[Zawgyi]

တရားမဝင္ Apps ေပါင္း ၂၅၀၀၀ ေက်ာ္ တရုတ္ App Store ကေန ဖယ္ရွားလိုက္တဲ့ Apple

Apple ကို အရမ္းစည္းကမ္း တင္းက်ပ္ျပီး ေစ့စပ္လြန္းတဲ့ ကုမၸဏီလို႔ လူတကာ လက္ခံထားတာပါ။ ဒါကိုမွ တရုတ္ေတြ သြားျပီး ကလန္ကဆန္ လုပ္လိုက္တယ္ ထင္ပါတယ္။ တရုတ္ App Store တစ္ခုမွာ ေလာင္းကစား Apps ေတြ ခြင့္မျပဳထားမွန္းသိရက္နဲ႔ တင္ခ်င္သလို တင္ထားခဲ့လို႔ အျမင္ကတ္ပုဒ္မနဲ႔ တရားမဝင္ Apps ေပါင္း ၂၅၀၀၀ ေက်ာ္ ဖယ္ရွားပစ္ခဲ့တယ္လို႔ သိရပါတယ္။

Apple Store Hong Kong

Apple အေနနဲ႔လည္း တရုတ္အစိုးရကိုယ္တိုင္ ခြင့္မျပဳထားတဲ့ ေလာင္းကစားကို သူ႔ရဲ႕ App Store မွာလည္း ခြင့္မျပဳႏိုင္ဘူးဆိုတဲ့ ေျပာၾကားခ်က္နဲ႔အညီ App Store ေအာက္မွာ လာ Tag ထားတဲ့ Lottery နဲ႔ Gambling App ေတြ ဖယ္ရွားပစ္လိုက္တာပါ။ ေနာက္ျပီး အခုလို App မ်ိဳး ထပ္တင္လာခဲ့ရင္ ထိထိမိမိ အေရးယူသြားမွာျဖစ္သလို App Store ကိုလည္း အျမဲလိုလို ေလာင္းကစား App ေတြ မရွိေစရေအာင္ ရွာေဖြေနမယ္လို႔ ေျပာဆိုေနပါတယ္။

Chinese Apple Store (Outside View)

CCTV သတင္းဌာနမွာေတာ့ App Store မူပိုင္ခြင့္နဲ႔ ပတ္သက္လို႔ App တစ္ခုတင္ခ်င္ရင္ Apple ခ်မွတ္ထားတဲ့နည္းလမ္း ဘယ္လို Follow လုပ္ရမလဲဆိုတာ ေရးသားထားတာ ေတြ႕ရပါတယ္။ ဒါမယ့္လည္း အခုလို ျပတ္သားတဲ့ Apple လုပ္ရပ္ေၾကာင့္ တရုတ္ႏိုင္ငံအတြင္း မေက်နပ္မႈ ျပင္းထန္ေနတယ္လို႔ သိရပါတယ္။ Apple ကုိ ဘယ္ေလာက္ထိ တင္းေနသလဲဆိုရင္ App ေတြ ဖယ္ရွားလို႔ အားမရေသးရင္ အြန္လိုင္းက တရားမဝင္ ေလာင္းကစားဝိုင္းေတြ လိုက္ပိတ္၊ လိုက္တရားစြဲပါလားလို႔ ေျပာေနၾကတဲ့အထိ အေျခအေန ဆိုးေနတာပါ။

Apple Store Hong Kong

ေနာက္တစ္ခ်က္က တရုတ္အာဏာပိုင္နဲ႔ ပတ္သက္လို႔လည္း Apple မ်က္မုန္းက်ိဳး ခံေနရတာလည္း ပါပါတယ္။ ဘာလို႔လဲဆိုရင္ အရင္တစ္လတုန္းက Apps ေတြ VPN ေက်ာ္လို႔မရေအာင္ VPN Services သြားပိတ္ထားခဲ့လို႔ Apple ကို အျမင္တတ္ေနတာပါ။ ဒီတခါ ဖယ္ရွားပစ္လိုက္တဲ့ ေလာင္းကစား Apps နဲ႔ ပတ္သက္လို႔လည္း ကြ်မ္းက်င္သူေတြက သာမန္ျဖစ္စဥ္လို႔ မျမင္ဘဲ အေမရိကန္ေတြ အေနနဲ႔ စီးပြားေရးနဲ႔ ပတ္သက္လာရင္ တရုတ္အစိုးရကို ဘယ္ေလာက္ ဖိအားေပးလို႔ရမလဲ စမ္းသပ္ျဖစ္မယ္လို႔ ေျပာဆိုထားတာ ေတြ႔ရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

တရားမဝင် Apps ပေါင်း ၂၅၀၀၀ ကျော် တရုတ် App Store ကနေ ဖယ်ရှားလိုက်တဲ့ Apple

Apple ကို အရမ်းစည်းကမ်း တင်းကျပ်ပြီး စေ့စပ်လွန်းတဲ့ ကုမ္ပဏီလို့ လူတကာ လက်ခံထားတာပါ။ ဒါကိုမှ တရုတ်တွေ သွားပြီး ကလန်ကဆန် လုပ်လိုက်တယ် ထင်ပါတယ်။ တရုတ် App Store တစ်ခုမှာ လောင်းကစား Apps တွေ ခွင့်မပြုထားမှန်းသိရက်နဲ့ တင်ချင်သလို တင်ထားခဲ့လို့ အမြင်ကတ်ပုဒ်မနဲ့ တရားမဝင် Apps ပေါင်း ၂၅၀၀၀ ကျော် ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။

Apple Store Hong Kong

Apple အနေနဲ့လည်း တရုတ်အစိုးရကိုယ်တိုင် ခွင့်မပြုထားတဲ့ လောင်းကစားကို သူ့ရဲ့ App Store မှာလည်း ခွင့်မပြုနိုင်ဘူးဆိုတဲ့ ပြောကြားချက်နဲ့အညီ App Store အောက်မှာ လာ Tag ထားတဲ့ Lottery နဲ့ Gambling App တွေ ဖယ်ရှားပစ်လိုက်တာပါ။ နောက်ပြီး အခုလို App မျိုး ထပ်တင်လာခဲ့ရင် ထိထိမိမိ အရေးယူသွားမှာဖြစ်သလို App Store ကိုလည်း အမြဲလိုလို လောင်းကစား App တွေ မရှိစေရအောင် ရှာဖွေနေမယ်လို့ ပြောဆိုနေပါတယ်။

Chinese Apple Store (Outside View)

CCTV သတင်းဌာနမှာတော့ App Store မူပိုင်ခွင့်နဲ့ ပတ်သက်လို့ App တစ်ခုတင်ချင်ရင် Apple ချမှတ်ထားတဲ့နည်းလမ်း ဘယ်လို Follow လုပ်ရမလဲဆိုတာ ရေးသားထားတာ တွေ့ရပါတယ်။ ဒါမယ့်လည်း အခုလို ပြတ်သားတဲ့ Apple လုပ်ရပ်ကြောင့် တရုတ်နိုင်ငံအတွင်း မကျေနပ်မှု ပြင်းထန်နေတယ်လို့ သိရပါတယ်။ Apple ကို ဘယ်လောက်ထိ တင်းနေသလဲဆိုရင် App တွေ ဖယ်ရှားလို့ အားမရသေးရင် အွန်လိုင်းက တရားမဝင် လောင်းကစားဝိုင်းတွေ လိုက်ပိတ်၊ လိုက်တရားစွဲပါလားလို့ ပြောနေကြတဲ့အထိ အခြေအနေ ဆိုးနေတာပါ။

Apple Store Hong Kong

နောက်တစ်ချက်က တရုတ်အာဏာပိုင်နဲ့ ပတ်သက်လို့လည်း Apple မျက်မုန်းကျိုး ခံနေရတာလည်း ပါပါတယ်။ ဘာလို့လဲဆိုရင် အရင်တစ်လတုန်းက Apps တွေ VPN ကျော်လို့မရအောင် VPN Services သွားပိတ်ထားခဲ့လို့ Apple ကို အမြင်တတ်နေတာပါ။ ဒီတခါ ဖယ်ရှားပစ်လိုက်တဲ့ လောင်းကစား Apps နဲ့ ပတ်သက်လို့လည်း ကျွမ်းကျင်သူတွေက သာမန်ဖြစ်စဉ်လို့ မမြင်ဘဲ အမေရိကန်တွေ အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်လာရင် တရုတ်အစိုးရကို ဘယ်လောက် ဖိအားပေးလို့ရမလဲ စမ်းသပ်ဖြစ်မယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။

2B (Akhayar)

www.akhayar.com