဖုန္းတြက္ပဲျဖစ္ျဖစ္၊ ကြန္ပ်ဴတာတြက္ပဲျဖစ္ျဖစ္လိုအပ္တဲ့ အစိတ္ပိုင္းေတြ တစ္ေယာက္ထည္း ထုတ္ႏိုင္ရင္ ပိုေကာင္းပါတယ္။ အခုဟာက တစ္ေယာက္နဲ႔တစ္ေယာက္ ဘာအက်ိဳးျမတ္တခုကိုမွ မပိုင္ဆိုင္ေစခ်င္တဲ့ သေဘာနဲ႔ iPhone X လို စမတ္ဖုန္းမွာ OLED Panel ကို စသုံးရာကေန အခုလို ျပႆနာမ်ိဳးႀကဳံလာရတယ္ဆိုပါေတာ့။ ဘာလို႔လဲဆိုရင္ Samsung ရဲ႕ OLED Panel က အေကာင္းဆုံးလိုျဖစ္ေနသလို ထုတ္လုပ္မႈကုန္က်စရိတ္ကလည္း တစ္ျခား စမတ္ဖုန္းေတြနဲ႔စာရင္ ကုန္က်မႈပိုမ်ားေနလို႔ပါ။ အဲ့ဒါေၾကာင့္ iPhone X ကို ဘယ္လိုပဲေရာင္းေရာင္း Samsung အက်ိဳးခံစားခြင့္ရေနတာျဖစ္သလို ေဈးႀကီးလြန္းတဲ့အခ်က္ေၾကာင့္ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ခဲ့ဘူးဆိုတာ ကိုယ္တိုင္ သုံးသပ္ၾကည့္လို႔ရပါတယ္။

Apple’s iPad 2018

အဲ့ဒါထက္ iPhone အျပင္ iPad ေတြ MacBook ေတြလို Apple ထုတ္ကုန္ပစၥည္းေတြမွာလည္း အခုလိုၾကမၼာမ်ိဳး ယွဥ္ဆိုင္ေနရပါေသးတယ္။ ခုနကေျပာခဲ့တဲ့အတိုင္း Display Panel ေကာင္းေကာင္းထုတ္ေပးလိုက္မယ္ဆိုရင္ေတာင္ ထုတ္လုပ္မႈကုန္က်စရိတ္က စကားေျပာလာဦးမွာျဖစ္တာေၾကာင့္ Apple ရင္ဆိုင္ဖို႔အားမရွိေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ ေတာင္ကိုးရီးယား ကုမၸဏီတစ္ခုျဖစ္တဲ့ LG Electronics ကို iPhone အသစ္ေတြအတြက္ OLED Panel ထုတ္ေပးဖို႔ Apple ညႇိႏႈိင္းခဲ့ပါေသးတယ္။

LG’s V40 ThinQ

အခုလိုခ်ဥ္းကပ္မႈက LG အတြက္ Challenge မျဖစ္ခဲ့ေပမယ့္ သူလည္း Samsung လိုပဲ ခပ္စြာစြာထဲမွာပါေနခဲ့ပါတယ္။ ပိုဆိုးသြားတာက OLED နည္းပညာကို LG စထြင္ခဲ့တာျဖစ္ေနသလို နည္းပညာအရ Samsung က အသာစီးရထားတယ္ဆိုေပမယ့္ Apple အတြက္ OLED Panel ေထာက္ပံ့ဖို႔ အဆင္ေျပေသးပုံမရပါဘူး။ ဒီလို Samsung ၊ LG တို႔နဲ႔ညႇိလို႔မရရင္ ဂ်ပန္ကုမၸဏီျဖစ္တဲ့ Sharp နဲ႔ Sony တို႔ရွိေသးတယ္ဆိုေပမယ့္ သူတို႔လည္း Apple နဲ႔ လက္တြဲႏိုင္ပုံမရပါဘူး။ ဘာလို႔လဲဆိုရင္ Sharp အေနနဲ႔ မၾကာေသးခင္ကမွ တ႐ုတ္ျပည္က လွည့္ျပန္လာရတဲ့အထိ အေျခအေနမေကာင္းခဲ့သလို Sony အေနနဲ႔လည္း Samsung နဲ႔ LG လို OLED Panel အမ်ားႀကီးေထာက္ပံ့ႏိုင္တဲ့ထဲ မပါပါဘူး။

OLED Panel made by BOE

ဒီလိုဆိုရင္ ဘက္ပဲ့ေနတဲ့ Apple ခမ်ာသူ႔ရဲ႕ Primary Supplier ၂ ေယာက္နဲ႔ အဆင္မေျပေတာ့ရင္ Partner ျဖစ္ခဲ့ဖူးတဲ့ BOE လို တ႐ုတ္ကုမၸဏီနဲ႔ပဲ လက္တြဲသြားရေတာ့မွာပါ။ BOE အေနနဲ႔လည္း Apple အတြက္ iPad နဲ႔ MacBook ေမာ္ဒယ္တခ်ိဳ႕အတြက္ LED လို Display Panel ေထာက္ပံ့ဖူးတယ္ဆိုေပမယ့္ iPhone လို အရမ္းႏုစိတ္သြားၿပီး OLED Panel ပံ့ပိုးဖို႔အတြက္ဆိုရင္ေတာ့ အရမ္းေခါင္းစားရေတာ့မွာပါ။ ဘာလို႔လဲဆိုရင္ Galaxy Note 8 လို ကမာၻ႔အေကာင္းဆုံး မိုဘိုင္း Display ဆုကိုသိမ္းပိုက္ထားႏိုင္တဲ့အထိ ေကာင္းမြန္ေနတဲ့ OLED Panel မ်ိဳးကို ယွဥ္သြားႏိုင္ဖို႔ဆိုရင္ အေတာ္အားထုတ္ရမွာျဖစ္သလို HDR 10 နဲ႔ Dolby Vision လို နည္းပညာေတြ ထပ္ၿပီးေပါင္းစပ္ထားႏိုင္မွ iPhone ေတြဟာ ၿပိဳင္ဖက္ေတြထဲ ထင္ထင္ေပၚေပၚျဖစ္ေနမွာပါ။

Samsung’s Galaxy Note 8

အဲ့ဒီအတြက္ BOE ကလည္း အျမင္က်ယ္ပါတယ္။ ကုမၸဏီရဲ႕ ဒုဥကၠဌ ေျပာတာေတာ့ Apple ကန႔္သတ္ထားတဲ့စံႏႈန္းအတိုင္းထုတ္ စမတ္ဖုန္းေတြကို OLED Panel နဲ႔ ၇၀ % ေတာင္ ထုတ္ေပးႏိုင္တယ္ဆိုပဲ။ ဒီအတိုင္းဆို Apple ေမွ်ာမွန္းထားတဲ့အတိုင္းျဖစ္လာခဲ့ရင္ ႏွစ္ေယာက္ေပါင္းေလာင္းေက်ာ္ဆိုသလို Samsung အရႈိက္ေကာင္းေကာင္းမိသြားေအာင္ ေခ်ပဂိုးသြင္းဖို႔ အခြင့္ေရးျပန္ရလာမွာပါ။ ဒီလိုပဲ BOE လို တ႐ုတ္ကုမၸဏီမ်ိဳးအတြက္လည္း ေတာင္ကိုးရီးယား ၂ ေကာင္နဲ႔ ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္တဲ့ အဆင့္အထိေရာက္လာဦးမွာပါ။ အကယ္၍သာ BOE နဲ႔ လက္တြဲလိုက္ၿပီဆိုရင္ေတာ့ Samsung နဲ႔ LG တို႔ စားေပါက္ေပ်ာက္သြားတာနဲ႔ အတူတူပါဘဲ။ ဒီလိုဆိုရင္ေတာ့ Apple ကို BOE ကပဲ ရေအာင္ခ်ဴႏိုင္မလား ဒါမွမဟုတ္ ေတာင္ကိုးရီးယားေတြနဲ႔ပဲ ျပန္အစဥ္ေျပသြားမလားဆိုတာကို ၄ ေယာက္သား ဘယ္လို ေခါင္းဆိုင္လာၾကမလဲ ေစာင့္ၾကည့္ရဦးမွာပါ။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Zawgyi]

Apple ရဲ့ အနာဂတ်က တရုတ်နည်းပညာတွေပေါ်  မှီခိုနေတော့မှာလား

သိကြပြီးပြီလား Apple က iPhone အသစ်အတွက် Display Panel ထောက်ပံ့နိုင်မယ့်လူကို အပူတပြင်းလိုက်ရှာနေတယ်ဆိုတာ။ ဘာဖြစ်လို့လဲဆိုရင် OLED Panel အများဆုံးတင်ပို့နေတဲ့ Samsung လို ကုမ္ပဏီမျိုးနဲ့ လက်တွဲဖြုတ်ပြီးသွားတဲ့အခါမှာ iPhone လို ထိပ်တန်းထုတ်ကုန်မျိုးအတွက် အဆင့်မီအရည်သွေးကောင်းတဲ့ Display Panel ပံ့ပိုးနိုင်မယ့် Supplier ရှာမရသေးဘူးဆိုတာ။ တကယ်တော့ Apple လို ကုမ္ပဏီမျိုးကို Display မပြောနဲ့ Thunderbolt Adapter လို Gadget ပစ္စည်းလေးထုတ်ဖို့တောင် သူသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီနေမှ အသိမှတ်ပြုတာမလို့ အရမ်းတာဝန်ကြီးလွန်းတယ်လို့ ပြောလို့ရပါတယ်။

Apple’s iPhone X

Samsung နဲ့ လက်တွဲဖြုတ်လိုက်တယ်ဆိုတာကလည်း အကြီးမားဆုံးပြိုင်ဖက် ဖြစ်နေတာလည်းပါပါတယ်။ iPhone လို ထိပ်ဆုံးကို ရောက်နေတဲ့ စမတ်ဖုန်းမျိုးကို ကောင်းကောင်းယှဉ်နိုင်တာဆိုလို့ Samsung ပဲ ရှိတာပါ။ နောက်တစ်ခုက Flagship ဖုန်းမျိုးပဲထုတ်လေ့ရှိတဲ့ Apple အတွက် Samsung တစ်ကောင်ပဲရှိနေတာက အသက်ရှူချောင်တယ်လို့ ပြောရပါမယ်။ ဒါတောင်မှ မျက်စိတမှိတ် လျှပ်တပြက်အတွင်း Samsung ကျော်တက်သွားခဲ့လို့ အရွယ်အစားကြီးမားတဲ့ဖုန်း မထုတ်ချင်ဘဲထုတ်လာရသလို စမတ်ဖုန်းတွေမှာ အတော်လေးခေတ်စားလာတဲ့ OLED Panel ရွေးချယ်ဖို့ Apple အတွက် အချိန်ကြလာတာလို့ ပြောလို့ရပါတယ်။

iPhone X Launch Event

တကယ်တမ်းဆိုရင် ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာတွေထဲ ဖုန်းတွက်ပဲဖြစ်ဖြစ်၊ ကွန်ပျူတာတွက်ပဲဖြစ်ဖြစ်လိုအပ်တဲ့ အစိတ်ပိုင်းတွေ တစ်ယောက်ထည်း ထုတ်နိုင်ရင် ပိုကောင်းပါတယ်။ အခုဟာက တစ်ယောက်နဲ့တစ်ယောက် ဘာအကျိုးမြတ်တခုကိုမှ မပိုင်ဆိုင်စေချင်တဲ့ သဘောနဲ့ iPhone X လို စမတ်ဖုန်းမှာ OLED Panel ကို စသုံးရာကနေ အခုလို ပြဿနာမျိုးကြုံလာရတယ်ဆိုပါတော့။ ဘာလို့လဲဆိုရင် Samsung ရဲ့ OLED Panel က အကောင်းဆုံးလိုဖြစ်နေသလို ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း တစ်ခြား စမတ်ဖုန်းတွေနဲ့စာရင် ကုန်ကျမှုပိုများနေလို့ပါ။ အဲ့ဒါကြောင့် iPhone X ကို ဘယ်လိုပဲရောင်းရောင်း Samsung အကျိုးခံစားခွင့်ရနေတာဖြစ်သလို ဈေးကြီးလွန်းတဲ့အချက်ကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူးဆိုတာ ကိုယ်တိုင် သုံးသပ်ကြည့်လို့ရပါတယ်။

Apple’s iPad 2018

အဲ့ဒါထက် iPhone အပြင် iPad တွေ MacBook တွေလို Apple ထုတ်ကုန်ပစ္စည်းတွေမှာလည်း အခုလိုကြမ္မာမျိုး ယှဉ်ဆိုင်နေရပါသေးတယ်။ ခုနကပြောခဲ့တဲ့အတိုင်း Display Panel ကောင်းကောင်းထုတ်ပေးလိုက်မယ်ဆိုရင်တောင် ထုတ်လုပ်မှုကုန်ကျစရိတ်က စကားပြောလာဦးမှာဖြစ်တာကြောင့် Apple ရင်ဆိုင်ဖို့အားမရှိတော့ပါဘူး။ အဲ့ဒါကြောင့် တောင်ကိုးရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG Electronics ကို iPhone အသစ်တွေအတွက် OLED Panel ထုတ်ပေးဖို့ Apple ညှိနှိုင်းခဲ့ပါသေးတယ်။

LG’s V40 ThinQ

အခုလိုချဉ်းကပ်မှုက LG အတွက် Challenge မဖြစ်ခဲ့ပေမယ့် သူလည်း Samsung လိုပဲ ခပ်စွာစွာထဲမှာပါနေခဲ့ပါတယ်။ ပိုဆိုးသွားတာက OLED နည်းပညာကို LG စထွင်ခဲ့တာဖြစ်နေသလို နည်းပညာအရ Samsung က အသာစီးရထားတယ်ဆိုပေမယ့် Apple အတွက် OLED Panel ထောက်ပံ့ဖို့ အဆင်ပြေသေးပုံမရပါဘူး။ ဒီလို Samsung ၊ LG တို့နဲ့ညှိလို့မရရင် ဂျပန်ကုမ္ပဏီဖြစ်တဲ့ Sharp နဲ့ Sony တို့ရှိသေးတယ်ဆိုပေမယ့် သူတို့လည်း Apple နဲ့ လက်တွဲနိုင်ပုံမရပါဘူး။ ဘာလို့လဲဆိုရင် Sharp အနေနဲ့ မကြာသေးခင်ကမှ တရုတ်ပြည်က လှည့်ပြန်လာရတဲ့အထိ အခြေအနေမကောင်းခဲ့သလို Sony အနေနဲ့လည်း Samsung နဲ့ LG လို OLED Panel အများကြီးထောက်ပံ့နိုင်တဲ့ထဲ မပါပါဘူး။

OLED Panel made by BOE

ဒီလိုဆိုရင် ဘက်ပဲ့နေတဲ့ Apple ခမျာသူ့ရဲ့ Primary Supplier ၂ ယောက်နဲ့ အဆင်မပြေတော့ရင် Partner ဖြစ်ခဲ့ဖူးတဲ့ BOE လို တရုတ်ကုမ္ပဏီနဲ့ပဲ လက်တွဲသွားရတော့မှာပါ။ BOE အနေနဲ့လည်း Apple အတွက် iPad နဲ့ MacBook မော်ဒယ်တချို့အတွက် LED လို Display Panel ထောက်ပံ့ဖူးတယ်ဆိုပေမယ့် iPhone လို အရမ်းနုစိတ်သွားပြီး OLED Panel ပံ့ပိုးဖို့အတွက်ဆိုရင်တော့ အရမ်းခေါင်းစားရတော့မှာပါ။ ဘာလို့လဲဆိုရင် Galaxy Note 8 လို ကမ္ဘာ့အကောင်းဆုံး မိုဘိုင်း Display ဆုကိုသိမ်းပိုက်ထားနိုင်တဲ့အထိ ကောင်းမွန်နေတဲ့ OLED Panel မျိုးကို ယှဉ်သွားနိုင်ဖို့ဆိုရင် အတော်အားထုတ်ရမှာဖြစ်သလို HDR 10 နဲ့ Dolby Vision လို နည်းပညာတွေ ထပ်ပြီးပေါင်းစပ်ထားနိုင်မှ iPhone တွေဟာ ပြိုင်ဖက်တွေထဲ ထင်ထင်ပေါ်ပေါ်ဖြစ်နေမှာပါ။

Samsung’s Galaxy Note 8

အဲ့ဒီအတွက် BOE ကလည်း အမြင်ကျယ်ပါတယ်။ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ပြောတာတော့ Apple ကန့်သတ်ထားတဲ့စံနှုန်းအတိုင်းထုတ် စမတ်ဖုန်းတွေကို OLED Panel နဲ့ ၇၀ % တောင် ထုတ်ပေးနိုင်တယ်ဆိုပဲ။ ဒီအတိုင်းဆို Apple မျှောမှန်းထားတဲ့အတိုင်းဖြစ်လာခဲ့ရင် နှစ်ယောက်ပေါင်းလောင်းကျော်ဆိုသလို Samsung အရှိုက်ကောင်းကောင်းမိသွားအောင် ချေပဂိုးသွင်းဖို့ အခွင့်ရေးပြန်ရလာမှာပါ။ ဒီလိုပဲ BOE လို တရုတ်ကုမ္ပဏီမျိုးအတွက်လည်း တောင်ကိုးရီးယား ၂ ကောင်နဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိရောက်လာဦးမှာပါ။ အကယ်၍သာ BOE နဲ့ လက်တွဲလိုက်ပြီဆိုရင်တော့ Samsung နဲ့ LG တို့ စားပေါက်ပျောက်သွားတာနဲ့ အတူတူပါဘဲ။ ဒီလိုဆိုရင်တော့ Apple ကို BOE ကပဲ ရအောင်ချူနိုင်မလား ဒါမှမဟုတ် တောင်ကိုးရီးယားတွေနဲ့ပဲ ပြန်အစဉ်ပြေသွားမလားဆိုတာကို ၄ ယောက်သား ဘယ်လို ခေါင်းဆိုင်လာကြမလဲ စောင့်ကြည့်ရဦးမှာပါ။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။